ေခတ္သစ္ေဖာင္ေဒးရွင္းကုိ သိန္း(၅၀)လွဴဒါန္းခဲ့တဲ့ ေနျခည္ဦး

ေခတ္သစ္ေဖာင္ေဒးရွင္းကုိ သိန္း(၅၀)လွဴဒါန္းခဲ့တဲ့ ေနျခည္ဦး

Beauty Blogger အျဖစ္ကေန မင္းသမီးတစ္လက္အျဖစ္ကုိ အခ်ိန္တိုတိုနဲ႔ေရာက္ရွိလာတဲ့ေနျခည္ဦးဟာဆိုရင္သူမရဲ႕ပထမဆံုးဇာတ္ကားၾကီးျဖစ္တဲ့ “ရန္သူ”ဇာတ္ကားနဲ႔ ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈုကုိရရွိိခဲ့ျပီး အဲဒီဇာတ္ကားနဲ႔ပဲ အကယ္ဒမီတစ္ၾကိဳေပးျခင္းကုိလည္းခံထားရသူပါ။ ေနျခည္ဦးက အခုဆိုရင္ ရုပ္ရွင္ဇာတ္ကားေတြဇယ္ဆက္သလုိရိုက္ေနျပီျဖစ္ျပီး အလုပ္ေတြလည္းဆက္တိုက္လုပ္ေနပါတယ္။ ၂၀၁၉ ဇန္နဝါရီလ (၂၅) ရက္ဟာ ေနျခည္ဦးရဲ႕ေမြးေန႔ျဖစ္ျပီး ေနျခည္က အဲဒီေန႔မွာအလုပ္ေတြဆက္တုိုက္ရွိေနမွာျဖစ္လို႔ ေမြးေန႔အၾကိဳအလွဴေတြကုိ ေစာျပီးလုပ္ျဖစ္ေနတယ္လို႔သိရပါတယ္။ ဒါ့အျပင္ ေနျခည္က ေမြးေန႔ကုိ သီလရွင္ဝတ္ျပီး ေအးေအးခ်မ္းခ်မ္းျဖတ္သန္းခ်င္တယ္လုိ႔လည္း သူမရဲ႕လူမႈကြန္ယက္မွာ ခ်ီလီေတြကုိ ဖြင့္ဟထားပါတယ္။

ေနျခည္ဦးက သူမရဲ႕ေမြးေန႔အလွဴအျဖစ္ျပီးခဲ့တဲ့ (၂၂) ရက္ေန႔က ပရိသတ္ေတြနဲ႔အတူတူ မိသားစုနဲ႔အတူတူ ေအာင္ေဇယ်ာမင္း ပရိယတၱိစာသင္တုိက္ရဲ႕ ဘုန္းေတာ္ၾကီးသင္ပညာေရးေက်ာင္းမွာ အလွဴသြားလုပ္ခဲ့တာလုိ႔သိရပါတယ္။ ေနျခည္ဦးက စာသင္ေနတဲ့ကေလးေတြအတြက္ ေနျခည့္အဝတ္အစားေတြနဲ႔မုန္႔ေတြ၊အရုပ္ေတြဝယ္သြားခဲ့တယ္လို႔သိရပါတယ္။ ဒါ့အျပင္ ေနျခည္ဦးဟာ မိန္းကေလးေတြအတြက္အျမဲတမ္းရပ္တည္ေပးသူျဖစ္တဲ့အေလ်ာက္ မိန္းကေလး လစဥ္သံုးပစၥည္းေတြကုိလည္း ယူသြားဖုိ႔မေမ့ခဲ့ပါဘူး။ ေနျခည္က ေက်ာင္းက ဇန္နဝါရီလမွာေမြးတဲ့ကေလးေတြနဲ႔အတူူေပ်ာ္ေပ်ာ္ရႊင္ရႊင္ေမြးေန႔ကိတ္ခြဲျပီးကေလးေတြကုိ အသံုးအေဆာင္ပစၥည္းေတြလွဴရံုတင္မက ေပ်ာ္ရႊင္မႈေတြပါဖန္တီးေပးခဲ့ပါေသးတယ္။

ေနာက္တစ္ရက္ (၂၃) ရက္ေန႔မွာေတာ့ ေနျခည္ဦးက ေနရာသံုးေနရာမွာ သြားေရာက္လွဴဒါန္းခဲ့တာပါ။ ျပည္သူ႔ေဆးရံုၾကီးမွာ အစားအေသာက္ေတြေဝျပီးေနာက္ သီလရွင္စာသင္တိုက္မွာ အေျခခံစားေသာက္ကုန္ေတြျဖစ္တဲ့ ဆန္၊ဆီ၊ေဆး၊ဆားေတြကုိ သြားေရာက္လွဴဒါန္းျပီး သစ္တံခါးေက်ာင္းတုိက္မွာ အလွဴေရစက္ခ်ခဲ့တယ္လုိ႔သိရပါတယ္။ ဒါတင္မကေသးပါဘူး။ မၾကာေသးမီကမွတည္ေထာင္လိုက္တဲ့ ခ်စ္သုေဝတို႔ရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္းကုိလည္း ေနျခည္က သိန္း(၅၀) ထည့္ဝင္လွဴဒါန္းခဲ့ပါတယ္။အဲဒီအေၾကာင္းကုိ ခ်စ္သုေဝက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ “အစ္မတို႔ေဖာင္ေဒးရွင္းက အလွဴရွင္ေတြေပါ့။အခ်ိဳ႕ဆိုရင္ ပြဲေန႔ကလွဴသြားၾကတာေတြလည္းရွိတယ္။ အနုပညာအသုိင္းအဝို္င္းထဲကဆိုရင္ခ်ီခ်ီေလး.. ေနျခည္ဦးက Birthday အတြက္ေပါ့။အစ္မတို႔ ေဖာင္ေဒးရွင္းကို သိန္း(၅၀)လွဴသြားတယ္”လို႔ ေျပာျပသြားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေနျခည္ဦးကုိခ်စ္ၾကလား။ ရုပ္ေလးလွသလို စိတ္ထားလည္းျပည့္ဝတဲ့ေနျခည္ဦးရဲ႕ေနာက္ထပ္ဇာတ္ကားအသစ္ေတြထြက္လာရင္ေရာ အားေပးၾကမွာလား။ ေနျခည္ဦးတစ္ေယာက္ ေမြးေန႔မွာ ေပ်ာ္ရႊင္ပါေစလို႔ ေမြးေန႔အၾကိဳဆုေတာင္းေလးေပးလုိက္ပါတယ္ေနာ္။

Can’t Wait To Say

[Unicode]

Beauty Blogger အဖြစ်ကနေ မင်းသမီးတစ်လက်အဖြစ်ကို အချိန်တိုတိုနဲ့ရောက်ရှိလာတဲ့နေခြည်ဦးဟာဆိုရင်သူမရဲ့ပထမဆုံးဇာတ်ကားကြီးဖြစ်တဲ့ “ရန်သူ”ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့တခဲနက်အားပေးမှုုကိုရရှိိခဲ့ပြီး အဲဒီဇာတ်ကားနဲ့ပဲ အကယ်ဒမီတစ်ကြိုပေးခြင်းကိုလည်းခံထားရသူပါ။ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားတွေဇယ်ဆက်သလိုရိုက်နေပြီဖြစ်ပြီး အလုပ်တွေလည်းဆက်တိုက်လုပ်နေပါတယ်။ ၂၀၁၉ ဇန်နဝါရီလ (၂၅) ရက်ဟာ နေခြည်ဦးရဲ့မွေးနေ့ဖြစ်ပြီး နေခြည်က အဲဒီနေ့မှာအလုပ်တွေဆက်တိုုက်ရှိနေမှာဖြစ်လို့ မွေးနေ့အကြိုအလှူတွေကို စောပြီးလုပ်ဖြစ်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် နေခြည်က မွေးနေ့ကို သီလရှင်ဝတ်ပြီး အေးအေးချမ်းချမ်းဖြတ်သန်းချင်တယ်လို့လည်း သူမရဲ့လူမှုကွန်ယက်မှာ ချီလီတွေကို ဖွင့်ဟထားပါတယ်။

နေခြည်ဦးက သူမရဲ့မွေးနေ့အလှူအဖြစ်ပြီးခဲ့တဲ့ (၂၂) ရက်နေ့က ပရိသတ်တွေနဲ့အတူတူ မိသားစုနဲ့အတူတူ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက်ရဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အလှူသွားလုပ်ခဲ့တာလို့သိရပါတယ်။ နေခြည်ဦးက စာသင်နေတဲ့ကလေးတွေအတွက် နေခြည့်အဝတ်အစားတွေနဲ့မုန့်တွေ၊အရုပ်တွေဝယ်သွားခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် နေခြည်ဦးဟာ မိန်းကလေးတွေအတွက်အမြဲတမ်းရပ်တည်ပေးသူဖြစ်တဲ့အလျောက် မိန်းကလေး လစဉ်သုံးပစ္စည်းတွေကိုလည်း ယူသွားဖို့မမေ့ခဲ့ပါဘူး။ နေခြည်က ကျောင်းက ဇန်နဝါရီလမှာမွေးတဲ့ကလေးတွေနဲ့အတူူပျော်ပျော်ရွှင်ရွှင်မွေးနေ့ကိတ်ခွဲပြီးကလေးတွေကို အသုံးအဆောင်ပစ္စည်းတွေလှူရုံတင်မက ပျော်ရွှင်မှုတွေပါဖန်တီးပေးခဲ့ပါသေးတယ်။

နောက်တစ်ရက် (၂၃) ရက်နေ့မှာတော့ နေခြည်ဦးက နေရာသုံးနေရာမှာ သွားရောက်လှူဒါန်းခဲ့တာပါ။ ပြည်သူ့ဆေးရုံကြီးမှာ အစားအသောက်တွေဝေပြီးနောက် သီလရှင်စာသင်တိုက်မှာ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ဆေး၊ဆားတွေကို သွားရောက်လှူဒါန်းပြီး သစ်တံခါးကျောင်းတိုက်မှာ အလှူရေစက်ချခဲ့တယ်လို့သိရပါတယ်။ ဒါတင်မကသေးပါဘူး။ မကြာသေးမီကမှတည်ထောင်လိုက်တဲ့ ချစ်သုဝေတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်း နေခြည်က သိန်း(၅၀) ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။အဲဒီအကြောင်းကို ချစ်သုဝေက မီဒီယာတွေနဲ့အင်တာဗျူးမှာ “အစ်မတို့ဖောင်ဒေးရှင်းက အလှူရှင်တွေပေါ့။အချို့ဆိုရင် ပွဲနေ့ကလှူသွားကြတာတွေလည်းရှိတယ်။ အနုပညာအသိုင်းအဝို်င်းထဲကဆိုရင်ချီချီလေး.. နေခြည်ဦးက Birthday အတွက်ပေါ့။အစ်မတို့ ဖောင်ဒေးရှင်းကို သိန်း(၅၀)လှူသွားတယ်”လို့ ပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးကိုချစ်ကြလား။ ရုပ်လေးလှသလို စိတ်ထားလည်းပြည့်ဝတဲ့နေခြည်ဦးရဲ့နောက်ထပ်ဇာတ်ကားအသစ်တွေထွက်လာရင်ရော အားပေးကြမှာလား။ နေခြည်ဦးတစ်ယောက် မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ မွေးနေ့အကြိုဆုတောင်းလေးပေးလိုက်ပါတယ်နော်။

Can’t Wait To Say

Comments are closed.