ဦးကင္းေကာင္ ဆုံးရတာ ေရာဂါေၾကာင့္မဟုတ္ဘူးလို႔ ဇနီးျဖစ္သူေျပာ

ဦးကင္းေကာင္ ဆုံးရတာ ေရာဂါေၾကာင့္မဟုတ္ဘူးလို႔ ဇနီးျဖစ္သူေျပာ

လူရႊင္ေတာ္ သ႐ုပ္ေဆာင္ ကင္းေကာင္ဟာ ပုပၸားမွာ ဇာတ္ကား႐ိုက္ကူးစဥ္ ဇန္နဝါရီလ ၂၂ ရက္ေန႔မွာ ႐ုတ္တရက္ ဆံုးပါးသြားခဲ့တာ ျဖစ္ပါတယ္။ သူ ဆံုးပါးစဥ္မွာ ဇနီးနဲ႔ သားျဖစ္သူက အနီးအနားမွာ ရွိေနခဲ့ၿပီး ေသဆံုးသြားခ်ိန္ကအေၾကာင္းကို ဇနီးျဖစ္သူ မေအးေအးမြန္က အသိမိတ္ေဆြေတြကို ေျပာျပခဲ့ပါတယ္ပ္ရင္းကေန ေဂါက္ခနဲဆို လူက ဒီလို ျပန္လွန္လိုက္တာေပါ့။ ဂီြးဂီြးဂီြးဂီြးနဲ႔ ခၽြဲေတြက အမ်ားႀကီးပဲ။ ဟယ္..ခၽြဲေတြမ်ားႀကီးပဲလို႔ ဆုိေတာ့ သူက ငါ့ကို လွမ္းၾကည့္တယ္။ အဲဒီမွာ ဖိုးသားကေလ ဝုန္းဆုိခုန္ခ်လာၿပီးေတာ့ ၾကည့္လိုက္တဲ့အခ်ိန္မွာ သူ ငါတုိ႔ကို ၾကည့္ေနတဲ့အၾကည့္ပံုစံကို ေတြ႕ၿပီးေတာ့ ဖိုးသားက အေဖ အေဖ ဆုိၿပီးေတာ့.အဲဒီတစ္ခ်က္ေပါ့။ ဂီြးဂီြးဂီြးဆိုၿပီးေတာ့ လို႔ မေအးေအးမြန္က ၁၁၅ မိုင္ ယာဥ္ရပ္နားစခန္းမွာ ေျပာျပခဲ့တာပါ။

ျဖစ္စဥ္ကို မေအးေအးမြန္ေျပာျပစဥ္မွာ သ႐ုပ္ေဆာင္ ငွက္ေပ်ာေၾကာ္ အပါအဝင္ ရင္းႏွီးသူမ်ားက ၀မ္းနည္းစိတ္မေကာင္းစြာ နားေထာင္ေနၾကတာပါ ေရာဂါေၾကာင့္လည္း ျဖစ္တာမဟုတ္ဘူး။ ခၽြဲေၾကာင့္ ျဖစ္သြားတာ”လို႔ ဦးကင္းေကာင္ဇနီးက ဝမ္းနည္းစြာ ဆုိပါတယ္ ကင္းေကာင္က သေဘာေကာင္းလြန္းတဲ့ ဝါရင့္သ႐ုပ္ေဆာင္ႀကီးျဖစ္တာေၾကာင့္ အႏုပညာရွင္ေတြေရာ ပရိသတ္ေတြကပါ သူ႔ကို ခ်စ္ခင္ၾကပါတယ္။ ဒီေန႔ ဇန္နဝါရီလ ၂၂ ရက္နံနက္ခင္းမွာ ဦးကင္းေကာင္ရဲ႕ နာေရးသတင္းေၾကာင့္ အားလံုး အံ့ၾသစိတ္မေကာင္းျဖစ္ခဲ့ၾကတာပါ။

ပုပၸားမွာ အေအးဒဏ္ေၾကာင့္ ခၽြဲၾကပ္ဆံုးပါးသြားတဲ့ ဦးကင္းေကာင္ရဲ႕ သက္မဲ့႐ုပ္အေလာင္းကို ခ်က္ခ်င္းပဲ ပုပၸားကေန ရန္ကုန္ကို သယ္ေဆာင္လာခဲ့ပါတယ္။ နာေရးကူညီမႈအသင္းနဲ႔ ရင္းႏွီးသူမ်ားက ၁၁၅ မိုင္ ယာဥ္ရပ္နားစခန္းအနီးမွာ သြားေရာက္ေစာင့္ဆုိင္းခဲ့ၿပီး ႐ုပ္အေလာင္းကို ေရႊ႕ေျပာင္းသယ္ေဆာင္လာခဲ့ပါတယ္။ သ႐ုပ္ေဆာင္ ထြန္းကိုကို ေမာင္းလာတဲ့ နိဗၺာန္ယာဥ္နဲ႔ သြားေရာက္ႀကိဳဆုိသူမ်ားဟာ အခု (ညေန ၅ နာရီခြဲ) မွာ ရန္ကုန္ၿမိဳ႕တြင္း ဝင္ေရာက္ေတာ့မွာ ျဖစ္ေၾကာင္း သိရပါတယ္။ ကင္းေကာင္ရဲ႕႐ုပ္အေလာင္းကို ေရေဝးသုသာန္ ေရခဲတိုက္ကို ပို႔ေဆာင္မွာ ျဖစ္ပါတယ္။

Source-Duwun

Unicode ျဖင့္ဖတ္ရန္

လူရွှင်တော် သရုပ်ဆောင် ကင်းကောင်ဟာ ပုပ္ပားမှာ ဇာတ်ကားရိုက်ကူးစဉ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရုတ်တရက် ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ သူ ဆုံးပါးစဉ်မှာ ဇနီးနဲ့ သားဖြစ်သူက အနီးအနားမှာ ရှိနေခဲ့ပြီး သေဆုံးသွားချိန်ကအကြောင်းကို ဇနီးဖြစ်သူ မအေးအေးမွန်က အသိမိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်ပ်ရင်းကနေ ဂေါက်ခနဲဆို လူက ဒီလို ပြန်လှန်လိုက်တာပေါ့။ ဂွီးဂွီးဂွီးဂွီးနဲ့ ချွဲတွေက အများကြီးပဲ။ ဟယ်..ချွဲတွေများကြီးပဲလို့ ဆိုတော့ သူက ငါ့ကို လှမ်းကြည့်တယ်။ အဲဒီမှာ ဖိုးသားကလေ ဝုန်းဆိုခုန်ချလာပြီးတော့ ကြည့်လိုက်တဲ့အချိန်မှာ သူ ငါတို့ကို ကြည့်နေတဲ့အကြည့်ပုံစံကို တွေ့ပြီးတော့ ဖိုးသားက အဖေ အဖေ ဆိုပြီးတော့.အဲဒီတစ်ချက်ပေါ့။ ဂွီးဂွီးဂွီးဆိုပြီးတော့ လို့ မအေးအေးမွန်က ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းမှာ ပြောပြခဲ့တာပါ။

ဖြစ်စဉ်ကို မအေးအေးမွန်ပြောပြစဉ်မှာ သရုပ်ဆောင် ငှက်ပျောကြော် အပါအဝင် ရင်းနှီးသူများက ၀မ်းနည်းစိတ်မကောင်းစွာ နားထောင်နေကြတာပါ ရောဂါကြောင့်လည်း ဖြစ်တာမဟုတ်ဘူး။ ချွဲကြောင့် ဖြစ်သွားတာ”လို့ ဦးကင်းကောင်ဇနီးက ဝမ်းနည်းစွာ ဆိုပါတယ် ကင်းကောင်က သဘောကောင်းလွန်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးဖြစ်တာကြောင့် အနုပညာရှင်တွေရော ပရိသတ်တွေကပါ သူ့ကို ချစ်ခင်ကြပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၂ ရက်နံနက်ခင်းမှာ ဦးကင်းကောင်ရဲ့ နာရေးသတင်းကြောင့် အားလုံး အံ့သြစိတ်မကောင်းဖြစ်ခဲ့ကြတာပါ။

ပုပ္ပားမှာ အအေးဒဏ်ကြောင့် ချွဲကြပ်ဆုံးပါးသွားတဲ့ ဦးကင်းကောင်ရဲ့ သက်မဲ့ရုပ်အလောင်းကို ချက်ချင်းပဲ ပုပ္ပားကနေ ရန်ကုန်ကို သယ်ဆောင်လာခဲ့ပါတယ်။ နာရေးကူညီမှုအသင်းနဲ့ ရင်းနှီးသူများက ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းအနီးမှာ သွားရောက်စောင့်ဆိုင်းခဲ့ပြီး ရုပ်အလောင်းကို ရွှေ့ပြောင်းသယ်ဆောင်လာခဲ့ပါတယ်။ သရုပ်ဆောင် ထွန်းကိုကို မောင်းလာတဲ့ နိဗ္ဗာန်ယာဉ်နဲ့ သွားရောက်ကြိုဆိုသူများဟာ အခု (ညနေ ၅ နာရီခွဲ) မှာ ရန်ကုန်မြို့တွင်း ဝင်ရောက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ကင်းကောင်ရဲ့ရုပ်အလောင်းကို ရေဝေးသုသာန် ရေခဲတိုက်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။

Source-Duwun

Comments are closed.