ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ သမီးလေး စံထိပ်ထားဦး အတွက် မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့တဲ့ ခိုင်သင်းကြည်
ပရိသတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးကြီး ခိုင်သင်းကြည်ရဲ့ သမီးဖြစ်တဲ့ မျိုးဆက်သစ်အနုပညာရှင်ကြယ်ပွင့်လေးဖြစ်လာမယ့် စံထိပ်ထားဦးရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ထိပ်ထိပ်လေးက အသက် (၁၉)နှစ်ပြည့်မြောက်သွားခဲ့တာပါတဲ့။
ထိပ်ထိပ်လေးရဲ့ ဒီနေ့မှာကျရောက်တဲ့ မွေးနေ့လေးအတွက်ကိုတော့ မေမေခိုင်းသင်းကြည်က “Happy Birthday မေမေ့ချစ်သဲလေးရေ။ (၁၉)နှစ်တောင်ရှိသွားပေမဲ့ သဲလေးကိုလူ့လောကထဲစပြီးခေါ်လာခဲ့တဲ့နေ့ကမနေ့တနေ့ကလိုပါပဲ။ မေမေ့တို့ဆီလာချင်လွန်းလို့ချက်ချင်းရ ပြီးစောမွေးခဲ့ရတာနေမှာ။ မွေးနေ့ကစပြီးစိတ်ချမ်းသာပြီးကိုယ်ကျန်းမာပါစေ။ ဘုရားတရားသံဃာမိဘဆရာတွေရဲ့ဂုဏ်ကျေးဇူးကိုအမြဲ သိနားလည်ကိုးကွယ်နိုင်ပါစေ။
မေမေလည်းသဲလေးကိုကလေးတယောက်လိုအချစ်လွန်ပြီးအမြဲလိုက်ပြီးစိတ်ပူနေတက်တာတွေလျှော့ပါ့မယ်။အရမ်းချစ်တယ်သဲလေးရေ” ဆိုကာ သမီးလေးထိပ်ထိပ်ရဲ့ ငယ်ဘဝကနေ အခုချိန်ထိ အမှတ်တရပုံလေးတွေနဲ့အတူ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေမွေးနေ့ဆုမွန် ကောင်းတောင်းပေးခဲ့ပါတယ်။ CeleZone ပရိသတ်ကြီးတွေလည်း ထိပ်ထိပ်လေးရဲ့ ဒီနေ့မှာကျရောက်တဲ့မွေးနေ့လေးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။
Source – Khine Thin Kyi
Advertisement
[zawgyi]
ပရိသတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၆)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသ မီးကြီး ခိုင်သင်းကြည်ရဲ့ သမီးဖြစ်တဲ့ မျိုးဆက်သစ်အနုပညာရှင်ကြယ်ပွင့်လေးဖြစ်လာမယ့် စံထိပ်ထားဦးရဲ့ မွေးနေ့ရက်ြ မတ်ကျေ ရာက်တဲ့နေ့ရက်လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့ရက်လေးမှာတော့ ထိပ်ထိပ်လေးက အသက် (၁၉)နှစ်ပြ ည့်ြေ မာက်သွားခဲ့တာပါတဲ့။
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*