အကယ်ဒမီပေးပွဲကို တက်ဖြစ်ဖို့များမယ်ဆိုတဲ့ ခီမောင်နှံ

အကယ်ဒမီပေးပွဲကို တက်ဖြစ်ဖို့များမယ်ဆိုတဲ့ ခီမောင်နှံ





အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

[UNICODE FONT]

ဇဏ်ခီနဲ့ ခရစ်(စ)တီးနားခီ မောင်နှံကတော့ လက်ရှိအချိန်မှာ Now and Ever ရုပ်ရှင်ကို ကြိုးစားပုံဖော်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးအတွက် အနုပညာရသစစ်စစ် ဖန်တီးပေးဖို့ ကြိုးစားနေတဲ့ ခီမောင်နှံက City FM ရဲ့ ၁၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။ ဒီပွဲမှာ ပေးအပ်တဲ့ ဆုနဲ့ပတ်သက်လို့ ခီမောင်နှံရဲ့ အမြင်ကိုတော့ အင်တာဗျူးက တဆင့် ခုလို သိရပါတယ်။

“ဆုပေးတာကတော့ ကောင်းတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကြိုးစားချင်စိတ် ပိုများလာတယ်။ တစ်နှစ်လုံးမှာမှ ဒီတစ်ဆုပဲ ရတာဆိုတော့ အဆိုတော်တွေ အတွက်ကတော့ ဒီနေ့က နေ့ထူးနေ့မြတ်ပဲလေ။ နောက်နောင် သူတို့ကို အားကျတဲ့သူတွေ ပိုများလာအောင် လုပ်တာဖြစ်လို့ ပိုကောင်းပါတယ်။” ဆိုပြီး ခရစ်(စ)တီးနားခီက ပြောပြပါတယ်။

ဒီနှစ်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကို ခီမောင်နှံ တက်ဖြစ်မလားဆိုတာကိုတော့ ခုလို ကြားသိရပါတယ်။

“တက်ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အမတို့ ပြဿနာက လူအများကြီးနဲ့ အလုပ်လုပ်ရတာဆိုတော့ မင်းသားတွေ မင်းသမီးတွေ crew member တွေ ကို ဘယ်နေ့ဘယ်ရက် အလုပ်လိုချင်တယ်လို့ ပြောထားသလို အမတို့ဆီမှာ နေ့စားတွေရှိတယ်။ ခဏခဏပျက်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်။ အမအနေနဲ့ အဲ့ဒါကြောင့်မို့ ညှိညှိနှိုင်းနှိုင်းလေး စဉ်းစားရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။


Comments are closed.