အလိုချင်ဆုံးမွေးနေ့လက်ဆောင်လေးကို အင်းလေးထိတိတ်တိတ်လေးသယ်လာပြီးပေးခဲ့တဲ့ နေခြည်ဦး ချစ်သူ

အလိုချင်ဆုံးမွေးနေ့လက်ဆောင်လေးကို အင်းလေးထိတိတ်တိတ်လေးသယ်လာပြီးပေးခဲ့တဲ့ နေခြည်ဦး ချစ်သူ






Photos – Nay Chi Oo

[UNICODE FONT]

ဒီနေ့လေးကတော့ Beauty Blogger မလေးအဖြစ် နာမည်ကြီးလာတဲ့ နေခြည်ဦးရဲ့ အသက် (၂၇) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ နေခြည်ဦးကတော့ မွေးနေ့မတိုင်ခင်မှာပဲ ချွေးနည်းစာနဲ့ စုထားတဲ့ ငွေကြေးတွေနဲ့ အလှူအတန်းတွေ တောက်လျှောက်လုပ်လာခဲ့တာတွေ့ရပါတယ်။ ခေတ်နဲ့သစ်ဖောင်ဒေးရှင်းအတွက်လည်း ငွေကျပ်သိန်း (၅၀) လှူဒါန်းထားပါသေးတယ်။

နေခြည်ဦးကလက်ရှိမှာ ချစ်သူနဲ့အတူ အင်းလေးကိုရောက်ရှိနေတာဖြစ်ပြီး သူမအလိုချင်ဆုံးမွေးနေ့လက်ဆောင်လေးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီမွေးနေ့လက်ဆောင်လေးကိုတော့ ချစ်သူက အင်းလေးထိ သယ်ဆောင်လာပြီး ပေးခဲ့တယ်လို့ သူမကဆိုပါတယ်။

“အလိုချင်ဆုံး မွေးနေ့လက်ဆောင်လေးကို တစ်ပတ်လောက်အလိုမှာ ဝယ်လို့မရဘူးပြောပြီး စိတ်ညစ်အောင် ထားထားတယ်။မွေးနေ့မနက်မှာ surprise ဆိုပြီး အင်းလေးအထိ တိတ်တိတ်လေး သယ်လာပေးတယ်။ကိတ်မုန့်လည်း ကျွေးတယ် ပန်းစည်းလည်းပေးတယ်။ ကြည်နူးရပါတယ် အဖိုးကြီး ရယ် 🎂❤️💑မွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုလည်း နေခြည်အရမ်း ကျေးဇူးတင်ပါတယ်။ Love you moreee my chillies 🌶🌶❤️❤️ဂိုဏ်းချုပ်တစ်ယောက် အရမ်းပျော်နေပါတယ်လို့” ဆိုပြီး သူမရဲ့ ပျော်ရွှင်မှုတွေကို မျှဝေထားတာ တွေ့ရပါတယ်။

ချီချီရေ Happy Birthday ပါနော် အလိုချင်ဆုံးမွေးနေ့လက်ဆောင်လေးကို ရသွားလို့လည်း နေခြည်နဲ့ထပ်တူ ပျော်ရွှင်ရပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos – Nay Chi Oo

Comments are closed.