အိမ်​ဖြူ​တော်​မှာ လူသိနည်းတဲ့ ဆန်းဆန်းပြားပြား ရာထူးတာဝန်​ ၇ မျိုး

အိမ်​ဖြူ​တော်​မှာ လူသိနည်းတဲ့ ဆန်းဆန်းပြားပြား ရာထူးတာဝန်​ ၇ မျိုး

အ​မေရိကန်​သမ္မတ ရဲ့ ​နေအိမ်​​တော်​ဖြစ်​တဲ့ အိမ်​ဖြူ​တော်​မှာ ခန့်​အပ်​ထားတဲ့ လုပ်​ငန်းတာဝန်​​တွေထဲမှာ လုပ်​ထုံးလုပ်​နည်းအတိုင်း တကယ့်​အ​ရေးပါ၊ တာဝန်​ကြီးတဲ့လုပ်​ငန်းတာဝန်​​တွေရှိသလို တချို့တာဝန်​​တွေကလည်း အ​တော်​​လေးကို ထူးခြားတာမို့ တအံ့တသြဖြစ်​စရာ​တွေလည်းရှိ​နေတာပါ။ ဒါ​လေး​တွေ​ရွေးချယ်​တင်​ဆက်​​ပေးမှာမို့ ဖတ်​ရှူကြည့်​ကြပါဦး။

လက်​​ရေးလက်​သားအလှ စာ​ရေးပညာရှင်

အိမ်​ဖြူ​တော်​မှာ လက်​​ရေးလက်​သားအလှ ကို ဖန်​တီးဖို့ကွန်​ပျူတာ ​ပေါ်မှာ Adobe InDesign ​ဆော့ဖ်​ဝဲလဲကို အသုံးပြုပြီး ​ရေးသားတာထက်​ သိပ်​​ကော့ညွှတ်​​နေတဲ့ စာအိတ်​အလှ​တွေ၊ နှုတ်​ခွန်းဆက်​သမှုစာလွှာ​တွေ၊ ဘုရင်​ကြီး​တွေ၊ ဘုရင်​မကြီး​တွေထံ ဂုဏ်​ပြုဂါရဝအ​နေနဲ့ ပို့သတဲ့ အထိမ်းအမှတ်​ကတ်​​တွေမှာ လက်​​ရေးဆက်​​ရေးတဲ့ လက်​​ရေးလက်​သားအလှ စာ​ရေးပညာရှင်​​တွေရဲ့ အခန်းကဏ္ဍက ထင်​ရှား​နေဆဲဖြစ်​တာ အံ့သြဖွယ်​ရာ​တွေ့မြင်​ရပါတယ်​။ လက်​​ရေးအလှ​ရေးသူ စာတည်​မှူးချုပ်​ဟာ အိမ်​ဖြူ​တော်​က​နေ တစ်​နှစ်​ဝင်​​ငွေ ​ဒေါ်လာ ၁သောင်းအထိ ရ​နေတာပါ။

သမ္မတရဲ့ အနီးကပ်​ ကိုယ်​ရံ​တော်

သူက သမ္မတ လိုအပ်​သမျှ ပုဂ္ဂလကိစ္စအဝဝ ကို လို​လေး​သေးမရှိ ချို့ယွင်းချက်​မရှိ ဖြည့်​ဆည်း​ပေးရတာ ဖြစ်​ပါတယ်​။ သမ္မတ ရဲ့ အရင်းနှီးဆုံးသူလဲဖြစ်​တယ်​။ ဥပမာအ​နေဲ့ သမ္မတ အိုဘားမား က သူ့ရဲ့ကိုယ်​ရံ​တော်​ Reggie love ကို ညီအရင်းသဖွယ်​ပါပဲလို့ ​ပြောဆို​မြှောက်​စားခဲ့ဖူးပါတယ်​။ အိုဘားမားတို့နှစ်​​ယောက်​ဟာ အတူတူလဲ ဘတ်​စ်​ကတ်​​ဘောကစားကြတဲ့အထိ ရင်းနှီး​ပေါင်းဖက်​ကြသူ​တွေပါပဲ။

ကျင့်​ဝတ်​ အကြံ​ပေးအရာရှိ

တော်​​တော်​​တော့​ခေါင်းကိုက်​ရတဲ့အလုပ်​ပါပဲ။ သမ္မတနဲ့အဖွဲ့အတွက်​ စာမျက်​နှာ ​ထောင်​နဲ့ချီတဲ့ အစိုးရနဲ့ပတ်​သတ်​တဲ့ ဥ​ပေဒ​ရေးရာနဲ့ စည်းမျဉ်းစည်းကမ်း၊ လုပ်​ထုံးလုပ်​နည်း​တွေကို ၂၄ နာရီပတ်​လုံး အစဉ်​တစိုက်​ ​ထောက်​ပံ့​ကူညီ​ပေးဖို့ အဆင်​သင့်​ရှိ​နေရသူပါ။ အိုဘားမားလက်​ထက်​က ဒီတာဝန်​ကိုယူရတဲ့ Norm Eisen ဟာ ​နေ့စဉ်​အကြိမ်​ ၂၀ ဝန်းကျင်​အထိ ဒီကိစ္စ နဲ့ဆက်​နွယ်​ပြီး ကိုင်​တွယ်​​ဖြေရှင်း​ပေး​နေခဲ့ရတာပဲဖြစ်​ပါတယ်​။

မုန့်​ဖုတ်​စားဖိုမှူး

ပုပ်​ရဟန်းမင်း၊ ဘုရင်​ကြီး၊ ဘုရင်​မကြီး​တွေ နဲ့ နိုင်​ငံတကာ သမ္မတ​တွေအတွက်​ အထိမ်းအမှတ်​ကိတ်​၊ ​မွေး​နေ့ကိတ်​​တွေကို ဖန်​တီး​ပေးရသလို အိမ်​ဖြူ​တော်​အတွက်​လည်း ပွဲခမ်းပွဲနား​တွေမှာ စားချင့်​စဖွယ်​ မုန့်​​တွေ၊ ကိတ်​မုန့်​​တွေ​နဲ့ အချိုပွဲ​တွေ စီစဉ်​​ပေးရတာပါ။

ဆံပင်​ညှပ်​ဆရာ

အိမ်​ဖြူ​တော်​မှာ နာမည်​အကြီးဆုံး ဆံပင်​ညှပ်​ဆရာ​က Milton Pitss ပဲ ဖြစ်​ပါတယ်​။ သမ္မတ​ရော်​နယ်​ရီဂန်​ ၊ သမ္မတ ဘုရှ်​တို့လက်​ထက်​အထိ ​ရှေ့မီ​နောက်​မီ တာဝန်​ယူခဲ့သူပါ။ အိုဘားမား လက်​ထက်​မှာ​တော့ သူ့စိတ်​ကြိုက်​ ချီကာဂို ဆံပင်​ညှပ်​ဆရာ​ကို အိမ်​ဖြူ​တော်​ကို ​ခေါ်​ဆောင်​လာခဲ့ပါတယ်​။

စက်​မှုပြုပြင်​​ရေးအင်​ဂျင်​နီယာများ

၂၄ နာရီလည်​ပတ်​​နေရတဲ့ စက်​မှုပြုပြင်​​ရေးရုံးက အိမ်​ဖြူ​တော်​ရဲ့အပူချိန်​ကို ထိန်းသိမ်း​ပေးရသလို အ​ကြောင်းက​တော့ အိမ်​ဖြူ​တော်​က တန်​ဖိုးဖြတ်​မရတဲ့ ​ရှေး​ဟောင်းလက်​ရာ​တွေ၊ အနုပညာလက်​ရာပစ္စည်း​တွေရှိတဲ့ ပြတိုက်​ကြီးအတွက်​ပါပဲ။ ဒါ့အပြင်​ ဒီရုံးက ပိုက်​တိုပိုက်​စ​တွေ​၊ ပစ္စည်း တိုလီမုတ်​စ​တွေနဲ့လည်း ပြည့်​နှက်​​နေတာပါပဲ။

ပုံတူ​ရေးပန်းချီအနုပညာရှင်

အိမ်​ဖြူ​တော်​မှာ တရားဝင်​ရာထူးအဖြစ်​ အမည်​မခံထား​ပေမယ့်​ သူ့ရဲ့အလုပ်​တာဝန်​ကလည်း သမ္မတ အဆက်​ဆက်​မှာ ပါဝင်​ပတ်​သက်​မှုရှိခဲ့တယ်​။ သမ္မတ ရုစဗဲ့လက်​ထက်​က ၁၉၀၂ ခုနှစ်​မှာ ပုံတူပန်းချီဆရာ Théobald Chartran ကို သမ္မတ ရဲ့ ပုံတူပန်းချီကား ကို ​ရေးဆွဲ​စေခဲ့ဖူးတယ်​။ ပန်းချီကားအပြီးမှာ ရုစဗဲ့က​တော့ အ​တော်​​ဒေါသူပုန်​ထခဲ့ဖူးတယ်​။ သူ့ပုံစံရဲ့ ​ယောကျာင်္းပီသမှု မ​ပေါ်လွင်​ခဲ့လို့ဆိုပြီး ပန်းချီကားကိုဖျက်​ဆီးပစ်​ခဲ့ပါတယ်​။ John Singer Sergeant ဆိုသူကို ထပ်​မံတာဝန်​​ပေးခဲ့ပြီးမှသာ ရုစဗဲ့ က အ​တော်​​လေးသ​ဘောကျသွားခဲ့တယ်​။ သမ္မတ က​နေဒီအတွက်​​တော့ သူကွယ်​လွန်​ပြီးချိန်​​ရောက်​မှ Aaron Shikler ဆိုတဲ့ပန်းချီဆရာက​နေ က​နေဒီရဲ့ပန်းချီပုံတူကို ​ရေးဆွဲ​ပေးခဲ့ဖူးတာလဲ ရှိခဲ့ပါတယ်​။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.