ကျောင်းစတက်နေပြီဖြစ်တဲ့ ကျောင်းသူလေး ခေတ်နဲ့ သစ်လေးတို့ရဲ့ချစ်စရာ ဗီဒီယို

ကျောင်းစတက်နေပြီဖြစ်တဲ့ ကျောင်းသူလေး ခေတ်နဲ့ သစ်လေးတို့ရဲ့ချစ်စရာ ဗီဒီယို

အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ​မေ​မေချစ်​သု​ဝေက ကျောင်းစတက်နေပြီဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ချစ်စရာဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာဖြစ်ပြီး ပထမဦးဆုံးအကြိမ် သမီးလေးတွေကို ထားခဲ့ရတာမို့ ငိုမိခဲ့တဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ အခုမှကျောင်းစတက်ကြတာပေမယ့်လည်း ခေတ်လေးနဲ့ သစ်လေးတို့ကတော့ အရမ်းကို ပျော်ရွှင်နေတာပါနော်။

ချစ်ပရိသတ်တွေအတွက် ထမင်းချိုင့်လေးတွေကိုယ်စီဆွဲပြီး ကျောင်းတက်နေကြပြီဖြစ်တဲ့ ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မေမေချစ်သုဝေကတော့ ” ကိုယ်အတန်းထဲနေခွင့်ရတဲ့ ၃ရက်စလုံး အတန်းပိုင်ဆရာမကို ” ဒီနေ့ ကိုယ်သူတို့လေးတွေကိုအတန်းထဲထားခဲ့ရလို့ ငိုနေခဲ့ရင် ဖက်ထားပေးပါနော် ” လို့ပြောနေခဲ့တာ..ဒီနေ့ကျောင်းပို့တော့ သည်းလေးတွေက ဖြောင့်ဖြောင်းတန်းတန်းဝင်သွားပြီး အတန်းပြင် သူတို့လေးတွေကွယ်ရာမှာ ရှိုက်ကြီးတငင် ငိုချမိတာ “ကိုယ်”ဖြစ်နေတယ်.. အတန်းပိုင်ဆရာမ Ms. Ingridလည်းထွက်လာရော ဖက်ထားပြီးချော့ရတာ အမေ့ ကို ဖြစ်နေတော့တာ..Cho Wut Yeeရည်လေးခင်မျာလည်း ကလေးကျောင်းပို့ရင်း အသည်းအသန်ငိုနေတဲ့အစ်မကို စကားတွေပြော ချော့ အတန်းပြီးတဲ့ထိအဖော်လုပ်ပေး, သမီးလေးတွေအဆင်ပြေရဲ့လားသွားချောင်းပေး..(အမေ လာချောင်းမကြည့်ရ စည်းကမ်းနဲ့ ဆိုတော့)..ကျေးဇူးပါရည်လေးရယ်နော်..ပြန်တွေးတော့ ဩော် ငါလည်းတော် အသည်းနုသကိုး” ဆိုပြီး သမီးလေးတွေကို ပထမဦးဆုံးအကြိမ် ကျောင်းမှာထားခဲ့ရတဲ့ မိခင်တစ်ဦးရဲ့ခံစားချက်တွေကို ရေးသားထားတာပါ။

ကျောင်းစစတက်ချင်းကို ပျော်နေကြတဲ့ ​ခေတ်​လေးနဲ့ သစ်လေး

ကျောင်းတစ်ပတ် ပတ်နေတဲ့ ​ခေတ်​နဲ့ သစ်တို့ရဲ့ဗီဒီယို

အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့ ချစ်စရာသမီးလေးတွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ ချစ်ပရိသတ်တွေလည်း ကျောင်းစတက်နေပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ အမြွာသမီးလေးတွေကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Credit – Momolay

Comments are closed.