မန္တလေးမြို့က ဆေးရုံကြီး(၃)ရုံမှာ Mask တွေအပြင် လိုအပ်နေတဲ့ပ စ္စည်းေ တွပါလှူဒါန်းပေးခဲ့တဲ့ Oasix

မန္တလေးမြို့က ဆေးရုံကြီး(၃)ရုံမှာ Mask တွေအပြင် လိုအပ်နေတဲ့ပ စ္စည်းေ တွပါလှူဒါန်းပေးခဲ့တဲ့ Oasix

နိုင်ငံကျော် Hip Hop အဆိုတော်တစ်ယောက်ဖြစ်တဲ့ Oasix ကတော့ လူငယ်တွေရဲ့ပါးစပ် ဖျားမှာရေပန်းစားခဲ့တဲ့ သီချင်းပေါင်းမြောက်များစွာကို ရေးစပ်သီဆိုခဲ့သူပါ။သူကတော့ မန္တေ လးသားတစ်ယောက်ဖြစ်တာနဲ့အညီ လတ်တလောမှာတော့ မန္တလေးမြို့အတွက်ကာ ကွယ် ကုသရေးလုပ်ငန်းစဉ်တွေမှာ တတ်အားသရွေ့ပါဝင်အားဖြည့်နေသူလည်း ဖြစ်ပါတယ်။

 မကြာသေးခင်ကမှ တက္ကသိုလ်ကျောင်းသားတွေနဲ့အတူတူ ဈေးကွက်မှာဝယ်ရခက်နေတဲ့ Hand Gel, Hand wash တွေကို ကိုယ်တိုင်ပါဝင်ပြုလုပ်ပြီး ပြည်လုံးချမ်းသာမိဘ မဲ့ကျောင်း ကို လှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် မီးပွိုင့်မှာဈေးရောင်းနေတဲ့ ပန်းသည်ကလေးတွေအတွက်ပါ Mask နဲ့ Hand Gel တွေကို သတိတရသွားလှူပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာလည်း မန္တလေးမြို့ရဲ့ပြည်သူဆေးရုံကြီးတွေဖြစ်တဲ့ Mandalay General Hospital မှာ Surgical Mask အခု (၅၀၀)၊

ကုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီး ( မန္တလေး) မှာ Surgical Mask အခု (၅၀၀)၊ကုတင် (၃၀၀) ဆံ့ ၆၂ လမ်း ဆေးရုံကြီးမှာ Surgical Mask အခု (၄၀၀)သွားရောက်လှူဒါန်းပေးခဲ့ပါ တယ်။ ဒါ့အပြင် အရေးကြီးတဲ့ Hand Gel / Hand Washဗူး (၁၀၀) / Polar သောက်ရေသန့် မှ ရေသန့်ဗူးကတ်များကိုလည်း သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ် ပရိသတ်ကြီးရေ…

ပရိသတ်ရဲ့အချစ်တော် Oasix ကတော့ အခုလိုခက်ခဲနေတဲ့အခြေအနေမျိုးမှာ နိုင်ငံကြီးသားပီ သစွာနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီအားဖြည့်ပေးနေတာပဲဖြစ်ပါတယ်။ ပြည်သူေ တွရဲ့စံပြအားထားစရာ အနုပညာရှင်တွေ များများရှေ့ထွက်ပါမှ နောက်ကပြည်သူတွေပါလိုက် ပါကြမို့ Oasix ရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။

ထပ်ပြီးတော့လည်း ရတနာပုံတက္က သိုလ်က ကျောင်းသား၊ကျောင်းသူတွေနဲ့ ပူးပေါင်းပြီး Hand gel, Hand Wash တွေကိုယ်တို င်လုပ်ပြီး လှူဒါန်းသွားဦးမယ်လို့လည်း သိရပါတယ် ပရိသတ်ကြီးရေ.. ကိုယ်နိုင်တဲ့ဘက်ကနေ တတ်အားသရွေ့ကူညီနေတဲ့ Oasix ရဲ့အလှူေ လးကို သာဓုခေါ်ပေးခဲ့ကြပါဦးနော်။

Source – Oasix
Rainbow- Cele Gabar,Reference&Credit:Celegabar.com

Comments are closed.