ငွေကျပ်သိန်း (၅၀) နဲ့ အာမခံရရှိသွားတဲ့ သရုပ်ဆောင် ဝေဠုကျော်

ငွေကျပ်သိန်း (၅၀) နဲ့ အာမခံရရှိသွားတဲ့ သရုပ်ဆောင် ဝေဠုကျော်

အလှမယ် သင်းသင်းရဲ့ လျှောက်ထားမှု အရ ပထမဆုံး ရုံးချိန်းကို ဇန်နဝါရီ(၂၂) ရက်နေ့ ချိန်းဆိုခဲ့တာကြောင့် ဒီနေ့ ပထမဆုံး ရုံးချိန်းကို သရုပ်ဆောင် ဝေဠုကျော်က တက်ရောက်ခဲ့ပါတယ်။

အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇)နဲ့ ဇန်နဝါရီ(၈)ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ခဲ့ပါတယ်။ အလှမယ် သင်းသင်းရဲ့ လျှောက်ထားမှု အရ ပထမဆုံး ရုံးချိန်းကို ဇန်နဝါရီ(၂၂) ရက်နေ့ ချိန်းဆိုခဲ့တာကြောင့် ဒီနေ့ ပထမဆုံး ရုံးချိန်းကို သရုပ်ဆောင် ဝေဠုကျော်က တက်ရောက်ခဲ့ပါတယ်။

ပထမဆုံး ရုံးချိန်းမှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း (၅၀) နဲ့ အာမခံရယူသွားတယ်လို့ သိရပါတယ်။ အာမခံ ရယူခြင်းနဲ့ ပတ်သက်လို့ အလှမယ် သင်းသင်းဘက်က ရှေ့နေ့ဖြစ်တဲ့ ဦးရောဘက်ဆန်းအောင်က ယခုလို ပြောပြခဲ့ပါတယ်။“သိန်း(၅၀)နဲ့ အာမခံတာ ခံလို့ရပါတယ်။ ကိုဝေဠုကျော်က ဒီနေ့ အာမခံလျှောက်တယ်။ အဲ့ဒါကြောင့် အာမခံပေးတယ်။ အာမခံပေးရမယ့် အမှုမို့လို့ တရားရုံးက ပေးတယ်။ ဒါမှန်ကန်တယ်။ “ ဆိုပြီး ဒီနေ့ ရုံးချိန်းမှာ မီဒီယာတွေကို ဖြေဆိုပေးခဲ့ပါတယ်။

တရားစွဲဆိုသူ အလှမယ် သင်းသင်းနဲ့စွဲဆိုခြင်း ခံရတဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက ဖေဖော်ဝါရီ(၅) ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit-Cele Yatkwat

[UNICODE FONT]






Credit-Cele Yatkwat

Comments are closed.