ကိုဗ စ် – ၁၉ ပိုးတွေ့လူနာ တွေ့ခဲ့ တဲ့ ဓမ္မဒူတဇေတဝန်ေ တာရ ဆေကိန္ဒ ရာမကျောင်းတိုက် ကို Lock down ချ
ကိုဗ စ် – ၁၉ ပိုးတွေ့လူနာ တွေ့ခဲ့ တဲ့ ဓမ္မဒူတဇေတဝန်ေ တာရ ဆေကိန္ဒ ရာမကျောင်းတိုက် ကို Lock down ချ
Advertisement
ဘီဘီစီ
Unicode
မြန် မာနိုင်ငံမှာ ပထမဆုံး ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ၂ဦးဖြစ်တဲ့ထဲက တစ်ဦးမှာ ဓမ္မဒူတ ဇေ တဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်မှာ စောင့်ကြည့်ရာက တွေ့ရှိခဲ့တာဖြစ်တဲ့အ တွက် ကျောင်းတိုက်ကို Lock down ချထားလိုက်ပြီဖြစ်လို့ မတ် ၂၄ ရက်နေ့မှာ ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားခဲ့ပါတယ်။
အဆိုပါကျောင်းတိုက်မှာ ပြည်ပက ပြန်လာသူ ၁၀၇ ဦးကို လက်ခံထားရှိခဲ့ရာက ၆ယောက် ခန်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးမှာ ကိုဗစ် -၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
‘ ‘ အခုစိတ်မပူကြဖို့၊ လုပ်ငန်းဆက်စပ်လို့ ဘုန်းဘုန်းရယ် ကပ္ပိယတို့ဆရာဝန်တို့ပဲ လုပ်င န်းပဲဆက်စပ်မှု ရှိတာပါ။ ဟိုလိုထိတွေ့မှုတော့မရှိပါဘူး။ ကျောင်းတိုက်ကို အခုအဝင်အ ထွက်အားလုံး ပိတ်ထားလိုက် ပါပြီ။အားလုံးနဲ့တိုင်ပင်ပြီးမှာ ဘုန်းဘုန်းတို့ဆန္ဒအတိုင်းပဲ လိုက်လျောလိုက်တာပါ။ စိတ်မပူကြပါနဲ့။ ပုံမှန်ပဲအားလုံးဆက်လုပ်နေပါတယ်။’’လို့ ဆရာတော်က မတ် ၂၄ ရက်နေ့မှာ တပည့်ဒါယာကာတွေ ကိုမိန့်ကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ် -၁၉ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ ၂ဦးကိုတွေ့ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ် ၂၃ ရက်နေ့မှာ စတင်ကြေညာခဲ့ပါတယ်။
မတ် ၂၄ ရက်နေ့မနက်အစောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုပေါင်း ၃၇၈၇၄၁ နဲ့ သေဆုံးသူ ၁၆၄၉၆ ဦး ရှိလာ ပြီဖြစ်ပါတယ်။
ဘီဘီစီ
Comments are closed.