မိမိချစ်မြတ်နိုးသူတွေကို COVID 19 ကူးစက်မခံရအောင် နည်းလမ်း ရှာကြသူများ

မိမိချစ်မြတ်နိုးသူတွေကို COVID 19 ကူးစက်မခံရအောင် နည်းလမ်း ရှာကြသူများ

အခုဆိုရင် မြန်မာနိုင်ငံမှာလည်း COVID 19 ကူးစက်ခံရသူ (၂) ဦး တွေ့ရှိသွားခဲ့ပါပြီ။ ကမ္ ဘာတစ်ဝှမ်းမှာ COVID 19 ကူးစက်ခံရသူ (၃၇၉၁၀၈) ဦးရှိနေပါပြီ။ ဒီကပ်ရောဂါကြောင့် သေဆုံးသူဦးရေများသလို ပြန်လည်ကောင်းမွန်လာသူ တွေလည်းရှိပါတယ်။ တစ်ပတ် အတွင်း ကူးစက်ခံရသူဦးရေနဲ့ သေဆုံးသူဦးရေက မြင့်တတ်နေတဲ့အတွက် ကမ္ဘာတစ်ဝှ မ်းက နိုင်ငံတွေက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို နှေးသွားအောင် ကာကွယ်ဖို့ ကြိုးပမ်းနေကြရပါတယ်။ အစိုးရကလည်း အိမ်မှာ နေဖို့နဲ့ လူစုလူဝေးသွားတာ၊ လူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေမ လုပ်ဖို့ လှုပ်ဆော်ထားပါတယ်။ တချို့နိုင်ငံတွေဆို ဝင်ထွက်သွားလာမှုတွေကို ပိတ်ဆို့တား မြစ်ထားပါတယ်။

အခြားသူတွေဆီကနေ ဗိုင်းရပ်စ်ကူးစက်မခံရအောင်၊ အခြားသူတွေကိုလည်း ဗိုင်းရပ်စ်မ ကူးအောင် အကောာင်းဆုံးနည်းကတော့ တက်နိုင်သလောက် အပြင်မထွက်ဘဲ အိမ်မှာ နေတာပါပဲ။ တချို့နိုင်ငံတွေမှာ အပြင်ထွက်ခွင့် ပိတ်ထားတာကြောင့် မိသားစုတွေနဲ့ မိမိ ချစ်မြ တ်နိုးသူတွေကို လွမ်းဆွတ်မိကြပါတယ်။ တွေ့ချင်ကြပေမဲ့ သူတို့ကို ရောဂါကူးစက်ခံရ မှာဆိုးတဲ့အတွက် ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာကြရပါတယ်။ ဒီအတွက် ဖြေရှင်း နည်းက အရမ်းရိုးရှင်းတဲ့ပုံပါပဲ။ အဲဒါက ပြတင်းပေါက်ရဲ့မှန်ကနေ တဆင့် တွေ့တာပါပဲ။ ကမ္ဘာတစ်ဝှမ်းက လူတွေဟာ ပြတင်းပေါက်ရဲ့မှန်ကနေတဆင့် သူတို့ရဲ့ချစ်မြတ်နိုးသူတွေ ကို ဘယ်လို တွေ့ကြလဲဆိုတဲ့ ပုံတွေကို မျှဝေနေကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့ချစ်မြတ် နိုးသူတွေကို COVID 19 အန္တရာယ်ကနေ ကင်းဝေးဖို့ ဘယ်လို လုပ်လဲဆိုတာ ကြည့်လို က်ကြရအောင်..။

လူတွေရဲ့အဝေးမှာ နေရတာကြောင့် မြေးလေးကို ပြတင်းပေါက်ကနေတဆင့် ကြည့်ရတဲ့ အဘိုး

ကိုရိုနာဗိုင်းရပ်စ် ဆက်လက်မပျံ့ပွားအောင် ခုခံပေးနေတဲ့ စုံတွဲ ( အလုပ်ရှုပ်နေတဲ့ကြားက ခဏတာတွေ့ဆုံရတဲ့အခိုက်အတန့်)

မြေးလေးကို ပထမဆုံးကြိမ်တွေ့ဖြစ်ကြတဲ့ အဘိုးနဲ့အဘွား

ဘိုးဘွားရိပ်သာမှာ ရှိနေတဲ့ ဇနီးကို နေ့တိုင်းအလည်လာပြီး ပြတင်းပေါက်ကနေ တဆင့် သီချင်းအတူတူဆိုပေးတဲ့ အဘိုး

စေ့စပ်လိုက်ပြီဖြစ်ကြောင်းကို ပြတင်းပေါက်ကနေ အဘိုးကို ပြောပြနေတဲ့ မြေးမလေး

ပြတင်းပေါက်ကနေ မိခင်ကို အံ့အားသင့်အောင် လုပ်လိုက်တဲ့ သမီးတွေ

တစ်ယောက်တည်းအထီးမကျန်အောင် ဖခင်ကို နေ့တိုင်းလာတွေ့ပြီး ဖုန်းပြောပေးတဲ့ သား

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့မိခင်ကို တွေ့ခွင့်တားမြစ်ထားတာကြောင့် ပြတင်းပေါ က် ကနေ စာရေးပြတဲ့ သမီး

လူတွေကို အခြားသူတွေရဲ့ အနည်းဆုံး (၁) မီတာအကွာမှာ နေသင့်တယ်လို့ ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ဆိုထားပါတယ်။ လူစုလူဝေးရဲ့အဝေးမှာ နေတာက ဗိုင်းရပ်စ်ကနေ ကိုယ့်ကို ယ်ကို ကာကွယ်နိုင်တဲ့နည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လက်ကို မကြာခဏဆေးဖို့၊ မျက် နှာကို လက်နဲ့ မထိတွေ့ဖို့၊ အသက်ရှုလမ်းကြောင်းဆိုင်ရာသန့်ရှင်းမှုကို အလေ့အကျင့်လု ပ်ဖို့ WHO က အကြံပြုထားပါတယ်။

Ref: People Found Ways Of Seeing Their Loved Ones Without Putting Them In Danger Danger

WL (ရိုးရာလေး)

Comments are closed.