PUBG ဂိမ်းထဲကလို PreWedding ရိုက်ခဲ့တဲ့ မြန်မာပြည်က စုံတွဲ

PUBG ဂိမ်းထဲကလို PreWedding ရိုက်ခဲ့တဲ့ မြန်မာပြည်က စုံတွဲ

Global မှာတင်မကပဲ မြန်မာနိုင်ငံမှာပါ ကစားသူအများအပြားဖြစ်နေတဲ့ Global Top 1 ဂိမ်း PlayUnknownBattleGroung(PUBG) ကိုတော့ ဂိမ်းကစားတဲ့ သူတော်တော်များများ ရင်းနှီးကြမှာပါ။ Survival ဂိမ်းအမျိုးအစားဖြစ်ပြီး အဖွဲ့လိုက် စိတ်လှုပ်ရှားစရာကောင်းလောက်အောင် ဆော့ရတဲ့ ဂိမ်းဖြစ်တာကြောင့် တကမ္ဘာလုံးမှာ ခေတ်စားနေတာလည်း ဖြစ်ပါတယ်။ ဒီလိုခေတ်စားလာတဲ့ အလျောက် PUBG ဂိမ်းရဲ့ Trends တွေကတော့ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။ ယခုမှာလည်း မြန်မာနိုင်ငံမှာ PUBG ဂိမ်းထဲက ဇာတ်ကောင်တွေလိုမျိုး ဝတ်ဆင်ပြီး ထူးထူးခြားခြား Pre Wedding ရိုက်ထားတဲ့ စုံတွဲကတော့ Social Media ပေါ်မှာ နာမည်ကြီးနေတာ ဖြစ်ပါတယ်။

Cosplay တွေမှာလည်း PUBG ဂိမ်းထဲကလို ပုံစံမျိုး ခေတ်စားလာပြီး Tik Tok မှာလည်း PUBG ဂိမ်းထဲကလို ဇာတ်ကောင်အဝတ်အစားတွေ ဝတ်ပြီး ဆော့လာကြတာကို တွေ့ရပါတယ်။ Social Media တွေပေါ်မှာလည်း PUBG ဂိမ်းကို နှစ်သက်အားပေးတဲ့သူ အများအပြားရှိသလို ဂိမ်းထဲကအတိုင်း ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ ရိုက်ပြီး တင်တဲ့သူတွေ ရှိပါတယ်။ ယခုနောက်ဆုံးမှာတော့ PUBG ဂိမ်းထဲကအတိုင်း Pre Wedding ဓါတ်ပုံတွေတောင် ရိုက်လာကြပြီ ဖြစ်ပါတယ်။

PUBG ကတော့ ယောကျာ်းလေးရော မိန်းကလေးပါ ကြိုက်နှစ်သက်ကြတဲ့ ဂိမ်းဖြစ်တာကြောင့် ဂိမ်းဆော့ရင်း ဖူးစာစုံသွားတဲ့သူတွေလည်း ရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း PUBG ဂိမ်းက ခေတ်စားလာတဲ့အလျောက် သူ့ရဲ့ပုံရိပ်ကလည်း ကြီးမားလာပါတယ်။ ချစ်သူစုံတွဲတွေကြားမှာတောင် ဒီဂိမ်းရဲ့ ပုံရိပ်က လွှမ်းမိုးလာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စုံတွဲတတွဲကတော့ PUBG ဂိမ်းထဲက ဇာတ်ကောင်တွေအတိုင်း Pre Wedding ဓါတ်ပုံတွေ ရိုက်ထားတာကတော့ တော်တော်လေးကို ချစ်စရာကောင်းသလို အမြင်လည်း ဆန်းနေတာ ဖြစ်ပါတယ်။ PUBG ဇနီးမောင်နှံရဲ့ ဂိမ်းဆန်ဆန်ရိုက်ထားတဲ့ Pre Wedding ဓါတ်ပုံတွေကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photo Credit;Phoe Thant Zin

Comments are closed.