ကိုရိုနာဗိုင်းရပ်စ်ပရဟိတလုပ်ငန်းတွေ ကူညီဖို့အတွက် ခွင့်ပြုပေးတဲ့ မိသား စုနဲ့ချစ်သူကို ကျေးဇူးတင်စကားဆို လိုက်တဲ့ ဝေဠုကျော်

ကိုရိုနာဗိုင်းရပ်စ်ပရဟိတလုပ်ငန်းတွေ ကူညီဖို့အတွက် ခွင့်ပြုပေးတဲ့ မိသား စုနဲ့ချစ်သူကို ကျေးဇူးတင်စကားဆို လိုက်တဲ့ ဝေဠုကျော်

လတ်တလောအခြေအနေမှာတော့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုနှုန်းတွေ ကမ္ဘာနဲ့တစ်ဝှမ်းမှာ မျာြး ပားနေပြီး ကာကွယ်စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ အရှိန်အဟုန်နဲ့ တိုးမြှင့်လုပ်ကိုင်ေ နရတဲ့ အချိန်ပါ။ ဒီလိုအခြေအနေမျိုးမှာ အစိုးရအဖွဲ့အစည်းတွေရဲ့အင်အားသာမက ပြည် လူထုတွေကနေထွက်ပေါ်လာတဲ့ ပရဟိတသမားတွေလည်း တစ်တပ်တစ်အားပါဝင်ေ နကြ ပါတယ်။ ငွေအားတတ်နိုင်သူတွေက ငွေအားနဲ့ပါဝင်ကြသလို လူအားတတ်နိုင်သူတွေလည်း လူအားနဲ့ပါဝင်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ ပရဟိတသမားတွေများစွာလိုအပ်နေတဲ့ အနေအထားမှာ ပရဟိတမင်းသားကြီး ဝေဠုကျော်လည်း ပါဝင်တော့မှာဖြစ်ပြီး ခွင့်ပြုပေးခဲ့ တဲ့မိသားစုနဲ့ ချစ်သူကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

Advertisement

   ” ကျေးဇူးပါ ချစ်သူ ရေ…. (25 . 3 . 2020)COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု နှင့်
အရေးပေါ် လိုအပ်သည့်နေရာများတွင် ရန်ကုန်တိုင်းကျန်းမာရေး ရဲ့ ဦးစီး ကွပ်ကဲမှုဖြင့် ပူးပေါင်း ပါဝင်ကူညီနိုင်ရန်အတွက် နားလည် ပေးတဲ့ မိသားစု နှင့် ခွင့်ပြုပေးတဲ့ ချစ်သူကိုပါ ကျေးဇူးတင်ပါတယ်….

ဒီနေ့ကစပြီး အရေးကြီးလူနာနှင့် စောင့်ကြည့်လူနာများကို ထိတွေ့ကိုင်တွယ်ရတော့မှာဖြစ်တဲ့ အတွက် ဗိုင်းရပ်များ ကပ်တွယ်နေနိုင်သည့်အတွက် အိမ်ပြန်ခွင့်မရှိတော့သလို ကိုယ်တိုင် lockdown ချလိုက်ရ ပြီဖြစ်ပါတယ် ..ဒီရက်တွေမှာ အလုပ်နှင့် အခြားကိစ္စများအတွက် မလု ပ်နိုင်သေးတာကိုတောင်းပန်ပါတယ်…

အရေးတကြီးတွေ့လိုပါက ဝေဘာဂီဆေးရုံမှာ နေ့ ည ရှိနေမှာပါ… လိုအပ်လို့ အကူညီလိုလျှင် ဆက်သွယ်ပါ …ကျွန်တော်တို့ လိုအပ်ချက်များရှိလျှင် လည်း ‌ပြောပါ ဆိုပါ ရိုင်းပင်ပါ… ကျွန်ေ တာ် နှင့် အတူ အောင်သော် ၊ဟန်ဇာ မိုးဝင်း ၊မေတ္တြာ မင့်မြတ်ဟိန်း ၊မောင်မောင်သန့် တို့အပါ အဝင် အားလုံး နှစ်ကျိတ် 20 ယောက်ပါ ” ဆိုပြီးေ ရးသားမျှဝေခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်အတွက် ပရဟိတလုပ်ရာမှာ ထင်သလောက်မလွယ်ကူဘူးဆိုတာကိုတော့ ပရိသတ်တွေလည်း သိရှိပြီး ဖြစ်မှာပါ။ ကိုယ့်အသက်အတွက် အာမခံချက်မရှိတဲ့အပြင် မိသားစု အတွက်လည်း ကြည့်ရတာမို့ တော်ရုံပရဟိတသမားတွေ ရှောင်နေတဲ့အချိန်မှာ ဝေဠုကျော် ကတော့ အိမ်မပြန်ဘဲ ဝေဘာဂီမှာပဲနေရင်း ကူညီသွားမယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ… ဝေဠုကျော်ကတော့ ပရဟိတလုပ်ငန်းအစဉ်ပြေချောမွေ့စေဖို့ ခွင့်ပြုပေးခဲ့တဲ့မိသားစု နဲ့ ချစ် သူေ လးကိုလည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

Source – Wai Lu Kyaw
Rainbow- Cele Gabar,Reference&Credit:Celegabar.com

Comments are closed.