ဆိုင်ကဝန်ထမ်းတွေအတွက် စားနပ် ရိက္ခာထောက်ပံ့ပေးခဲ့တဲ့ လမင်းကဗျာ

ဆိုင်ကဝန်ထမ်းတွေအတွက် စားနပ် ရိက္ခာထောက်ပံ့ပေးခဲ့တဲ့ လမင်းကဗျာ

လမင်းကဗျာကတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို စတင်လုပ် ကိုင်နေပြီး ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ထားတဲ့ သူတစ်ယော က်ပါ။ အခုနောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက်အနေနဲ့ပါ အနုပညာအလုပ်တွေကို တိုးချဲ့လုပ်ကိုင်နေခဲ့ပါသေးတယ်။ ပရိသတ်တွေချစ်ခင်ကြတဲ့ လမင်းကဗျာကတော့ လူလေး လည်း လှသလို စိတ်ထားလေးလည်းမွန်မြတ်လှတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မကြာခဏဆိုသလို လိုအပ်တဲ့ နေရာတွေမှာတတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်ေ လ့ရှိတဲ့ အပြင် လတ်တလောမှာလည်း သူ့ရဲ့ ဆိုင်ကဝန်ထမ်းတွေကို ဆိုင်ပိတ်ချိန်မှာ အိမ်ပြန် လက်ဆောင်အနေနဲ့ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ မုန့် စတဲ့ စားသောက်ကုန်ပစ္စည်းတွေကို တတ်နိုင်သလောက်လေး ထောက်ပံ့ပေးခဲ့ပါသေးတယ်။

ပရိသတ်တွေကတော့ လမင်းကဗျာရဲ့ ချစ်စရာကောင်းလှပြီး မွန်မြတ်လှတဲ့ စိတ်ထားလေး ကိုသဘောကျနှစ်သက်နေခဲ့ပြီး ချီးကျူးစကားတွေပြောဆိုနေခဲ့ကြပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ လမင်းကဗျာရဲ့ လက်အောက်ငယ်သား ဆိုင်ဝန်ထမ်းလေးတွေအပေါ်မှာ ထားတဲ့ စိတ်ထားလေးက တကယ်ပဲ ပရိသတ်တွေချီးကျူးလည်း ချီးကျူးထိုက်ပါတယ်နော်။

Chilli – CeleGabar
Source – Lamin Kabyar,Reference&Credit:Celegabar.com

Comments are closed.