ကင်းကောင်က ပုပ္ပါးရောက်ကတည်းက ယဲ့ယဲ့ပဲကျန်တာဆိုတဲ့ ဒါရိုက်တာမောင်သီ

ကင်းကောင်က ပုပ္ပါးရောက်ကတည်းက ယဲ့ယဲ့ပဲကျန်တာဆိုတဲ့ ဒါရိုက်တာမောင်သီ

ဇန်နဝါရီလ ၂၂ရက်နေ့က ပုပ္ပါးမှာ ဇာတ်ကားရိုက်ကူးရင်းနဲ့ ကွယ်လွန်သွားခဲ့တဲ့သရဲလေးကောင် လူရွှင်တော် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ဦးကင်းကောင်ဟာ စရံငွေကို ကြိုယူထားတာကြောင့် ပုပ္ပါးအထိကို မိန်းမနဲ့ အတူတူ ဇာတ်ကားလာရိုက်တာ ဖြစ်ကြောင်း ဒါရိုက်တာ မောင်သီက အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဒါရိုက်တာ မောင်သီက “ကင်းနဲ့ သူ့အမျိုးသမီး မအေးတို့ရောက်လာတယ် ပုပ္ပါးကို ရောက်လာကတည်းက တွေ့လိုက်တဲ့ အချိန်မှာ လူက ယဲ့ယဲ့ ပဲရှိတယ်။ စကားတောင် သူလေသံတောင် မထွက်နိုင်ဘူး။ ဘာလို့လာတာလဲလို့ ကျန်းမာရေး ဖြစ်နေရင် နားတာမဟုတ်ဘူးလို့။ သူတို့ကလည်း စရံယူထားလို့ ဘာညာပေါ့ဗျာ အလုပ်က လက်ခံထားတော့ အဲ့တာနဲ့ ဆရာဝန်နဲ့လည်း အကုန်ဆေးတွေ သေချာလုပ်ခဲ့ပြီးပြီတဲ့ Clear ဖြစ်တော့မှ လာတာ ဆေးဒဏ်ပိနေတာပေါ့နော် မအေးက အဲ့လိုပြောတယ်။ ပြောတော့ ကျွန်တော်နဲ့ ဒါရိုက်တာလုပ်တဲ့ ကျော်ဇောလင်းပေါ့ ကိုမိုးဦးနဲ့ တိုင်ပင်တယ်။ ဒီအတိုင်းကြီးကတော့ ရိုက်လို့ကတော့ မဖြစ်ဘူး။ ၃ ၄ ရက်လောက်တော့ အနားပေးထားလိုက်ပါလို့။ ပြီးတော့မှ သူ့ကျန်းမာရေး အခြေအနေကြည့်ပေါ့ မကောင်းတော့လည်း ရန်ကုန်ပြန်ပို့မယ်ပေါ့။ ကျွန်တော်တို့က အဲ့လိုစဉ်းစားထားတာပေါ့။ ရောက်ပြီး၂ရက်ပေါ့နော် အင်္ဂါနေ့ မနက်မှာ ဆုံးသွားတယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဦးကင်းကောင်နဲ့ လက်တွဲခဲ့တဲ့ အချိန်ကာလနဲ့ ပတ်သက်ပြီးတော့လည်း “ကင်းနဲ့က ကြာလှပါပြီ ကျန်းမာရေး မကောင်းဘူးဆိုတော့လည်း ဖြစ်နေတာ ၂နှစ်လောက်ရှိပြီပေါ့။ အဲ့ကြားထဲမှာလည်း သူကျန်းမာရေးမကောင်းတော့ ဒီဘက်က ဆေးဖိုးစာရိတ်လေးတွေ အတွက်ပေါ့။ ကျွန်တော်က အလုပ်လေးတွေ ပေးရတာပေါ့။ ကိုဧရာတို့ သူတို့ပေါ့ သူတို့ကို အလျဉ်းသင့်သလိုပေါ့ သူတို့လုပ်နိုင်မယ့် အတိုင်းအတာလေးတွေနဲ့ အလုပ်လေးတွေ ခေါ်ပေးတယ်။ ကင်းကောင်နဲ့ကတော့ ကင်းကောင်ဆိုပြီး စဖြစ်တဲ့ သရဲလေးကောင်ကတည်းက ကျွန်တော်တို့ တွဲခဲ့တာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

ထူးထူးခြားခြား အမှတ်တရတွေနဲ့ ပတ်သက်ပြီး မောင်သီက “ထူးခြားတဲ့ အမှတ်တရကတော့ များတယ်ဗျ သူတို့နဲ့ ကျွန်တော်နဲ့ ကြားမှာက။ ကားတွေကလည်း အရမ်းများတယ် အမှတ်တရတော့ များပါတယ်။ အဓိက အမှတ်တရကတော့ ကင်းကောင်သည် သူများကို ဒုက္ခမပေးတတ်ဘူး။ ပျော်ပျော်နေတယ် အကုန်လုံးချစ်တယ် သူ့ကို သူနဲ့ ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ပဲ။ သူနဲ့ မတည့်တဲ့လူဆိုတာလည်း တော်တော်ရှားတယ်။ အကုန်လုံးနဲ့ တည့်အောင်နေတယ်။ အကုန်လုံးကလည်း ချစ်ကြတယ်။”လို့ပြောခဲ့ပါတယ်။

လူရွှင်တော် အလွှာနဲ့ ပတ်သက်ပြီး အနာဂတ်က ဘယ်လိုဖြစ်လာနိုင်လဲလို့ မေးမြန်းရာ “လူရွှင်တော်ဆိုတဲ့ အလွှာတစ်ခုကတော့ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ သို့သော်လည်း ခေတ်ရဲ့ အခြေအနေအရ ခေတ်ရဲ့တောင်းဆိုမှုအရ ဟာသတွေ ရှေ့ရောက်တာရှိတယ်။ ဟာသတွေ သိပ်မအောင်မြင်ဘဲနဲ့ နောက်ရောက်နေတာတွေ ရှိတာပေါ့နော်။ ဒါကတော့ ခေတ်အလျောက်မူတည်မှာပေါ့။ လူဆိုတာမျိုးကလည်း ကြက်သားဟင်းကြီး နေ့တိုင်းစားချင်တာမှ မဟုတ်တာ။ ချဉ်ပေါင်ကြော် စားတဲ့နေ့လည်း စားချင်တာပေါ့ ဒီလိုပေါ့။ ရသတစ်မျိုးထဲမှာ ပရိသတ်က တစ်ခုထဲကိုပဲ တောင်းတပြီးတော့ တောက်လျှောက်ကြီး Hit ဖြစ်နေတယ်ဆိုတာကတော့ ကျွန်တော်တို့ ကမ္ဘာ့ရုပ်ရှင်သမိုင်းမှာလည်း မရှိဘူး။ မြန်မာ့ရုပ်ရှင်သမိုင်းမှာလည်း မရှိဘူး။ အလှည့်ကျပါပဲ Drama ကားတွေ ပေါက်လာမယ် Drama ကားတွေ များပြီး ကြည့်ရတာ အီလာပြီဆိုရင် ပရိသတ်က တစ်မျိုးတောင့်တတဲ့အချိန်မှာ ပရိသတ်က ဟာသကားတွေဖြစ်မယ် ပြီးရင် အက်ရှင်ကားတွေ ဖြစ်မယ်။ အဲ့လိုပေါ့နော် တစ်လှည့်စီသွားတာပါပဲ။ အဲ့တော့ ဘယ်သူဖြစ်ဖြစ်ပါနော် ဒါရိုက်တာ အကုန်လုံးက လူကတော့ သေမျိုးကြီးပဲကိုဗျ။ အိုမယ်နာမယ်သေမယ် ကြီးလာကြမှာပဲ အရွယ်တွေ ရင့်လာကြမှာပဲ သေဆုံးပျောက်ကွယ်သွားကြမှာပဲ အဲ့မှာမှ ကျန်ခဲ့တဲ့ လူငယ်တွေက ရှေ့ကလူတွေရဲ့ အတွေ့အကြုံတွေကို Share ထားခဲ့တဲ့ ဟာတွေကိုပေါ့နော် Develop ထပ်လုပ်ဖို့ပဲ အရေးကြီးပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.