မွေးနေ့အတွက် အမှတ်တရအဖြစ်ဆုံး သစ်တံခါးဆရာတော်ကြီးရဲ့ မွေးနေ့လက်ဆောင်ကို ရရှိခဲ့တဲ့ နေခြည်ဦး

မွေးနေ့အတွက် အမှတ်တရအဖြစ်ဆုံး သစ်တံခါးဆရာတော်ကြီးရဲ့ မွေးနေ့လက်ဆောင်ကို ရရှိခဲ့တဲ့ နေခြည်ဦး







Photos-Nay Chi OO

[UNICODE FONT]

နေခြည်ဦးတစ်ယောက်ကတော့ ယနေ့ကျရောက်လာတဲ့ အသက် (၂၇) နှစ်ပြည့်မွေးနေ့လေးကို ချစ်ရသူတွေနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတာတွေ့ရပါတယ်။ Beauty Blogger အဖြစ် စတင်ဝင်ရောက်လာခဲ့တဲ့ နေခြည်ဦးဟာ ရုပ်ရှင်လေးကားမြောက်ရိုက်ကူးပြီးချိန်မှာတော့ အနုပညာလောကထဲကိုအခြေချဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ မိန်းကလေးပရသိတ်တွေရဲ့ အားပေးဝန်းရံမှုအပြည့်ရရှိထားတာကြောင့်လည်း နေခြည်ဦးဆိုတာ ယနေ့အချိန်ထိ ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

နေခြည်ဦးကတော့ သူမရဲ့မွေးနေ့လေးကို အလှူအတန်းတွေနဲ့ဖြတ်သန်းခဲ့တာဖြစ်ပြီးတော့ ချစ်ရတဲ့သူတွေရဲ့ မွေးနေ့ဆုတောင်းလေးတွေကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ဦးတည်းသော ချစ်သူရဲ့ Birthday Surprise ကြောင့်လည်း နေခြည်ဦးတစ်ယောက် ဝမ်းသာလွန်းဖြစ်ခဲ့ရပါသေးတယ်။ သိန်းရာချီတန်တဲ့ အိတ်တစ်လုံးကို ချစ်ရသူဆီက လက်ဆောင်ရရှိခဲ့တာဖြစ်ပြီးတော့ နေခြည်ဦးက သူ့ဘဝမှာ အမှတ်တရဖြစ်စေမယ့် မွေးနေ့လက်ဆောင် နောက်တစ်ခုကိုလည်းပြောပြခဲ့ပါသေးတယ်။

အဲဒါကတော့ သစ်တံခါးဆရာတော်ဆီကနေ မွေးနေ့လက်ဆောင်အဖြစ် အဆောင်လေးရရှိခဲ့တာဖြစ်ပါတယ်။

“ဒါသစ်တံခါးဆရာတော်က နေခြည့်ကိုမွေးနေ့လက်ဆောင်ဆိုပြီးတော့ အဆောင်အနေနဲ့ပေးထားတာပါ။ အရမ်းကိုပီတိအရမ်းဖြစ်ရတယ်။ရွှေရောင်လေးက ဘုန်းဘုန်း ဓာတ်လုံး၊ ဘေးနားက ကျောက်စိမ်းအစစ်လေး နေခြည့်ကိုဆွဲကြိုးလုပ်ဖို့ဆိုပြီး ပေးထားတာ” လို့ ပျော်ရွှင်စွာနဲ့ သူမရဲ့ပရိသတ်ကြီးကိုပြောပြထားတာတွေ့ရပါတယ်။

နေခြည်ဦးကတော့ ဒီတစ်နှစ်မွေးနေ့လေးကို အမှတ်တရပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့တာပါနော်။ Happy Birthday ပါချီချီ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Photos-Nay Chi OO

Comments are closed.