ရော်နယ်ဒို ရဲ့သားဖြစ်သူ နဲ့မက်ဆီ ရဲ့သား ကို နှိုင်းယှဉ်ထားတဲ့ဟာသဗီဒီယိုလေးနာမည်ကြီးနေ

ရော်နယ်ဒို ရဲ့သားဖြစ်သူ နဲ့မက်ဆီ ရဲ့သား ကို နှိုင်းယှဉ်ထားတဲ့ဟာသဗီဒီယိုလေးနာမည်ကြီးနေ

ဒီ ရက်ပိုင်းအတွင်း ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေခဲ့တာကတော့ ကမ္ဘာကျော်ဘောလုံးသမားနှစ်ယောက် ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ သားဖြစ်သူတွေကို ယှဉ်တွဲဖော်ပြထားတဲ့ ဗီဒီယိုဖိုင်လေး တစ်ခုပါပဲ။

ဒီ ဗီဒီယိုဖိုင်လေးက တွစ်တာ သုံးစွဲသူတွေကြားမှာ အငြင်းပွားစရာတွေ ဖြစ်နေခဲ့ပြီး ကလေးနှစ်ယောက်ရဲ့ မတူညီတဲ့ သဘောသဘာဝတွေကို ဗီဒီယိုထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

Cristiano Ronaldo mencetak gol untuk Juventus.

Sumber: Instagram Georgina Rodriguez pic.twitter.com/QqVCTUzqRe

— Ngobrol Dunia Atlet Olahraga (@_azizg) September 16, 2018

သူ့ရဲ့ကြိုးစားမှုက ဒီနေ့အချိန်မှာတော့ အရာထင်လာခဲ့ပြီလို့ပြောရမှာ ဖြစ်ပြီး ဂျူနီယာ ဟာ အခြားကလေးငယ်တွေနဲ့ ယှဉ်လိုက်ရင် ခေါင်းတစ်လုံးသာနေတဲ့ ဘောလုံးစွမ်းရည်မျိုးကို ပိုင်ဆိုင်နေပါပြီ။

အခြားတစ်ဖက်မှာတော့ မက်ဆီရဲ့ သားငယ်လေး သီယာဂို ကို တွေ့ရမှာဖြစ်ပြီး မက်ဆီဟာ သီယာဂို ကို သူ့လိုဘောလုံးသမားတစ်ယောက် ဖြစ်လာဖို့ထက် ကလေးတစ်ယောက် ပီသအောင် နေထိုင်ဖို့ကိုပဲ ပိုပြီး ဦးစားပေးခဲ့တာကို တွေ့ရမှာပါ

သီယာဂို ဟာ ပုံဆွဲတာ ၀ါသနာပါသူဖြစ်ပြီး ကလေးတွေရဲ့ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ကစားနေရတာကိုပဲ ကြိုက်သူပါ။ မက်ဆီနဲ့အတူ ဘောလုံးပွဲတွေဆီ လိုက်လာလေ့ ရှိပေမယ့် ဘောလုံးပွဲကို စိတ်ဝင်တစားနဲ့ ကြည့်နေတတ်သူ မဟုတ်ပါဘူး။

ပရိသတ်တွေကတော့ ကလေးငယ်တွေဟာ ငယ်သေးတဲ့အချိန်မှာ သူတို့ရဲ့ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ရှိနေတာ အကောင်းဆုံးလို့ မှတ်ချက်ပေးနေကြသလို တစ်ဖက်မှာလည်း ဂျူနီယာရဲ့ပါရမီကို လွယ်လွယ်လေး ရှာတွေ့သွားခဲ့တဲ့ ရော်နယ်ဒို ကသာ ဖခင်ကောင်းတစ်ယောက် ဖြစ်တယ်လို့ ချီးကျုးနေခဲ့ကြပါတယ်။

Comments are closed.