မွန်ပြည်နယ်ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက် သိန်း(၃၀၀)တန် ဖိုးရှိပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ Ah Boy တို့မိသားစု

မွန်ပြည်နယ်ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်တွေအတွက် သိန်း(၃၀၀)တန် ဖိုးရှိပစ္စည်းတွေလှူဒါန်းပေးခဲ့တဲ့ Ah Boy တို့မိသားစု

Ah Boy ကတော့ တစ်ချိန်တုန်းကဂီတလောကမှာ ပရိသတ်အသိမှတ်ပြုအားပေးခြင်း ကိုရရှိ ခဲ့သူဖြစ်ပြီး အခုချိန်မှာဆိုရင်တော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီဖြစ်ပါတယ်။ ဇနီးချောေ လး မြတ်ရတနာကျော်နဲ့အတူ သာယာပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို တည်ထော င်ထားပြီး ချစ်ရတဲ့သမီးလေးနဲ့ အများတကာအားကျရတဲ့ဘဝကို ပိုင်ဆိုင်ထားသူတစ်ယော က်ပါ။ နှစ်ဦးစလုံးအနုပညာအလုပ်တွေမလုပ်ဖြစ်တော့ပေမယ့်လည်း

ပရိသတ်တွေနဲ့အဆက် အသွယ်မပြတ်အောင် Our Travel Diaries ဆိုတဲ့ Vlog လေးတစ်ခု လုပ်ထားပြီး သူတို့ ရောက်ဖူးတဲ့နေရာတွေနဲ့ ပတ်သက်တဲ့ဗဟုသုတတွေကို မျှဝေပေးလျက်ရှိပါ တယ်။

ဒီနေ့မှာတော့ Ah Boy က သူတို့ရဲ့မိသားစုပိုင်ကုမ္ပဏီကနေ လှူဒါန်းပေးခဲ့တဲ့ ပရိသတ်ေ တွ ဝမ်းသာရလောက်တဲ့အလှူလေးတစ်ခုကို ဖော်ပြခဲ့ပါတယ်။ “Myanmar Lighting IPP Co.,Ltd. မှ မွန်ပြည်နယ်တွင် Covid-19 ရောဂါ ကာကွယ်ကုသရေးအတွက် ဆေးရုံသုံး နှာခေါင်းစည်း အခုရေ (၂၀,၀၀၀) နှင့် Quarantine နေမည့် လူနာများအတွက် ကုတင် အလုံးရေ (၂၀၀) စုစုပေါင်း ငွေကျပ်သိန်း (၃၀၀) တန်ဖိုးရှိ ပစ္စည်းများအား ယနေ့ လှူဒါန်းခဲ့ပါသည်” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ်။

လတ်တလောပြည်သူလူထုကြားမှာ ကြောက်လန့်နေတဲ့ကိစ္စတစ်ရပ်ကတော့ ပြည်ပထွက်ခွာ ပြီးအလုပ်သွားရောက်လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေပြန်လည်ရော က်ရှိလာတဲ့အချိန်ပဲဖြ စ်ပါတယ်။ မမြင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေ ပါလာနိုင်ချေရှိတယ်လို့ ယုံကြည်နြေ ကသလို အစိုးရအဖွဲ့အစည်းတွေအတွက်လည်း များပြားလှတဲ့ပြည်တော်ပြန်တွေအတွက် ကာ ကွယ်ရေးလုပ်ငန်းစဉ်တွေကို စဉ်းစားရကျပ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။

စစ်တမ်းများအရ မွန်ပြည်နယ်ကနေ ပြည်ပနိုင်ငံများမှာသွားရောက်လုပ်ကိုင်သူ (၄၂၆၅၈၆) ယောက်ရှိနေပြီး လတ်တလောကမ္ဘာနဲ့အဝှမ်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြန်လာ သူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဒီလိုအခြေအနေမျိုးမှာ လိုအပ်လာရင်ကျန်းမာရေးစောင့်ရှောက် မှုပေးနို င်ဖို့ အတွက် Ah Boy တို့မိသားစုကတော့ သံသယလူနာတွေ Quarantine ဝင်နိုင်ဖို့ ဆေးရုံသုံးပစ္စည်းတွေအတွက်သိန်း(၃၀၀)ဖိုး လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

. Ah Boy တို့ရဲ့အလှူလေးကတော့ ပြည်သူတွေရဲ့စိုးရိမ်စိတ်ကို တစ်ဝက်လောက်ေ လျှာ့ချေ ပးနိုင်မှာ အမှန်ပါပဲနော်။ မွန်မြတ်လှတဲ့ Ah boy တို့မိသားစုအလှူလေးအတွက် သာဓုခေါ်ေ ပးခဲ့ပါဦး ပရိသတ်ကြီးရေ…

Source – Kyaw Phyo Tun
Rainbow- Cele Gabar,Reference&Credit:Celegabar.com

Comments are closed.