ဆေးဆိုင်တွေမှာ လူတွေပြည့်နေ တာကြောင့် ပုံမှန်ဝေဒနာသည်တွေ ဆေးဝယ်ယူမှုခက်ခဲနေကြောင်း ပြောလာတဲ့ မအေးသောင်း

ဆေးဆိုင်တွေမှာ လူတွေပြည့်နေ တာကြောင့် ပုံမှန်ဝေဒနာသည်တွေ ဆေးဝယ်ယူမှုခက်ခဲနေကြောင်း ပြောလာတဲ့ မအေးသောင်း

ပရိသတ်တွေရဲ့အချစ်တော် မအေးသောင်းကတော့ လတ်တလောဖြစ်နေတဲ့ ဂယက်နဲ့ပတ် သက်ပြီး ထိခိုက်မှုတချို့ရှိလာတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ အခုချိန်မှာဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်အတွက် တရားဝင်ထုတ်ပြန်ထားတဲ့ဆေးမပေါ်သေးပေမယ့်လည်း ဆေး ဆိုင် တွေမှာတော့ အရက်ပြန်နဲ့ Vitamin C စတဲ့ကောင်းနိုးရာရာ လိုအပ်တဲ့ဆေးဝယ်ယူ သူတွေ များပြားနေပြီး အခြားရောဂါဝေဒနာရှင်များအတွက် လိုအပ်တဲ့ဆေးဝယ်ယူဖို့ ခက်ခဲ နေတဲ့အကြောင်းကို မအေးသောင်းကပြောပြခဲ့ပါတယ်။

Advertisement

   ” ဖေဖေကဆီးချိုသမား….. သောက်နေကြဆေးတွေကုန်နေလို့သွားဝယ်တာ၂ ရက်ရှိပြီ။ အခုဆေးဆိုင်တွေမှာလူတွေကြိတ်ကြိတ်တိုးဝယ်နေတော့ သူ့ခမျာခုထိ ဆေးမဝယ်ရရှာ သေး။ပြောချင်တာက ကိုရိုနာအတွက်ကလည်းဆေးမပေါ်သေးပါဘူး။ ထားပါလေ အဲ့တာထ က်ဖေဖေ့လိုတကယ်မရှိမဖြစ်သောက်နေရတဲ့ဆေးတွေဝယ်လို့မရတဲ့သူတွေ ဘယ်နှစ်ယော က်တောင်ရှိနေပြီလဲဆိုတာ တွေးမိလို့ပါ။ကိုယ်ချင်းစာပေးကြပါနော်” ဆိုပြီး သူ့ရဲ့လူမှုကွ န်ရက်စာမျက်နှာမှာ တောင်းပန်စကားဆိုခဲ့ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့အနေအထားအရ နယ်ဘက်တွေမှာ အလုအယက်ဝယ်ယူ မှုတွေ အတွေ့ရှိရသေးပေမယ့်လည်း ရန်ကုန်မှာတော့ တွေ့မြင်နေရပြီဖြစ်ပါတယ်။

အဓိကအားဖြင့် အခြေခံစားသောက်ကုန်တွေရောင်းတဲ့နေရာနဲ့ ဆေးဆိုင်တွေမှာ လူစုလူဝေး နဲ့ အလုအယက်ဝယ်ယူမှုတွေ အခုအချိန်မှာ အများဆုံးတွေ့မြင်နေရပါပြီ ။စားသောက်ကုန် တွေအများကြီးဝယ်ယူမှုကို ကန့်သတ်နိုင်ဖို့ Volunteer လူငယ်တွေကနေပြီးတော့ လိုအပ် သမျှနေ့တိုင်းဝယ်ပေးဖို့ စီစဉ်နေကြပြီဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဆိုင်တွေအတွက်တော့ ကန့်သတ်ဖို့ နည်းလမ်းမရှိသေးဘဲ ပုံမှန်ဆေးဝယ်သောက်နေရတဲ့ ဝေဒနာသည်တွေအတွ က်ပါ အခက်အခဲတစ်ခုလိုဖြစ်နေတာမို့ မအေးသောင်းကတော့ ကိုယ်ချင်းစာပေးကြဖို့ တိုက် တွန်းလိုက်တဲ့အကြောင်း မျှဝေပေးလိုက်ပါတယ်နော်။

Source – Aye Thaung
Rainbow – Cele Gabar,REference&Credit:Celegabar.com

Comments are closed.