ရွာကလူတွေကို ကျန်းမာရေးအသိဖြ န့်ဝေရင်း သင်္ကြန်အကြိုအလှူဒါန လေးပြုလုပ်ပေးခဲ့တဲ့ ဖြူဖြူထွေး

ရွာကလူတွေကို ကျန်းမာရေးအသိဖြ န့်ဝေရင်း သင်္ကြန်အကြိုအလှူဒါန လေးပြုလုပ်ပေးခဲ့တဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ လူမှုကွန်ရက်ကနေတဆင့် နာမည်ကြီးလာသူတစ်ယောက်ဖြစ်ပြီး အခုအ ချိန်မှာဆိုရင်တော့ ပရိသတ်လက်ခံအားပေးတဲ့မင်းသမီးတစ်လက်အဖြစ် ရပ်တည်လာ နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရိုးသားကြိုးစားပြီး ကျောင်းတစ်ဖက်နဲ့အနုပညာအလုပ်တွေလုပ်နေတဲ့ ဖြူဖြူထွေးကတော့ အနုပညာအလုပ်တွေလုပ်နေရင်း ဘွဲ့ရရှိခဲ့ပြီဖြစ်တဲ့အပြင် ရန်ကုန်မှာ လည်း အိမ်လေးတစ်လုံးဝယ်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။

Advertisement

သူကတော့ မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကျင်းအုပ်စု၊ မြေနီကုန်းရွာမှာ နေထိုင်သူဖြစ်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်ရင်းနဲ့ ရပ်ရွာအကျိုးအတွက်လည်း အမြဲ ပူးပေါင်းပါဝင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူတင်ဆက်ပေးလေ့ရှိတဲ့ ဗွီဒီယို လေးတွေကိုတော့ ရွာမှာအများဆုံးရိုက်ကူးလေ့ရှိတာမို့ ပရိသတ်ကြီးလည်း ဖြူဖြူထွေးရဲ့ ရွာလေး နဲ့ ရင်းနှီးနေလောက်ပြီထင်ပါတယ်နော်။ အလုပ်ရှင်တွေရဲ့ကြော်ငြာတွေကို ကိုယ်ပို င်အိုင်ဒီယာလေးတွေနဲ့ ပေါင်းစပ်ပြီးရိုက်ကူးလေ့ရှိတဲ့ ဖြူဖြူထွေးကတော့ ဒီနေ့မှာလည်း သူ့ရဲ့ ရွာလေးမှာရိုက်ကူးထားတဲ့ ဗွီဒီယိုလေးတစ်ခုကို တင်ပေးခဲ့ပါတယ်။

ရွာကလူတွေကို လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်တဲ့ ကျန်းမာရေး အ သိပညာပေးခဲ့တဲ့အပြင် ကလေးလူကြီးတွေကိုလည်း အင်္ကျီအဝတ်အစားတွေကို မဲဖော က် လှူဒါန်းပေးခဲ့ပါတယ်။ ဖြူဖြူထွေးကတော့ ကိုယ့်ဘာသာကြော်ငြာလေး တွေရိုက်ကူး နေရ င်းလည်း ရပ်ရွာအတွက်ပါအမြဲစဉ်းစားလေ့ရှိသူမို့ မြေနီကုန်းတစ်ရွာလုံးကတော့ ဖြူဖြူထွေး ကို အချစ်ပိုနေကြမှာ အမှန်ပါပဲနော်။ ရပ်ရွာအကျိုးသယ်ပိုးဖို့အမြဲစဉ်းစားတတ်သူဖြူဖြူထွေး ဒီထက်မက အနုပညာအလုပ်တွေ အောင်မြင်ဖို့ ဆုတောင်းပေးရင်း ဖြူဖြူထွေးရဲ့ဗွီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – Phyu Phyu Htwe
Rainbow- Cele Gabar

Comments are closed.