ကွယ်လွန်သွားတဲ့ ကင်းကောင်နဲ့ အမှတ်တရလေးတွေကို ဝမ်းနည်းဖွယ်ရေးထားတဲ့ စိုးမြတ်သူဇာတို့ မိခင် စိုးကြည်ဖြူ
ကွယ်လွန်သွားတဲ့ ကင်းကောင်နဲ့ အမှတ်တရလေးတွေကို ဝမ်းနည်းဖွယ်ရေးထားတဲ့ စိုးမြတ်သူဇာတို့ မိခင် စိုးကြည်ဖြူ
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Credit – MomoLay
[UNICODE FONT]
နိုင်ငံကျော် ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ တို့ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော် အနုပညာရှင်တွေပါ။ဒီတစ်ခါမှာတော့ ဒီနေ့မနက်မှာ ကွယ်လွန်သွားတဲ့ ဇာတ်ပို့သရုပ်ဆောင် ကင်းကောင် နဲ့ ပတ်သက်ပြီး စိုးမြတ်သူဇာ တို့ ရဲ့ မိခင်ကြီး ဒေါ်စိုးကြည်ဖြူ က ကင်းကောင် နဲ့ သူမရဲ့ အမှတ်တရ များကို ဝန်းနည်းဖွယ်ရေးထားတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဒေါ်စိုးကြည်ဖြူ ရေးထားတဲ့ စာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒေါ်စိုးကြည်ဖြူ က ” တစ်ချိန်က သမီးတွေရုပ်ရှင်ရိုက်တဲ့နောက်တကောက်ကောက်လိုက်ရင်း ကိုကင်းတို့တွေနဲ့ပျော်ရှ ွင်ခဲ့တာတွေသတိရမိတယ်။အင်မတန်သဘောကောင်းသလို အားလုံးကိုပျော်ရှ ွင်စေခဲ့သူပါ။အိုက်တင်မှာလဲသူကတဘာသာထိုးထွက်သူပါ။
သူအိုက်တင်လုပ်ရင်ကို ရီနေရတဲ့အနုပညာရှင်ကြီးပါ။ကိုကင်းရေ,ဂျပန်မှာရုပ်ရှင်ရိုက်ရင်းပျော်ခဲ့ကြတာတွေသတိရမိတယ်။ဂျပန်က မြန်မာသွားဆရာဝန်ဆီမှာ ရုပ်ရှင်တစ်ဖွဲ့လုံးသွားတွေပြုပြင်ခဲ့ကြတာလေ။မှတ်မိသေးတယ်,ကွမ်းစားလွန်းတဲ့ကိုကင်းသွားလေးတွေ ဖြူဖွေးသွားတာလေ။နောက်ထပ်ကွမ်းမစားနဲ့တော့နော်လို့တောင် တိုက်တွန်းခဲ့မိသေးတယ်။ တစ်လခွဲကြာတဲ့ ဂျပန်ပြည်ခရီးစဉ်မှာ အိမ်ကိုလွမ်းကြတော့ ညဖက်ကြီး………အိမ်ဘေးကပင်လယ်ကမ်းစပ်မှာ ငယ်သံပါအောင် အိမ်ကို လှမ်းအော်ပြီးလွမ်းခဲ့ကြသေးတာနော်။လွမ်းလွမ်းနဲ့ရီမောခဲ့ကြရတာအူတက်တယ်။အခုချိန်မှာလဲ ကိုကင်းပါတဲ့ရုပ်ရှင်ကားလေးတွေမြင်ရင် ကြည့်ပြီးရယ်မောနေသေးတာပါပဲ။ ကိုကင်းလိုမျိုးဆင်တူအိုက်တင်လုပ်တဲ့ မင်းသားနှစ်ယောက်ကားတွေလာရင်လဲ တူလိုက်တာဆိုပြီး အန်တီကြည်တို့စုံတွဲက သဘောကျအားပေးတာပါပဲ။ အထူးသဖြင့် အန်ကယ်ကြီးက ကိုကင်းအိုက်တင်ကို အရမ်းသဘောကျခဲ့တာ။ခုတော့သွားပေအုန်းတော့ကိုကင်းရေ…………မွေးကတဲက ဘယ်အချိန်သံသရာခရီးဆက်ထွက်ရမယ်ဆိုတာသတ်မှတ်ပြီးသားပါ။ ကိုကင်းရဲ့မိသားစုနဲ့အတူ အထူး နှမြောဝမ်းနည်းမိပါတယ်။မြင့်မြတ်တဲ့ဘုံဘဝမှာစံမြန်းနိုင်ပါစေကိုကင်းရေ။ အန်ကယ်,အန်တီကြည်,စိုးစိုး ဒါဒါမိသားစု” ဆိုပြီး ရေးထားတာပါ။
သူမက သူ့ရဲ့ သမီးတွေ ရုပ်ရှင် ရိုက်တဲ့နောက်လိုက်ရင်း ကင်းကောင်နဲ့ အမှတ်တရ များကို ရေးထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ။
သရုပ်ဆောင် စိုးမြတ်သူဇာ တို့မိခင် ဒေါ်စိုးကြည်ဖြူ က ကွယ်လွန်သူ ကင်းကောင် အတွက် ဝမ်းနည်းကြောင်းနဲ့ အမှတ်တရ လေးတွေအကြောင်း ပြောထားတာလေးကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Comments are closed.