ရုပ်ရှင်ကား 80 ကျော်မို့ အကယ်ဒမီက ပိုစိတ်ဝင်စားဖို့ကောင်းမယ်ဆိုတဲ့ လူမင်း
ရုပ်ရှင်ကား 80 ကျော်မို့ အကယ်ဒမီက ပိုစိတ်ဝင်စားဖို့ကောင်းမယ်ဆိုတဲ့ လူမင်း
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
[UNICODE FONT]
ဝါရင့်မင်းသားကြီးတယောက်ဖြစ်တဲ့ အကယ်ဒမီ လူမင်းကတော့ သူကိုယ်တိုင်တောင် ယခုနှစ်အကယ်ဒမီပေးပွဲကို စိတ်လှုပ်ရှားနေကြောင်း ပြောကြားသွားပါတယ်။ အကယ်ဒမီအတွက်ရွေးချယ်ထားတဲ့ဇာတ်ကား ၈၃ ကားရှိတာကြောင့် ပိုပြီး ဂယက်ထမှာ ဖြစ်သလို စိတ်ဝင်စားစရာလည်း ကောင်းမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ထို့နောက် ဗီဒီယို ဈေးကွက်ပြန်ပြီးတော့ ရှိလာချင်တယ်လို့ ပြောကြားသွားခဲ့ပါသေးတယ်။
လူမင်းကတော့ အင်တာဗျူးတွင် “ဗီဒီယိုတွေကတော့တိုးတက်လာတဲ့ နည်းပညာအရ သူ့ကို အစားထိုးမယ့် အရာတွေ ပေါ်လာတော့ မရှိတော့တာပေါ့နော်။ ဖုန်းတွေ တီဗီတွေကနေ Free ဖြစ်သေ်ာလည်းကောင်း Download လုပ်ပြီး အခပေးကြည့်နေရတဲ့ အခန်းကဏ္ဍလေးတွေတော့ ရှိသေးတာပေါ့နော်။ ရုပ်ရှင်ဇာတ်ကားတွေကလည်း အရှေ့ပိုင်းမှာ အတင်းတွန်းပြီး ရိုက်ခဲ့တဲ့ဟာတွေက ခုဇာတ်ကားတွေ ပုံပြီးတော့ ရိုက်ကူးမှုတွေ လျော့ကျလာတဲ့ အနေအထားမှာ ရှိနေတာပေါ့နော်။ ဒါကြောင့် သရုပ်ဆောင်တွေရော ဇာတ်အဖွဲ့သားတွေရော အခုချိန်မှာ အလုပ်ပါးကုန်ကြတယ်ပေါ့။ ဒါကြောင့်ကိုယ်တို့လည်း ဒီလိုဗီဒီယိုလေးတွေကို ပြန်ရိုက်ပေးပြီး ဗီဒီယိုဈေးကွက်လေးကို အရင်လို မကောင်းရင်တောင်မှ ဖြန့်ချိလို့ရတဲ့ အနေထားလေး ဖြစ်အောင် ဗီဒီယိုလေးတွေကို ပြန်လုပ်နေကြပါတယ်”
“ကိုယ့်လောကသားပဲ ဖြစ်ဖြစ် အပြင်လူပဲ ဖြစ်ဖြစ် ဖြစ်လာနိုင်တဲ့ အခြေနေတွေကို တွက်ဆနိုင်ခဲ့ကြတယ်။ ခန့်မှန်းမိကြတယ်။ ကိုယ်တိုင်နဖူးတွေ့ ဒူးတွေ့ ကြုံတော့မှပဲ ဖြေရှင်းတတ်တဲ့ အကျင့်တွေကလည်း ကိုယ်တို့မှာ ရှိကြတာကို ဒါကြောင့်လည်း  ဖြေရှင်းတဲ့အချိန်က အမြဲနောက်ကျနေတတ်တယ်။ ဒါကြောင့် အရင် ဒုက္ခတွေကို အရင်ခံစားရပါတယ်။ ဒီလိုမျိုး အခက်ခဲတွေတော့ ရှိတယ်။ ဗီဒီယိုမရှိတေ့ာပဲ ဇာတ်လမ်းတွဲတွေ ဝင်လာတယ်ဆိုပေမယ့်လည်း Channel တွေက ကိုယ့်အဖွဲ့နဲ့ ကိုယ်ရိုက်တာဆိုတော့ ဒီလောကထဲက အတတ်ပညာရှင်တွေ အတွက် အခွင့်အလမ်းက နည်းပါတယ်။ အရင်လို ဗီဒီယို Plaform လိုဟာမျိုး ပြန်ပေါ်လာမှပဲ အကိုတို့ဆီက လူတွေအတွက် အလုပ်အခွင့်အလမ်းပိုများမယ်”
ဒီနှစ်အကယ်ဒမီက ဇာတ်ကား ၈၀ ကျော်ဖြစ်နေရတဲ့ အပေါ်အမြင်နဲ့ ပတ်သက်ပြီး “ဟိုးအရင်တုန်းက ကိုယ်တို့ဆီမှာ တနှစ်လုံးမှာမှ ၉ ကား ၁၀ ကားလောက်ထွက်ရာကနေပြီးတော့ ဒီနှစ်မှာ ၈၃ ကားကြီးတောင် ကြည့်ရှုအကဲဖြတ်ရမယ် ဝေဖန်မှုတွေလည်း ပြင်းထန်လာတယ် ဝေဖန်မှုတွေမြင့်တတ်ခဲ့တဲ့ ဂယက်ထခဲ့တဲ့ ဇာတ်ကားတွေလည်း ဒီနှစ်မှာ အကဲဖြတ်ပြီး ဆုပေးရမှာဆိုတော့ ဒီနှစ်က အကဲဖြတ်တဲ့သူတွေအတွက်လည်း ပိုခက်သလို ပရိသတ်တွေကြားမှာလည်း ပိုပြီးတော့ အငြင်းပွားလာနိုင်ပါတယ်။ ဒါ့အပြင် Star Award ဆုကိုလည်း ချီးမြင့်ဦးမယ်ဆိုတော့ ဒီနှစ် ရုပ်ရှင်ဆုပေးပွဲက ပိုပြီးတော့ စိတ်ဝင်စားစရာကောင်းနေပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
Comments are closed.