မင်္ဂလာသတင်းက လောလောဆယ်မှာ စောင့်ရဦးမယ်ဆိုတဲ့ နေတိုး
မင်္ဂလာသတင်းက လောလောဆယ်မှာ စောင့်ရဦးမယ်ဆိုတဲ့ နေတိုး
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
[UNICODE FONT]
လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အအောင်မြင်ဆုံးမင်းသားတစ်လတ်ဖြစ်သလို ပရိသတ်အားပေးမှု အများအပြားရရှိနေတာ နိုင်ငံကျော် ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်တွေက သူ့ရဲ့ အချေစ်ရေး နှလုံးသားကိစ္စကို အရမ်းစိတ်ဝင်စားကြတယ်ဆိုတာကို နားလည်တယ်လို့ ပြောသွားခဲ့ပါတယ်။
အချစ်ရေးနဲ့ ပတ်သက်ပြီး နေတိုးက “တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူဘူးပေါ့နော်။ မင်္ဂလာသတင်းကတော့ လောလောဆယ်မှာတော့ ကျွန်တော့်အနေနဲ့ တိတိကျကျပေါ့နော် ပရိသတ်ကို ဖွင့်ဟဖို့အတွက်ကတော့ အချိန်အခါတစ်ခုကတော့ ထပ်စောင့်ရမယ်ပေါ့။ဆိုတော့ ပရိသတ်တွေ ကြားချင်တဲ့ သတင်းတွေကတော့ ကြားဖို့အချိန်တစ်ခု ရောက်လာတဲ့အချိန်မှာတော့ ကြားရမယ်လို့။ ကြားရမှာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော့်အနေနဲ့လည်း ဒီအနုပညာနဲ့ ပတ်သက်ပြီးတော့ အလုပ်လုပ်နေတဲ့ အချိန်မျိုးမှာ ကိုယ့်ရဲ့ ဘဝဖြတ်သန်းမှုအရ ကိုယ့်ရဲ့ အချိန်အခါတစ်ခုအပေါ်မှာ နှလုံးသားရေးရာနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲ ကျွန်တော့်ကို စိတ်ဝင်စားကြတယ် သိချင်ကြတဲ့ အပေါ်မှာလည်း နားလည်ပါတယ်။ ပရိသတ်ကို တိကျသေချာတဲ့ သေချာတဲ့ အကြောင်းအရာတစ်ခု အဖြေတစ်ခုပေးနိုင်တဲ့ အခါကျမှပဲ ကျွန်တော်ဖွင့်ပြောချင်ပါတယ်ဗျ။”လို့ ပြောသွားခဲ့ပါတယ်။
မုန်းစွဲရုပ်ရှင်ကားက အရမ်းကိုအောင်မြင်တာနဲ့ ပတ်သက်ပြီးတော့လည်း”သူက ထူးခြားတဲ့ ဇာတ်လမ်းပေါ့နော် တကယ်လည်း True Story ဖြစ်တယ် နောက်ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေအတွက်ရော လူသားတွေ အားလုံးအတွက်ပေါ့နော် ဒီအစွဲအလန်းတစ်ခုက ဘယ်လောက်အထိ ကြောက်စရာကောင်းလဲဆိုတာကို ရုပ်ရှင်ဆန်ဆန်လဲ တင်ပြနိုင်ခဲ့တယ်။ တကယ်လည်း ကျွန်တော်တို့ ရိုက်ကူးတဲ့သူရော ထုတ်လုပ်တဲ့ သူရော စေတနာတွေ အများကြီးနဲ့ ကျွန်တော်တို့ ရိုက်ကူးထားတဲ့ အတွက်ကြောင်မို့လို့ စေတနာအကျိုးပြန်ပေးတယ်လို့တော့ မြင်ပါတယ်ဗျ။ ကျွန်တော်တို့ ပုံမှန်ရိုက်ကူးနေကျဇာတ်ကားတွေနဲ့ ကွဲထွက်က တစ်ကြောင်း နောက်ပြီးတော့ အကြောင်းအရာမျိုးစုံပေါ့နော် တိုက်ဆိုင်လာတာကြောင့် ဒီကားရဲ့ အောင်မြင်မှုအရှိန်က ပိုကြီးသွားတယ်လို့လဲ သုံးသပ် မိပါတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ အခုလို ၁၀ပတ်မြောက်ခဲ့တဲ့အတွက်လည်း ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးရဲ့ လက်ရှိ Digital Cinema ခေတ်မှာပေါ့နော် ကျွန်တော်တို့က ၁၀ပတ်မြောက် ပြသနိုင်ခဲ့တဲ့အတွက်ကြောင့်လည်း ဂုဏ်ယူမိပါတယ်လို့ပြောချင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ကိုယ်ရဲ့ စိတ်ကိုတည်ငြိမ်အောက် ဘယ်လိုလုပ်ဖြစ်လဲလို့မေးမြန်းရာ “လူဆိုတာက မွေးဖွားခြင်းနဲ့သေဆုံးခြင်းပေါ့နော် ဒီနှစ်ခုရဲ့ ကြားထဲမှာသာ တာဝန်ကျေအောင် ကြိုးစားရမယ် နောက်ပြီးတော့ လူဖြစ်ပြီးတော့ လူဖြစ်ရကျိုးနပ်ရမယ့် အကြောင်းအရာတွေ ရှိတယ်ပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့က သံယောဇဉ်တွေဆိုတာကတော့ဘကျွန်တော်တို့က အစွဲများလေ ကိုယ့်ရဲ့သံယောဇဉ်များလေ ပူလောင်မှုများလေပေါ့။ ဆိုတော့ ဒီဟာတွေကလည်း ကျွန်တော်တို့က ဒီဘာသာရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့က လူ့ဘဝကို ဖြတ်သန်းတဲ့ အချိန်မှာ ဒီဟာတွေကို မသိထားလို့ မရဘူး။ မကျင့်သုံးလို့လဲ မရဘူး ဆိုတော့ လူ့ဘဝဆိုတာကိုက ပူလောင်တယ်ဆိုတော့ အေးချမ်းမှုကို ကျွန်တော်တို့ ရှာတွေ့ဖို့ လိုတယ်ဆိုတော့ စိတ်ကို အေးချမ်းအောင် ထားနိုင်တဲ့ စိတ်ခံစားမှု နောက်ပြီးတော့ စိတ်ရဲ့ ကျင့်စဉ်တွေကိုလည်း ဗုဒ္ဓက လမ်းပြပေးခဲ့တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်တို့သည် ဘယ်လိုပဲ ပူဆွေးသောကတွေ ရောက်လာပါစေရောက်လာတဲ့ အချိန်မှာ ကျွန်တော်တို့က ဒီလိုပူဆွေးသောကတွေကို ကိုယ်က တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်အောင် ကြိုးစားဖြစ်တယ်ပေါ့။ အဲ့လိုကြိုးစားဖြစ်တဲ့ အချိန်မှာ နည်းလမ်းမှန်ခဲ့တယ်လို့တော့ ကျွန်တော် မြင်မိပါတယ်။
မင်းသွေးအခုလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်းတာက တ်ကဏ္ဍပေါ့နော် ဒါပေမဲ့လည်း ဒီစိတ်မကောင်းခြင်း ပူဆွေးသောကတွေကို ကျွန်တော်တို့ ဖြေသိမ့်ပြီးတော့မှ လူ့ဘဝရဲ့ သင်္ခါရတရားတစ်ခုကို သိမြင်နိုင်တဲ့စိတ်က သပ်သပ်ပေါ့။ ဒီလိုမျိုး ကိုယ့်ညီအစ်ကိုမောင်နှမတွေကို ပရိသတ်တွေလည်း အားပေးတယ် နောက်ပြီးတော့ တကယ်လည်း ကိုယ်နဲ့ အနီးကပ်ဆုံးနေရတဲ့ ကိုယ်ညီတစ်ယောက် ဆုံးရှုံးမှုအပေါ်မှာ ဝမ်းနည်း ပေမယ့် သဘာဝတရား သင်္ခါရတရားတစ်ခုပေါ်မှာ သံဝေဂရပြီးတော့ ဒီသံဝေဂစိတ်ကိုပဲ ပြန်ပြီးတော့ သမာဓိဖြစ်အောင် ကြိုးစားရင်းနဲ့ အခုလိုမျိုး တည်တည်ငြိမ်ငြိမ်ဖြတ်သန်း နိုင်ခဲ့တယ်လို့တော့ ပြောလို့ရပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
Comments are closed.