ဦးကင္းနဲ႔ အမွတ္တရေလးေတြေျပာျပျပီး ဝမ္းနည္းပူေဆြးေနတဲ့ သက္မြန္ျမင့္

ဦးကင္းနဲ႔ အမွတ္တရေလးေတြေျပာျပျပီး ဝမ္းနည္းပူေဆြးေနတဲ့ သက္မြန္ျမင့္

သက္မြန္ကေတာ့ အႏုပညာေလာကထဲကိုေရာက္ရွိလာခဲ့တာ ဆယ္စုႏွစ္တစ္ခုေက်ာ္ခဲ့ပါျပီ။ မိသားစုေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းေနျပီျဖစ္တဲ့ သက္မြန္ျမင့္ကေတာ့ ပရိသတ္ေတြခ်စ္တဲ့ အႏုပညာအလုပ္ကို ဆက္လက္ျပီး လုပ္ကိုင္ေနခဲ့တာပါ။ အႏုပညာေမာင္ႏွမေတြျဖစ္ၾကတဲ့ အႏုပညာၾကယ္ပြင့္ေတြေၾကြလြင့္သြားတုိင္း အနီးကပ္ဆံုးရွိခဲ့ဖူးတဲ့ အႏုပညာရွင္ေတြက ဝမ္းနည္းမွုေတြ ပိုခဲ့ၾကရတာေတာ့ အမွန္ပါပဲ။

ဒီကေန႔ မနက္ပိုင္းမွာ ပရိသတ္ေတြကိုေပ်ာ္ရႊင္ရယ္ေမာေစခဲ့တဲ့ ဟာသသရုပ္ေဆာင္ ကင္းေကာင္တစ္ေယာက္ သူခ်္စတဲ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ေနရင္း ကြယ္လြန္သြားခဲ့ပါတယ္။ ကင္းေကာင္ဟာ ဟာသသရုပ္ေဆာင္ ပီပီ လူခ်စ္လူခင္မ်ားျပီးေတာ့ အႏုပညာရွင္ေတြကိုပါ ေပ်ာ္ရႊင္မွုေတြနဲ႔အတူ စေနာက္မွုေတြ အျမဲဖန္တီးတတ္သူပါ။ သူကြယ္လြန္သြားတဲ့အေပၚမွာေတာ့ အႏုပညာရွင္အေတာ္မ်ားမ်ား ဝမ္းနည္းခဲ့ၾကရပါတယ္။

သက္မြန္ျမင့္ကေတာ့ သူမကို မေျပာင္းလဲဘဲ အျမဲအခ်စ္ေတြေပးတဲ့ ဦးကင္းရဲ႕သတင္းကိုၾကားလိုက္ရတာေၾကာင့္ ရင္ထဲဟာကနဲျဖစ္သြားခဲ့တယ္လို႔ဆိုပါတယ္။

“ဒီမနက္ ႏိုးေတာ့ ဒီသတင္းအရင္ျမင္လိုက္ရတယ္.. ရင္ထဲ ဟာကနဲ!!!ကိုယ္အရမ္းခ်စ္ရတဲ့ ဦးကင္း

ေမာ္ဒယ္ဘဝ အစပိုင္းမွာ ေၾကာ္ျငာတူတူ႐ိုက္ၾကရင္း သူလည္း ကိုယ့္ကို ခ်စ္, ကိုယ္လည္းခ်စ္ ဘယ္ခ်ိန္ေတြ႕ေတြ႕ မေျပာင္းလဲတဲ့ အခ်စ္ေတြနဲ႔ ခ်စ္ေပးတဲ့ ဦးကင္း! တကယ္ဝမ္းနည္းရပါတယ္ ဦးကင္းရယ္…ေကာင္းရာဘုံဘဝေရာက္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္

စိတ္ထားေကာင္းတဲ့သူ ကံေကာင္းတယ္တဲ့.. အရမ္းခ်စ္စရာေကာင္းတဲ့ ဦးကင္း ဒီဘဝထက္သာတဲ့ ဘဝမွာ ေအးခ်မ္းပါေစေနာ္( ၂၀၁၅ ဒီဇင္ဘာက ရႈတင္မွာ တူတူဆုံခဲ့ၾကတာ ေနာက္ဆုံးပဲေနာ္ဟိုတေလာက ဦးဖိုးျဖဴနဲ႔ေတြ႕ေတာ့ ေမးလိုက္ေသးတယ္.. ေနေကာင္းတယ္တဲ့..)” လို႔ စိတ္မေကာင္းစြာနဲ႔ ေရးသားထားခဲ့တာပါ။

ဦးကင္းတစ္ေယာက္ ေကာင္းရာမြန္ရာဘဝကိုေရာက္ရွိသြားပါေစလို႔ ခ်စ္တဲ့ပရိသတ္ၾကီးနဲ႔ ဆုေတာင္းေပးလိုက္ပါတယ္။We Love Cele

Photos-Thet Mon Myint

[Unicode]

သက်မွန်ကတော့ အနုပညာလောကထဲကိုရောက်ရှိလာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေပြီဖြစ်တဲ့ သက်မွန်မြင့်ကတော့ ပရိသတ်တွေချစ်တဲ့ အနုပညာအလုပ်ကို ဆက်လက်ပြီး လုပ်ကိုင်နေခဲ့တာပါ။ အနုပညာမောင်နှမတွေဖြစ်ကြတဲ့ အနုပညာကြယ်ပွင့်တွေကြွေလွင့်သွားတိုင်း အနီးကပ်ဆုံးရှိခဲ့ဖူးတဲ့ အနုပညာရှင်တွေက ဝမ်းနည်းမှုတွေ ပိုခဲ့ကြရတာတော့ အမှန်ပါပဲ။

ဒီကနေ့ မနက်ပိုင်းမှာ ပရိသတ်တွေကိုပျော်ရွှင်ရယ်မောစေခဲ့တဲ့ ဟာသသရုပ်ဆောင် ကင်းကောင်တစ်ယောက် သူချ်စတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေရင်း ကွယ်လွန်သွားခဲ့ပါတယ်။ ကင်းကောင်ဟာ ဟာသသရုပ်ဆောင် ပီပီ လူချစ်လူခင်များပြီးတော့ အနုပညာရှင်တွေကိုပါ ပျော်ရွှင်မှုတွေနဲ့အတူ စနောက်မှုတွေ အမြဲဖန်တီးတတ်သူပါ။ သူကွယ်လွန်သွားတဲ့အပေါ်မှာတော့ အနုပညာရှင်အတော်များများ ဝမ်းနည်းခဲ့ကြရပါတယ်။

သက်မွန်မြင့်ကတော့ သူမကို မပြောင်းလဲဘဲ အမြဲအချစ်တွေပေးတဲ့ ဦးကင်းရဲ့သတင်းကိုကြားလိုက်ရတာကြောင့် ရင်ထဲဟာကနဲဖြစ်သွားခဲ့တယ်လို့ဆိုပါတယ်။

“ဒီမနက် နိုးတော့ ဒီသတင်းအရင်မြင်လိုက်ရတယ်.. ရင်ထဲ ဟာကနဲ!!!ကိုယ်အရမ်းချစ်ရတဲ့ ဦးကင်း

မော်ဒယ်ဘဝ အစပိုင်းမှာ ကြော်ငြာတူတူရိုက်ကြရင်း သူလည်း ကိုယ့်ကို ချစ်, ကိုယ်လည်းချစ် ဘယ်ချိန်တွေ့တွေ့ မပြောင်းလဲတဲ့ အချစ်တွေနဲ့ ချစ်ပေးတဲ့ ဦးကင်း! တကယ်ဝမ်းနည်းရပါတယ် ဦးကင်းရယ်…ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

စိတ်ထားကောင်းတဲ့သူ ကံကောင်းတယ်တဲ့.. အရမ်းချစ်စရာကောင်းတဲ့ ဦးကင်း ဒီဘဝထက်သာတဲ့ ဘဝမှာ အေးချမ်းပါစေနော်( ၂၀၁၅ ဒီဇင်ဘာက ရှုတင်မှာ တူတူဆုံခဲ့ကြတာ နောက်ဆုံးပဲနော်ဟိုတလောက ဦးဖိုးဖြူနဲ့တွေ့တော့ မေးလိုက်သေးတယ်.. နေကောင်းတယ်တဲ့..)” လို့ စိတ်မကောင်းစွာနဲ့ ရေးသားထားခဲ့တာပါ။

ဦးကင်းတစ်ယောက် ကောင်းရာမွန်ရာဘဝကိုရောက်ရှိသွားပါစေလို့ ချစ်တဲ့ပရိသတ်ကြီးနဲ့ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Thet Mon Myint

Comments are closed.