ဝက္ဝက္ ကြဲေအာင္ ပြင့္ ဇာတ္ကား မွာ မိန္းမ လ်ာပုံစံ နဲ႔ ပထမဆုံးျမင္ေတြ႕ရမယ့္ ဥကၠာမင္းေမာင္

ဝက္ဝက္ ကြဲေအာင္ ပြင့္ ဇာတ္ကား မွာ မိန္းမ လ်ာပုံစံ နဲ႔ ပထမဆုံးျမင္ေတြ႕ရမယ့္ ဥကၠာမင္းေမာင္

လတ္ တေလာမွာေတာ့ အေမရိကန္ႏိုင္ငံမွာ ခ်စ္သူနဲ႔အေျခခ်ေနထိုင္ေနတဲ့ ဥကၠာမင္းေမာင္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ” ဝက္ဝက္ကြဲေအာင္ပြင့္ ” ႐ုပ္ရွင္ဇာတ္ကားဟာ လာမယ့္ေဖေဖာ္ဝါရီလမွာ ႐ုံတင္ျပသေတာ့မွာပဲျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ရယ္ေမာေပ်ာ္႐ႊင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလား။ ဒီဇာတ္ကားထဲမွာဆိုရင္ ဥကၠာမင္းေမာင္ဟာ မိန္းမလ်ာေနရာကေန ပါဝင္သ႐ုပ္ေဆာင္မွာပဲျဖစ္ပါတယ္။ ဒီလိုဇာတ္႐ုပ္ဟာ သူ႔အတြက္ ပထမဆုံးလို႔လည္းေျပာလို႔ရပါတယ္။

အရင္က ဒီလိုဇာတ္႐ုပ္ကိုသ႐ုပ္မေဆာင္ခဲ့ပဲ အခုခ်ိန္ဟာ ဥကၠာမင္းေမာင္ကို အမ်ိဳးသမီးအသြင္အျပင္နဲ႔ ပထမဆုံးျမင္ေတြ႕ရေတာ့မွာပဲျဖစ္ပါတယ္။ ဗလေတာင့္ေတာင့္နဲ႔ ဥကၠာမင္းေမာင္တစ္ေယာက္ ဇာတ္ကားထဲမွာ ဘယ္လိုေတြပြင့္ခ်မလည္းဆိုတာေတာ့ ရင္ခုန္စြာနဲ႔ေစာင့္ေမွ်ာ္ရမွာပါပဲေနာ္။ ဒီဇာတ္ကားကို ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာပဲျဖစ္ပါတယ္။ ဒီဇာတ္ကားမွာ အဓိကသ႐ုပ္ေဆာင္ေတြအေနနဲ႔ ရန္ေအာင္၊ ေျပတီဦး၊ ထြန္းလြင္ေအာင္၊ ဥကၠာမင္းေမာင္၊ ဝတ္မႈန္ေ႐ႊရည္၊ ေဝလွ်ံ၊ မင္းေဇ၊ ယြန္းေ႐ႊရည္တို႔က ပါဝင္သ႐ုပ္ေဆာင္ထားတာပဲျဖစ္ပါတယ္။

ဒီဇာတ္ကားက ပရိသတ္ေတြကို အျပတ္အသတ္ရယ္ေမာေစမယ့္ ဇာတ္ကားတစ္ကားျဖစ္မယ္ဆိုတာေတာ့ အေသအခ်ာပါပဲ။ ဝက္ဝက္ကြဲေအာင္ပြင့္ဆိုတဲ့အတိုင္း ပရိသတ္ေတြကို ဘယ္လိုေတြပြင့္ခ်ျပမလည္းဆိုတာေတာ့ ရင္ခုန္ခ်င္စရာႀကီးေနာ္။ အမိုက္စားျပကြက္ေတြနဲ႔ ပရိသတ္ေတြကို ရယ္ေမာေစေတာ့မွာမို႔ လက္မလႊတ္တမ္းအားေပးရမယ့္ ဇာတ္ကားေကာင္းတစ္ကားမို႔ ႐ုံတင္တာနဲ႔ အျမန္ေလးအားေပးလိုက္ဦးေနာ္။

[Unicode]

လတ် တလောမှာတော့ အမေရိကန်နိုင်ငံမှာ ချစ်သူနဲ့အခြေချနေထိုင်နေတဲ့ ဥက္ကာမင်းမောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ” ဝက်ဝက်ကွဲအောင်ပွင့် ” ရုပ်ရှင်ဇာတ်ကားဟာ လာမယ့်ဖေဖော်ဝါရီလမှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရယ်မောပျော်ရွှင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလား။ ဒီဇာတ်ကားထဲမှာဆိုရင် ဥက္ကာမင်းမောင်ဟာ မိန်းမလျာနေရာကနေ ပါဝင်သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။ ဒီလိုဇာတ်ရုပ်ဟာ သူ့အတွက် ပထမဆုံးလို့လည်းပြောလို့ရပါတယ်။

အရင်က ဒီလိုဇာတ်ရုပ်ကိုသရုပ်မဆောင်ခဲ့ပဲ အခုချိန်ဟာ ဥက္ကာမင်းမောင်ကို အမျိုးသမီးအသွင်အပြင်နဲ့ ပထမဆုံးမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ်။ ဗလတောင့်တောင့်နဲ့ ဥက္ကာမင်းမောင်တစ်ယောက် ဇာတ်ကားထဲမှာ ဘယ်လိုတွေပွင့်ချမလည်းဆိုတာတော့ ရင်ခုန်စွာနဲ့စောင့်မျှော်ရမှာပါပဲနော်။ ဒီဇာတ်ကားကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကသရုပ်ဆောင်တွေအနေနဲ့ ရန်အောင်၊ ပြေတီဦး၊ ထွန်းလွင်အောင်၊ ဥက္ကာမင်းမောင်၊ ဝတ်မှုန်ရွှေရည်၊ ဝေလျှံ၊ မင်းဇေ၊ ယွန်းရွှေရည်တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားက ပရိသတ်တွေကို အပြတ်အသတ်ရယ်မောစေမယ့် ဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာတော့ အသေအချာပါပဲ။ ဝက်ဝက်ကွဲအောင်ပွင့်ဆိုတဲ့အတိုင်း ပရိသတ်တွေကို ဘယ်လိုတွေပွင့်ချပြမလည်းဆိုတာတော့ ရင်ခုန်ချင်စရာကြီးနော်။ အမိုက်စားပြကွက်တွေနဲ့ ပရိသတ်တွေကို ရယ်မောစေတော့မှာမို့ လက်မလွှတ်တမ်းအားပေးရမယ့် ဇာတ်ကားကောင်းတစ်ကားမို့ ရုံတင်တာနဲ့ အမြန်လေးအားပေးလိုက်ဦးနော်။

Comments are closed.