ဟာသကို ကွန်ဖူးနှင့် ရောသမသူ (သို့) ပရိသတ်အချစ်တော် စတီဗင်ချောင်
ဟာသကို ကွန်ဖူးနှင့် ရောသမသူ (သို့) ပရိသတ်အချစ်တော် စတီဗင်ချောင်
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Credit:MyanmarNote
[UNICODE FONT]
စတီဗင်ချောင်လို့ ဆိုလိုက်တာနဲ့ မျက်စိထဲကို ပြေးမြင်တာက ရှောင်လင်ဘောလုံး ဇာတ်ကားထဲက ဘောကန်ကောင်းတဲ့ ကောင်လေးပေါ့။ သူ့ဇာတ်ကား တော်တော်များများကို ကြည့်လိုက်ရင် ဟာသကို အက်ရှင်နဲ့ ရိုက်ပြထားတဲ့ ဇာတ်ကားတွေချည်းပါပဲ။ တကယ်လည်း တော်ပါတယ်။ ဇာတ်ကားတော်တော်များမာျးကလည်း မြန်မာပရိသတ်နဲ့လည်း ရင်းနှီးပါတယ်။
စတီဗင်ချောင်က ဇွန် (၂၂)၊ (၁၉၆၂)မှာ မွေးတာဆိုတော့ (၅၆)နှစ်ကျော်လာပါပြီ။ ဆင်းရဲတဲ့ မိသားစုကပဲ ပေါက်ဖွားလာတာပါ။ ဆင်းရဲလွန်းတော့ သားရေဘောလုံးလေးတစ်လုံး ပိုင်ခဲ့ရင် ကောင်းမှာပဲဆိုတဲ့အထိ တွေးဖူးပါတယ်။ ကွန်ဖူးကျောင်းတောင်မတက်နိုင်တော့ သင်ချင်တာကို တီဗီကြည့်ပြီး သင်ရပါတယ်။ ငယ်ငယ်က ဘရုစလီက သူ့ရဲ့ အိုင်ဒေါပါပဲလို့ ဆိုခဲ့ပါတယ်။
သူရှောင်လင်ဘောလုံး ရိုက်တော့ ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ လူသိခဲ့ပါတယ်။ ရှောင်လင်ကို သိုင်းပဲချပြနေတဲ့ ပုံစံကနေ ဘောလုံးနဲ့ တွဲပြလိုက်တဲ့ ပုံစံက ခေတ်ရှေ့ပြေးခဲ့တဲ့အတွက် အားလုံးရဲ့ အမြင်မှာ အသစ်ဖြစ်နေတာပါ။ ဒါနဲ့တင်မကသေးဘဲ (၂၀၀၄)မှာ Kung Fu Hustle ကို ရိုက်ပြလိုက်တော့ လုံးဝကို အောင်မြင်သွားပါတယ်။
Kung Fu Hustleကြောင့် စတီဗင်ချောင် ရခဲ့တဲ့ဆုက ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ (၁၁)ဆု ရှိခဲ့ပြီး ဟောင်ကောင် အကောင်းဆုံး ရုပ်ရှင်ဆုကိုပါရခဲ့ပါတယ်။ ဒါကြောင့် သူယုံကြည်တဲ့အတိုင်းပဲ ဟာသ၊ အက်ရှင်၊ ကွန်ဖူးပါတဲ့ ဇာတ်လမ်းတွေပဲ ဖန်တီးခဲ့ပါတယ်။ သူဇာတ်ကားတွေရိုက်ခဲ့ချိန်မှာ ဒါရိုက်တာလုပ်ရတာကို သရုပ်ဆောင်တာထက် ပိုသဘောကျတယ်လို့လည်း ဆိုပါတယ်။
သူ့ရဲ့ ချမ်းသာမှုတွေကို တွက်ချက်ခဲ့တဲ့အချိန်မှာတော့ ဒေါ်လာသန်း(၇၀၀)အထိ ရှိနေခဲ့ပြီး အများစုကသူ့ရဲ့ အိမ်ခြံမြေ မြှုပ်နှံရေးတွေက ရတာပါ။ ဆင်းရဲခဲ့တာကို မမေ့ကြောင်းပြတဲ့အနေနဲ့ ငယ်ငယ်က သူနေခဲ့တဲ့ဈေးတွေ၊ နေရာတွေကို သွားပြီး ပေးကမ်းတာတွေ၊ တွေ့ဆုံတာတွေလုပ်နေတုန်းပါပဲ။ ဒါတွေကြောင့်လည်း ပရိသတ်တွေက သူ့ကို ချစ်ကြတာပါ။
(၂၀၁၉)ထဲမှာတော့ သူ့ဇာတ်ကား The New King of Comedy ထွက်ဖို့ ရှိပြီး အရင် ထွက်ခဲ့ဖူးတဲ့ ဇာတ်ကားကို ပြန်ရိုက်ထားတာလား စောင့်ကြည့်ရမှာပါ။ ဘယ်တော့ပြန်ကြည့်ကြည့် မရိုးတဲ့ ဇာတ်ကားတွေကို မင်းသားကြီး ဆက်ရိုက်နိုင်စေဖို့ ပရိသတ်တွေကလည်း ဆုတောင်းပေးကြမယ်ထင်ပါတယ်။ သူပြောခဲ့တဲ့ စကားလို ‘သူတောင်းစားက ဘုရင်ဖြစ်တာ ပုံပြင်ထဲမှာပဲ ရှိတယ်လို့ ယုံနေသရွေ့ ဘာမှဖြစ်လာမှာမဟုတ်ဘူး’ဆိုတဲ့အတိုင်း သူ့ကိုချစ်တဲ့ ပရိသတ်တွေ ယုံကြည်တာကို မစွန့်ဘဲ အောင်မြင်အောင် လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းရင်း။
Credit:MyanmarNote
Comments are closed.