ခ်စ္သူနဲ႔ လက္တြဲျခင္းက ေဝဒနာကို သက္သာေစႏုိင္ေၾကာင္းေတြ႕ရွိ

ခ်စ္သူနဲ႔ လက္တြဲျခင္းက ေဝဒနာကို သက္သာေစႏုိင္ေၾကာင္းေတြ႕ရွိ

ခ်စ္ခင္ျမတ္ႏုိးမႈနဲ႔ ဂရုစုိက္ျခင္းတုိ႔ကို ျပသတာဟာ ကိုယ့္အနီးက လူေတြကို ကိုယ့္ဘဝအတြက္ ဘယ္ေလာက္အေရးပါေၾကာင္း ျပသတာျဖစ္သလို ခက္ခဲတဲ့ျပႆနာေတြ ရင္ဆုိင္ေနရခ်ိန္၊ ဖ်ားနာေနခ်ိန္ သုိ႔ ေဝဒနာခံစားေနရခ်ိန္ေတြမွာလည္း သက္သာရာရေစတာဟာ ျငင္းဆန္လို႔မရတဲ့ အခ်က္တစ္ခုပါပဲ။ ဒါေပမယ့္ အခုေတာ့ ဒီကိစၥနဲ႔ပတ္သက္လို႔ ရွင္းလင္းခ်က္တစ္ခု ထြက္ေပၚလာခဲ့ပါၿပီ။ မၾကာေသးခင္က ထြက္ေပၚလာခဲ့တဲ့ သိပၸံနည္းက် စမ္းသပ္မႈတစ္ခုမွာ လူသားေတြရဲ႕ အထိအေတြ႕ဟာ အျခားသူေတြအတြက္ ဘာလို႔ သက္သာရာ ရေစတယ္ဆုိတာကို စစ္ေဆးခဲ့ပါတယ္။

ဒီလိုစမ္းသပ္ရာမွာေတာ့ “ကံဆုိးမုိးေမွာင္က်တဲ့အခါ ခ်စ္သူလက္ကို ဆြဲကိုင္ထား” ျခင္းဟာ တကယ္ပဲ ခံစားေနရတဲ့ စိတၱ ကာယေဝဒနာေတြကို သက္သာရာရေစၿပီး နာက်င္မႈကိုပါ ခံႏုိင္ရည္ ပိုရွိေစတယ္လို႔ ရလဒ္က ဆုိပါတယ္။ ခ်စ္ခင္သူေတြရဲ႕အားေပးႏွစ္သိမ့္မႈ၊ ထိေတြ႕မႈေတြဟာ ေဝဒနာကိုသက္သာေစေၾကာင္း ေခတ္အဆက္ဆက္ ေျပာလာခဲ့ေပမယ့္ အခုမွသာ စနစ္တက် စမ္းသပ္ခဲ့ၾကတာလို႔ ဆုိႏုိင္ပါတယ္။

ေျပာခ်င္လြန္းလို႔တုိ႔ လုိအပ္တာက ရုိးသားၿပီး ခ်စ္ခင္မႈပါတဲ့ လူသားတစ္ေယာက္ရဲ႕ ထိေတြ႕မႈပါပဲ။ လူသား ေတြရဲ႕ ထိေတြ႕မႈကေပးႏုိင္တဲ့ စြမ္းအားကို သုေတသနလုပ္ေနတဲ့ စိတၱေဗဒပညာရွင္ တစ္ဦးျဖစ္သူ ဂိုးစတိန္းဟာ ဒီအေတြ႕အၾကဳံကို သူ႕သမီးေလးကို ေမြးဖြားေနခ်ိန္ သူ႕ဇနီးကို အားေပးမိရာမွ စတင္ေတြ႕ရွိခဲ့ၿပီး ေနာက္ပုိင္းမွာ တစ္ႏွစ္အတြင္း စုံတြဲေပါင္း ၂၀ ေက်ာ္ကို သုေတသနျပဳလုပ္စမ္းသပ္ခဲ့ပါတယ္။

သုေတသနရလဒ္မွာေတာ့ လက္ကုိင္ထားရုံတင္မကဘဲ ခ်စ္ခင္ရသူနဲ႔ နီးနီးကပ္ကပ္ ရွိေနရုံနဲ႔ေတာင္ မီးဖြားေနတဲ့ မိန္းမရဲ႕ ဦးေႏွာက္ထဲမွ ထုတ္လုပ္ေပးတဲ့ လွ်ပ္စစ္လႈိင္းေတြဟာ ပုိၿပီး တည္ျငိမ္လာတယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ စုံတြဲေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ထိေတြ႕ျခင္းဟာ နာက်င္မႈေဝဒနာကို ခံစားေနရျခင္းအား ေႏွာင့္ယွက္သက္သာေစတယ္လို႔ ေတြ႕ရွိခဲ့တယ္။

ဒါဆုိရင္ ေျပာခ်င္လြန္းလုိ႔ ပရိသတ္ေတြအေနနဲ႔လည္း ခ်စ္သူ ေဝဒနာခံစားေနရခ်ိန္မွာ လက္ကေလးကို ဆြဲကိုင္အားေပးဖို႔ ဝန္မေလးၾကပါနဲ႔ေနာ္။ ေဝဒနာခံစားေနရတဲ့ ခ်စ္သူအတြက္ ပုိၿပီး ဂရုဏာသက္ေၾကာင္း ျပသရင္း ထိေတြ႕ျခင္းဟာ ေဝဒနာကို ထိေရာက္စြာ သက္သာေစတယ္လို႔လည္း သုေတသနရလဒ္က ဆုိထားပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ချစ်ခင်မြတ်နိုးမှုနဲ့ ဂရုစိုက်ခြင်းတို့ကို ပြသတာဟာ ကိုယ့်အနီးက လူတွေကို ကိုယ့်ဘဝအတွက် ဘယ်လောက်အရေးပါကြောင်း ပြသတာဖြစ်သလို ခက်ခဲတဲ့ပြဿနာတွေ ရင်ဆိုင်နေရချိန်၊ ဖျားနာနေချိန် သို့ ဝေဒနာခံစားနေရချိန်တွေမှာလည်း သက်သာရာရစေတာဟာ ငြင်းဆန်လို့မရတဲ့ အချက်တစ်ခုပါပဲ။ ဒါပေမယ့် အခုတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ရှင်းလင်းချက်တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ မကြာသေးခင်က ထွက်ပေါ်လာခဲ့တဲ့ သိပ္ပံနည်းကျ စမ်းသပ်မှုတစ်ခုမှာ လူသားတွေရဲ့ အထိအတွေ့ဟာ အခြားသူတွေအတွက် ဘာလို့ သက်သာရာ ရစေတယ်ဆိုတာကို စစ်ဆေးခဲ့ပါတယ်။

ဒီလိုစမ်းသပ်ရာမှာတော့ “ကံဆိုးမိုးမှောင်ကျတဲ့အခါ ချစ်သူလက်ကို ဆွဲကိုင်ထား” ခြင်းဟာ တကယ်ပဲ ခံစားနေရတဲ့ စိတ္တ ကာယဝေဒနာတွေကို သက်သာရာရစေပြီး နာကျင်မှုကိုပါ ခံနိုင်ရည် ပိုရှိစေတယ်လို့ ရလဒ်က ဆိုပါတယ်။ ချစ်ခင်သူတွေရဲ့အားပေးနှစ်သိမ့်မှု၊ ထိတွေ့မှုတွေဟာ ဝေဒနာကိုသက်သာစေကြောင်း ခေတ်အဆက်ဆက် ပြောလာခဲ့ပေမယ့် အခုမှသာ စနစ်တကျ စမ်းသပ်ခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။

ပြောချင်လွန်းလို့တို့ လိုအပ်တာက ရိုးသားပြီး ချစ်ခင်မှုပါတဲ့ လူသားတစ်ယောက်ရဲ့ ထိတွေ့မှုပါပဲ။ လူသား တွေရဲ့ ထိတွေ့မှုကပေးနိုင်တဲ့ စွမ်းအားကို သုတေသနလုပ်နေတဲ့ စိတ္တဗေဒပညာရှင် တစ်ဦးဖြစ်သူ ဂိုးစတိန်းဟာ ဒီအတွေ့အကြုံကို သူ့သမီးလေးကို မွေးဖွားနေချိန် သူ့ဇနီးကို အားပေးမိရာမှ စတင်တွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ တစ်နှစ်အတွင်း စုံတွဲပေါင်း ၂၀ ကျော်ကို သုတေသနပြုလုပ်စမ်းသပ်ခဲ့ပါတယ်။

သုတေသနရလဒ်မှာတော့ လက်ကိုင်ထားရုံတင်မကဘဲ ချစ်ခင်ရသူနဲ့ နီးနီးကပ်ကပ် ရှိနေရုံနဲ့တောင် မီးဖွားနေတဲ့ မိန်းမရဲ့ ဦးနှောက်ထဲမှ ထုတ်လုပ်ပေးတဲ့ လျှပ်စစ်လှိုင်းတွေဟာ ပိုပြီး တည်ငြိမ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ခြင်းဟာ နာကျင်မှုဝေဒနာကို ခံစားနေရခြင်းအား နှောင့်ယှက်သက်သာစေတယ်လို့ တွေ့ရှိခဲ့တယ်။

ဒါဆိုရင် ပြောချင်လွန်းလို့ ပရိသတ်တွေအနေနဲ့လည်း ချစ်သူ ဝေဒနာခံစားနေရချိန်မှာ လက်ကလေးကို ဆွဲကိုင်အားပေးဖို့ ဝန်မလေးကြပါနဲ့နော်။ ဝေဒနာခံစားနေရတဲ့ ချစ်သူအတွက် ပိုပြီး ဂရုဏာသက်ကြောင်း ပြသရင်း ထိတွေ့ခြင်းဟာ ဝေဒနာကို ထိရောက်စွာ သက်သာစေတယ်လို့လည်း သုတေသနရလဒ်က ဆိုထားပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.