နှလုံးမှာအပေါက်ပါတဲ့ သမီးလေးအကြောင်း ပြောပြခဲ့တဲ့ အံ့မင်းညို
နှလုံးမှာအပေါက်ပါတဲ့ သမီးလေးအကြောင်း ပြောပြခဲ့တဲ့ အံ့မင်းညို
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
[UNICODE FONT]
တခေတ်တခါတုန်းကတော့ ရုပ်ရှင်တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် အံ့မင်းညိုကိုတော့ မြန်မာရုပ်ရှင်ကြည့်တဲ့ ပရိသတ်တော်တော်များများ သိကြမယ် ထင်ပါတယ်။ လက်ရှိမှာတော့ မြန်မာဗီဒီယို ဈေးကွက်ပျက်နေတာကြောင့် ဇာတ်ပို့ဇာတ်ရံတော်တော်များများကတော့ အလုပ်ပါးလာကြပြီး စီးပွားရေးအခြေအနေ အဆင်မပြေဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စီးပွားရေး မပြေမလည်ဖြစ်နေတဲ့အထဲမှာတော့ သရုပ်ဆောင် အံ့မင်းညိုတယောက် လည်းပါပါတယ်။ ပြီးတော့ သူ့မှာ သမီးလေး ၂ ယောက်ရှိပြီး သမီးကြီးလေးကတော့ ကျန်းမာရေးအခြေအနေကြောင့် သူကြိုးစားပြီး ကုနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အံ့မင်းညိုကတော့ သမီးလေးအကြောင်းကို မျက်ရည်များနဲ့ ဝမ်းနည်းစွာ ပြောကြားသွား ခဲ့ပါတယ်။
အံ့မင်းညိုကတော့ MC နဲ့ အင်တာဗျူးတွင် “သမီးလေးကတော့ ၂ ယောက်ရှိပါတယ်။ ၂ နှစ်တယောက်နဲ့ ၇ နှစ်တယောက်ပါ။ သူတို့က ကျွန်တော်မရှိရင် မရတဲ့သူတွေ။ အကြီးမကတော့ မွေးတုန်းက ၇ လလောက်နဲ့ မွေး။ နှလုံးမှာ အပေါက် ၃ ပေါက်ပါလာတယ်။ မျက်လုံးတလုံးကတော့ သူ မမြင်ရပါဘူး။ ဝါးတားတား ဖြစ်နေတာပေါ့။ ဒါပေမယ့်သူက ဦးနှောက်ကတော့ အရမ်းကောင်းတယ်။ သူ့ကိုလိမ်လို့လည်း မရဘူး။ သူ့အတွက်ကတော့ လူပျိုဘဝကတည်းက ရှာထားတဲ့ဟာတွေကတော့ ကုန်ပြီပေါ့။ ကျောက်မြောင်းက အိမ်ရော တညင်ကဝယ်ထားတဲ့ အိမ်ရော ရောင်းပြီးတော့ သူ့ကို ကုထားပေးတာပါ။
ကျွန်တော်လည်း ဖုတ်ကာသီကာကျတော့ ဒီလိုအခြေအနေရောက်လာတာပါ။ ကျွန်တော့်ဖက်ကတော့ သူ့ကိုကောင်းဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့တာပါပဲ။ သူ့ကိုကျွေးခဲ့တဲ့ နို့မှုန့်တောင်မှ ကျွန်တော် စင်ကာပူကနေ တပတ်မှာ ၂ ထုတ်မှာကျွေးခဲ့တယ်။ ကျွန်တော်သူ့ကို အဲ့လိုမျိုးကျွေးခဲ့တာပေါ့။ ကိုယ့်ဖက်ကတော့ ကိုယ်အသက်ရှင်နေသ၍ နှာခေါင်းပေါက်က လေရူနေသ၍သူ့ကို အစွမ်းကုန်တော့ ကုမှာပဲ။ ဘယ်လိုပဲ ဖြစ်နေဖြစ်နေပါ။ သူ့ကိုမွေးတုန်းက ကိုယ်က ကလောမှာ ရုပ်ရှင်သွားရိုက်နေတယ်။ သူဒီထက်ကောင်းတဲ့နေရာမှာ အရင်ကတည်းက ကုနိုင်ခဲ့ရင် သူ့ဘဝလေး ဒီထက်ပိုကောင်းလာနိုင်ပါတယ်။
အခုချိန်ကျမှတော့ သိန်း ၃၀၀၊ ၄၀၀ လောက် ပုံပေးပြီး ကုရမယ်ဆိုရင်တော့ ကိုယ်ကလည်း မပေးနိုင်ဘူးလေ။ ကိုယ်ကတော့ သူ့ကိုကုခဲ့တာ ဆယ်ဂဏန်း ရာ ဂဏန်းလောက်တော့ ရှိတာပေါ့။ ဒါတောင် ဖြည်းဖြည်းချင်းကုနေတာပါ။ သိန်း သုံးလေးရာလောက်ပေးပြီး ကုမယ်ဆိုရင်တော့ သူက ပကတိကောင်းလာနိုင်ပါတယ်။ အခုကတော့ မြန်မာဆေးလေးတွေနဲ့ ကုနေတေ့ာ နှလုံးလေးက နည်းနည်းတော့ ပိတ်လာပြီ။ ကိုယ့်သားသမီးလေး ဒီလိုဖြစ်လာတဲ့အချိန်မှာ ဘယ်မိဘမဆို စိတ်တော့မကောင်း ဖြစ်မှာပေါ့။ သူ့ကို စမြင်တဲ့အချိန်မှာ ဘီယာပုလင်းလေးလောက်ပဲ ရှိတယ်ဗျာ။ အဲ့လိုမျိုးဆိုတော့ တကယ်ကို ဝမ်းနည်းတယ်။ ဘယ်လိုဖြစ်တာလဲပေ့ါ။ စတွေ့တဲ့အချိန်ကတည်းက ကျွန်တော်မခံစားနိုင်ခဲ့ဘူး။ အခုချိန်ထိလည်း သူဒီလိုလေးဖြစ်နေတာကို လက်မခံနိုင်သေးဘူး။ သူ့ဘဝက အရမ်းသနားဖို့ ကောင်းပါတယ်။
Comments are closed.