မွေးရာပါ နှလုံးအပေါက်ပါတဲ့ အံ့မင်းညိုရဲ့သမီးလေးအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ ကူညီသွားမည်

မွေးရာပါ နှလုံးအပေါက်ပါတဲ့ အံ့မင်းညိုရဲ့သမီးလေးအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ ကူညီသွားမည်

ချစ်သုဝေနဲ့ လင်းလင်းတို့ ရဲ့ အမြွှာသမီးလေးတွေဖြစ်ကြတဲ့ ခေတ်နဲ့သစ်ရဲ့ (၂) နှစ်ပြည့်ကို ရည်မှန်းပြီး ခေတ်သစ်ဖောင်ဒေးရှင်းကို ငွေကျပ်သိန်း ၂၀၀ နဲ့ စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ရည်ရွယ်ချက်ကတော့ ကျန်းမာရေးချို့တဲ့သောကလေးတွေအတွက် ရည်ရွယ်ပြီး ကူညီလှူဒါန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်သူ အံ့မင်းညိုရဲ့သမီးလေးဟာ မွေးရာပါ အပေါက် (၃) ပေါက်ပါရှိနေတာကြောင့် ဖခင်ဖြစ်သူ အံ့မင်းညိုက သမီးလေး အသက်ရှုနေသရွေ့ ဒီရောဂါကိုကုသသွားမှာဖြစ်တယ်လို့ မီဒီယာအင်တာဗျူးတစ်ခုမှာဖြေဆိုခဲ့တာဖြစ်ပါတယ်။ ထိုဗီဒီယိုလေးကိုကြည့်ရှုသူအရေအတွက် များသွားခဲ့ပြီး ပရိသတ်တွေက အံ့မင်းညိုရဲ့ဖခင်မေတ္တာနဲ့ သမီးလေးအတွက် ဂရုဏာသက်ဝင်ခဲ့ကြတာပါ။

ပရိသတ်ကြီးရေ ခုဆိုရင်တော့ ပရိသတ်တွေ စိတ်မကောင်းဖြစ်စရာမရှိတော့ပါဘူး ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ အဆိုတော်လင်းလင်းက အံ့မင်းညိုတို့မိသားစုနဲ့တွေ့ဆုံပြီးတော့ အံ့မင်းညိုသမီးလေးရဲ့ ကျန်းမာရေးနဲ့ပတ်သက်တာတွေမှန်သမျှ လိုအပ်တာဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

ဒီအကြောင်းကိုတော့ အဆိုတော်လင်းလင်းက သူ့ရဲ့ လူမှုကွန်ယက်ဖေ့ဘုတ်အကောင့်မှာ ယခုလိုရေးသားထားခဲ့ပါတယ်။

“ကိုအံ့မင်းညိုရဲ့ သမီးလေး မွေးရာပါနှလုံးအပေါက်ပါ ကျန်းမာရေးကိစ္စနှင့်ပတ်သတ်ပြီး ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြင်ဆင်ခါ လုပ်ဖို့လိုအပ်တာမှန်သမျှ ခေတ်သစ်ဖောင်ဒေးရှင်း မှ ဆောင်ရွက်ဖို့ စကားသွားပြောဖြစ်ပါတယ်” လို့ ရေးသားဖော်ပြထားတာပါ။

ဒါဟာ ခေတ်သစ်ဖောင်ဒေးရှင်းရဲ့ ပထမဆုံးလုပ်ဆောင်ချက်တစ်ခုလည်းဖြစ်လာမှာပါ။ ယခုလိုမျိုးကူညီဆောင်ရွက်ပေးနိုင်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ အံ့မင်းညိုရဲ့သမီးလေးအတွက်လည်း ပရိသတ်ကြီးက ဆုမွန်ကောင်းလေးတွေ ပြောခဲ့ပေးကြပါဦးနော်။We Love Cele

Comments are closed.