အရင်က သူများနားကပ်နေတယ် အခုက စုပြီး တိုက်ခန်းငှါးနေတယ်ဆိုတဲ့ ဖိုးပြည့်

အရင်က သူများနားကပ်နေတယ် အခုက စုပြီး တိုက်ခန်းငှါးနေတယ်ဆိုတဲ့ ဖိုးပြည့်

လူကြီးလူငယ် ပရိသတ်တွေကြားထဲမှာရော Facebookလူမှု စာမျက်နှာတွေမှာရော အရမ်းနာမည်ကြီးပြီး အရမ်းပေါက်ခဲ့တဲ့ အပြင် လူအများ Cover Song အဖြစ်တောင်မှ ပြန်လည်သီဆိုကြတဲ့ အရမ်းအောင်မြင်တဲ့ ကိုယ်စောင့်နတ်သီချင်းကို ရေးဖွဲ့သီဆိုခဲ့တဲ့ တေးသံရှင် ဖိုးပြည့်က အရင်တုန်းက အခြေအနေက သူများအိမ်မှာ ကပ်နေတယ် အခုကတော့ သူငယ်ချင်းတွေနဲ့ စုပြီးတော့ တိုက်ခန်းလေး ငှါးနေနိုင်ပါပြီလို့ မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

ကိုယ်စောင့်နတ်သီချင်းနဲ့ ဖိုးပြည့်ဆိုပြီး လူတွေသိလာတာနဲ့ ပတ်သက်ပြီး ဖိုးပြည့်က “ပျော်တာပေါ့နော် ခံစားချက် ဆိုတာလည်း ဒီလိုပါပဲ မပြောတတ်ဘူး။ အဲ့တစ်ပုဒ်အတွက် အရားထင်ပြီပေါ့ ကျန်တဲ့အပုဒ်တွေအတွက် အရာထင်အောင်လို့ ကူပါအုန်းလို့။”လို့ ပြောသွားခဲ့ပါတယ်။

City FM မှာ Rock Of The Year ဆုကို ရရှိတဲ့အတွက် ခံစားချက်နဲ့ ပတ်သက်ပြီး “ဒီ FM တွေဆိုတာလည်း ကျွန်တော်တို့အတွက် ပေါင်းကူးတံတားပဲလေနော်။ သူတို့လွှင့်ပေးမှ အလုပ်လုပ်နေတဲ့သူတွေ ကိုယ်တိုင် သီချင်းဖွင့်နားမထောင်နိုင်တဲ့သူတွေက သူတို့လွှင့်ပေးမှ ကြားရတာပေါ့နော်။ ဒါကပေါင်းကူးတံတားပါပဲ အရမ်းကျေးဇူးတင်ရပါတယ် FM တိုင်းကို ဒီCity FMမှ မဟုတ်ဘူး FM တိုင်းFMတိုင်းကို ကျေးဇူးတင်တယ်။ FM ဝန်ထမ်းအကုန်လုံးကိုပါ ကျေးဇူးတင်တယ်။ တောင်းသမျှလွှင့်ပေးတာတွေရောပေါ့နော်။ တစ်ခါတစ်လေ မတောင်းဘဲ သူတို့လွှင့်တာတွေကိုလည်း ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ရန်ကုန်မှာ နေရတာ အဆင်ပြေလားလို့ မေးမြန်းရာ “အဆင်ပြေနေလားဆိုတော့ တိုက်ခန်းတော့ ငှါးထားပြီဗျ။ အရင်တုန်းကတော့ ကပ်နေတာပေါ့ ကျွန်တော်တို့ တောင်ကြီးသားတွေ ရှိတယ်လေ ရန်ကုန်မှာ သူတို့အိမ်မှာ ကပ်နေလိုက် ကိုဖိုးဇော်အိမ်တောင်ပါသေးတယ်။ သူ့အိမ်မှာ သွားကပ်နေလိုက် အခုတော့ တိုက်ခန်းငှါးနိုင်ပြီပေါ့နော် ငှါးနိုင်ပြီဆိုတာ သူငယ်ချင်းတွေ စုပြီးငှါးတာပါ တစ်ယောက်ထဲတော့ မငှါးနိုင်ပါဘူး။”လို့ ပြောသွားခဲ့ပါတယ်။

ဆံပင်ညှပ်ဖို့ရော အစီအစဉ်ရှိလားလို့ မေးမြန်းရာ “ကျွန်တော်က မရှိဘူး အမေက ရှိတယ် အမေက ညှပ်ချင်နေတာ ကျွန်တော်က ညှပ်လို့မရသေးဘူးဖြစ်နေတယ်။ အမေက အရှည်ထားကတည်းကကို မထားစေချင်တာလေ ရှည်လာတော့ ညှပ်စေချင်တာပေါ့နော်။ ရှည်ပြီးရင်လည်း ကျွန်တော်က ဘိုသီဘက်သီပဲ နေတော့ အဲ့တာကိုလည်း အမြဲတမ်းပြောတယ်။ နည်းနည်းလေးတော့ ရွှိုင်းပါဦး ဘာညာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

အမေစကားကို နားထောင်တဲ့ သားလိမ္မာတစ်ယောက် ဖြစ်လားလို့ မေးမြန်းရာ ဖိုးပြည့်က “မဟုတ်ဘူးဗျ နားမထောင်လို့ပဲ ဒီအခွေကြီးကို လုပ်တာလေနော်။ အမေက မလုပ်ပါနဲ့ ပြောနေတဲ့ ကြားကနေ ဇွတ်လုပ်တာလေ ကျွန်တော်က နားမထောင်တဲ့ သားပါပဲ။ ကိုယ်လုပ်ချင်နေတာကြီးကို ဘယလုပ်ခွင့် မပေးကတည်းက လုပ်ချင်လို့ လုပ်နေတာကို အခုလုပ်ခွင့်လည်း ရသွားပြီဆိုတော့ ပိုပြီးတော့ လွတ်လွတ်လပ်လပ် လုပ်လို့ကောင်းသွားပြီပေါ့။” လို့ ဖြေဆိုသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.