လူတိုင်းကတာဝန်ကိုယ်စီနဲ့ကာကွယ်နေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

လူတိုင်းကတာဝန်ကိုယ်စီနဲ့ကာကွယ်နေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်(COVID -19)ရောဂါကူးစက်မှုကို လူအများကြောက် ရွံ့ေ နရတာလည်း ဖြစ်ပါတယ်။ လူပေါင်းများစွာလည်း အသက်ဆုံးခဲ့ပြီဖြစ်ပြီး ကမ္ဘာမှာ လက်ရှိကူး စက်ခံထားရသူ (၄)သိန်းနီးပါးရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း ရောဂါပိုးတွေ့ရှိသူ(၃)ဦး ရှိနေပါပြီ။ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ စိုင်းစိုင်းခမ်းလှိုင်ကတော့ လူတိုင်းကတာဝန် ကိုယ်စီ နဲ့ကာကွယ်နေတယ် လို့ဆိုလိုက်ပါတယ်။

Advertisement

သူကတော့ ဒီရောဂါကိုဝိုင်းဝန်းကာကွယ်တွန်းလှန်နေတဲ့လုပ်ငန်းစဉ်မှာ အသက်အ ရွယ်၊အ ဆင့်အတန်း၊အလုပ်အကိုင်မရွေးဘဲလူတိုင်းပါဝင်နေတဲ့အကြောင်းကို ရေးဆွဲထားတဲ့ ပုံလေး တစ်ခုကိုတင်ခဲ့တာပါ။ဒီပုံလေးနဲ့အတူ “ဘယ်နိုင်ငံက ဆွဲထားတဲ့ပုံလည်း မသိပါဘူး။ဒါပေမယ့် ကျနော်တို့ဆီမှာလည်း အတူတူပါပဲ။ဒီအချိန်မှာ အိမ်ထဲမှာနေပေးနေတဲ့သူတွေဟာလည်း ရောဂါကို ဝိုင်းဝန်းထိန်းချုပ်နေတာပါပဲ။အိမ်ထဲမှာနေနိုင်ဖို့ အပြင်မှာ အလုပ်လုပ်ပေးနေတဲ့ လူတိုင်းကလည်း သူရဲကောင်းတွေပါပဲ။လူတိုင်းက တာဝန်ကိုယ်စီနဲ့ ကာကွယ်နေကြပါတယ်။

ကပ်ရောဂါဆိုးကြီးက အမြန်ဆုံးကျော်လွှားနိုင်ပါစေ” လို့ ရေးသားထားတာပါ။အခု လို အရေး ကြီးတဲ့အချိန်မှာတော့ မိမိအိမ်မှာနေခြင်းကလည်း အခြားသူတွေကို ကူညီရာရောက်နေ တာပါ ။စိုင်းစိုင်းပြောသလို ကမ္ဘာနဲ့အဝှမ်းရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်(COVID -19)ရောဂါဟာ အမြန်ဆုံးပျောက်ကင်းပြီး သာယာတဲ့ကမ္ဘာကြီး အဖြစ်ပြန်လည်မြင်တွေ့ရဖို့ဆိုတာ လူတိုင်းေ မျှာ် လင့်နေတဲ့အရာတစ်ခုဖြစ်မှာပါနော်…

Source:SaiSaiKhamLeng ,Reference&Credit:Celegabar.com

Comments are closed.