လူသိန္းခ်ီျပီး အမွာစာပုိ႔ခဲ့ၾကတဲ့ နည္းပညာပစၥည္း (သုိ႔မဟုတ္) စမတ္ကြန္ဒုံး

လူသိန္းခ်ီျပီး အမွာစာပုိ႔ခဲ့ၾကတဲ့ နည္းပညာပစၥည္း (သုိ႔မဟုတ္) စမတ္ကြန္ဒုံး

MWC2017 က်င္းပေနခဲ့တဲ့ အခ်ိန္အတြင္းမွာ ပဲ လူေပါင္း သိန္းခ်ီျပီးအမွာစာ ပုိ႔ခဲ့ၾကတဲ့အျပင္ စိတ္၀င္တစား မွာၾကားခဲ့တဲ့ နည္းပညာပစၥည္းတစ္ခု ရွိခဲ့ပါတယ္။ အဲဒါက Samsung S8 လည္း မဟုတ္သလုိ Apple iPhone 8 လည္း မဟုတ္ခဲ့ပါဘူး

British Condoms ရဲ႕ သိပၸံပညာရွင္ေတြ တီထြင္ ထုတ္လုပ္ခဲ့တဲ့ စမတ္ကြန္ဒုံး တစ္ခု သာ ျဖစ္ခဲ့ပါတယ္။ Wearable Technology လုိ႔ ေခၚဆုိလုိ႔ရႏုိင္တဲ့ စမတ္ကြန္ဒုံး ကုိ ေဒၚလာ ၆၀ နဲ႔ အခု ႏွစ္ မွာ စတင္ေရာင္းခ်မယ္လုိ႔ ဆုိပါတယ္။ အဲဒီ စမတ္ကြန္ဒုံးကုိ nano-chip နဲ႔ ျပဳလုပ္ထားျပီး ဘလူးတု နည္းပညာ သုံးစဲြထားတယ္ လုိ႔ ဆုိပါတယ္။ စမတ္ဖုန္း App နဲ႔ ထိန္းခ်ဳပ္လုိ႔ရရွိႏုိင္ျပီး လက္စြပ္ကြင္းပုံစံ တည္ေဆာက္ထားတယ္ လုိ႔ ဆုိပါတယ္။

တစ္အားသြင္းထားရင္ ေျခာက္နာရီကေန ရွစ္နာရီ အထိ အသုံးခ်ခံတယ္ လုိ႔ ဆုိပါတယ္။ လုပ္ကုိင္ႏိုင္မႈ စြမ္းရည္ နဲ႔ တျခား လုပ္ေဆာင္ခ်က္ေတြကုိ မေဖာ္ျပထားေပမယ့္ လူမ်ားစြာရဲ႕ စိတ္၀င္စားမႈ ကုိ ရရွိထားတာ ဟာ အမွာစာေတြနဲ႔ သက္ေသျပႏုိင္တယ္ လုိ႔ i-Con ရဲ႕ မိခင္ကုမၸဏီ British Condoms က ဆုိပါတယ္။

Ref: DM

[UNICODE FONT]

MWC2017 ကျင်းပနေခဲ့တဲ့ အချိန်အတွင်းမှာ ပဲ လူပေါင်း သိန်းချီပြီးအမှာစာ ပို့ခဲ့ကြတဲ့အပြင် စိတ်ဝင်တစား မှာကြားခဲ့တဲ့ နည်းပညာပစ္စည်းတစ်ခု ရှိခဲ့ပါတယ်။ အဲဒါက Samsung S8 လည်း မဟုတ်သလို Apple iPhone 8 လည်း မဟုတ်ခဲ့ပါဘူး

British Condoms ရဲ့ သိပ္ပံပညာရှင်တွေ တီထွင် ထုတ်လုပ်ခဲ့တဲ့ စမတ်ကွန်ဒုံး တစ်ခု သာ ဖြစ်ခဲ့ပါတယ်။ Wearable Technology လို့ ခေါ်ဆိုလို့ရနိုင်တဲ့ စမတ်ကွန်ဒုံး ကို ဒေါ်လာ ၆၀ နဲ့ အခု နှစ် မှာ စတင်ရောင်းချမယ်လို့ ဆိုပါတယ်။ အဲဒီ စမတ်ကွန်ဒုံးကို nano-chip နဲ့ ပြုလုပ်ထားပြီး ဘလူးတု နည်းပညာ သုံးစွဲထားတယ် လို့ ဆိုပါတယ်။ စမတ်ဖုန်း App နဲ့ ထိန်းချုပ်လို့ရရှိနိုင်ပြီး လက်စွပ်ကွင်းပုံစံ တည်ဆောက်ထားတယ် လို့ ဆိုပါတယ်။

တစ်အားသွင်းထားရင် ခြောက်နာရီကနေ ရှစ်နာရီ အထိ အသုံးချခံတယ် လို့ ဆိုပါတယ်။ လုပ်ကိုင်နိုင်မှု စွမ်းရည် နဲ့ တခြား လုပ်ဆောင်ချက်တွေကို မဖော်ပြထားပေမယ့် လူများစွာရဲ့ စိတ်ဝင်စားမှု ကို ရရှိထားတာ ဟာ အမှာစာတွေနဲ့ သက်သေပြနိုင်တယ် လို့ i-Con ရဲ့ မိခင်ကုမ္ပဏီ British Condoms က ဆိုပါတယ်။

Ref: DM

Comments are closed.