ေကာင္းေစခ်င္လို႔ ဆံုးမကာမွ ပိုပ်က္စီးသြားေစတဲ့ မိဘတို႔ရဲ႕ ဆံုးမစကား (၅)ခြန္း

ေကာင္းေစခ်င္လို႔ ဆံုးမကာမွ ပိုပ်က္စီးသြားေစတဲ့ မိဘတို႔ရဲ႕ ဆံုးမစကား (၅)ခြန္း

လိမၼာယဥ္ေက်းျပီး လူေတာ္လူေကာင္းတစ္ေယာက္ျဖစ္လာဖုိ႔ဆိုတာ ကေလးတစ္ေယာက္ကုိ ရုပ္ပိုင္းဆိုင္ရာ ျပဳစုေစာင့္ေရွာင္ရံုနဲ႔ မရပါဘူး။ စိတ္ပိုင္းဆိုင္ရာလည္း အရမး္ကိုအေရးၾကီးပါတယ္။ ကေလးတစ္ေယာက္ကို သြန္သင္ဆံုးမတဲ့အခါ အေရးၾကီးဆံုးကေတာ့ သင္ေျပာလိုက္တဲ့ စကားေတြပါပဲ။ တစ္ခါတေလ စိတ္ဆိုးေနလို႔ ေသြးပူတုန္း ကေလးတစ္ေယာက္ကုိ ေျပာမိေျပာရာ ေျပာမိလိုက္တဲ့အခါ ကေလးရဲ႕ ရင္ထဲမွာ စိတ္ဒဏ္ရာေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို သြန္သင္ဆံုးမတဲ့အခါ ေကာငး္ေစခ်င္လို႔ ဆံုးမတာျဖစ္ေပမယ့္ မေကာင္းလာဘဲ ပိုလို႔ေတာင္ပ်က္စီးသြားေစမယ့္ အမွား (၅) မ်ိဳးကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ငါနင့္အသက္အရြယ္တုန္းက…

သင္ဟာ ငယ္စဥ္တုန္းက အမွတ္ေတြအမ်ားၾကီးနဲ႔ ဘြဲ႕ေတြရျပီး ေအာင္ျမင္မႈမ်ားစြာကို သိမး္ပိုက္ႏိုင္ခဲ့တာ အရမး္ကိုေကာင္းပါတယ္။ ဒါေပမယ့္ သင္သိထားရမွာက သင့္ရဲ႕သားသမီးျဖစ္ေနတာနဲ႔ပဲ သင့္လို အရည္အခ်င္းေတြ ရွိခ်င္မွရွိမွာပါ။ သင္နဲ႔ႏိႈင္းယွဥ္ျပီး ဒါမွမဟုတ္ တစ္ေယာက္ေယာက္နဲ႔ ႏိႈင္းယွဥ္ျပီး မဆံုးမပါနဲ႔။ သူတစ္ပါးကို ျပိဳင္ဆိုင္လိုစိတ္၊ ကိုယ့္ကိုယ္ကုိ အားမလိုအားမရစိတ္ေတြျဖစ္လာေစမယ့္ ဒီလိုစကားမ်ိဳးဟာ သားသမီးေတြကို ပိုျပီးပ်က္စီးေစပါတယ္။

(၂) ငါပိုသိတယ္

မိဘတိုင္းဟာ သားသမီးေတြကို အေကာင္းဆံုးေတြပဲ ျဖစ္ေစခ်င္ၾကတာပါ။ မိဘေတြဟာ သားသမီးေတြထက္ ဘယ္အရာကိုမဆို အစစ အရာရာ ပိုသိေနတာ သဘာဝပါပဲ။ ဒါေပမယ့္လည္း ကေလးတစ္ေယာက္ခ်င္းဆီမွာ ကိုယ္ပိုင္အေတြးအေခၚေတြ ရွိသင့္သလို၊ မွားခြင့္လည္း ရွိပါတယ္။ ဒါမွ အမွားကေန သင္ခန္းစာယူတတ္မွာပါ။ ဒီလိုမွမဟုတ္ပဲ အရာရာတိုင္းကို သင္ပိုသိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ခ်ဳပ္ျခယ္ထားတာမ်ိဳးေတြ၊ ဆံုးျဖတ္ပိုင္ခြင့္မေပးတာေတြက သင့္ကေလးကို ပိုျပီးပ်က္စီးေစပါတယ္။

(၃) ငါေျပာတာလုပ္

ဒီလိုစကားဟာ သားသမီးေတြအေပၚ ၾသဇာေညာင္းရာမေရာက္ဘဲ သူတို႔ဘယ္လိုထင္ထင္ ဘယ္လိုေတြးေတြး၊ ဘယ္လုိပဲ ခံစားရေနပါေစ ဂရုမစိုက္ဘူးဆိုတဲ့ အဓိပၸါယ္ကို ေဆာင္ပါတယ္။ ကေလးေတြဟာလည္း သူတို႔နညး္သူတို႔ဟန္နဲ႔ ျပသနာေတြကို ေျဖရွင္းခြင့္ရွိသလို၊ ေရြးခ်ယ္ပိုင္ခြင့္ဆံုးျဖတ္ပိုင္ခြင့္ ရွိရမွာပါ။ ဒီလိုမွမဟုတ္ဘဲ အျမဲတမး္သင့္ရဲ႕ သေဘာကိုပဲ လိုက္ခိုင္းေနတယ္ဆိုရင္ေတာ့ မေကာင္းလာတဲ့အျပင္ ပိုေတာင္ပ်က္စီးသြားမွာျဖစ္ပါတယ္။

(၄) ငါလုပ္ေပးမယ္

ကေလးငယ္ရဲ႕ ေဝယ်ာဝစၥေတြကို သင္လုပ္ေပးလိုက္တာ ပိုျပီးေတာ့လည္း လြယ္ကူသလို၊ ပိုျပီးေတာ့လည္း ျမန္ပါတယ္။ဒါေပမယ့္လည္း ေနရာတိုင္းမွာ လိုက္လုပ္ေပးေနတာေတာ့ မျဖစ္သင့္ပါဘူး။ ဥပမာ ကစားျပီးျပန္သိမ္းတဲ့အခ်ိန္မ်ိဳး၊ ဖိနပ္စီးတဲ့အခ်ိန္မ်ိဳး၊ ထမင္းအျမဲခြံ႕ေကၽြးတာမ်ိဳးေတြေတာ့ အျမဲတမ္းလိုက္မလုပ္ေပးသင့္ပါဘူး။ သူတို႔ကိုယ္တုိင္ လုပ္ႏိုင္မယ့္အရာေလးေတြကို ခုိင္းေပးကာ လုပ္ျပီးတိုင္းမွာလည္း ခ်ီးက်ဴးစကားေလးအျမဲေျပာေပးသင့္ပါတယ္။ အစစအရာရာသင္က လိုက္လုပ္ေပးတဲ့အခါ ကေလးေတြက ကုိယ့္ကိုယ္ကိုအားကိုးခ်င္စိတ္ မရွိၾကေတာ့ပါဘူး။

(၅) အေပးအယူသေဘာ

ကေလးေတြကို မက္လံုးေပးတာမ်ိဳးမလုပ္ပါနဲ႔။ ဒါလုပ္မွဒါရမယ္ဆိုတဲ့ ပံုစံမ်ိဳးေတြက ကေလးကို ပ်က္စီးေစပါတယ္။ ေနာက္ျပီး တစ္ခ်ိန္ခ်ိန္အရြယ္ေရာက္လာတဲ့အခါ မက္လံုးတစ္ခုခုမွမေပးရင္ ေျဖာင္းဖ်လို႔ရေတာ့မွာ မဟုတ္တာေၾကာင့္ ငယ္ငယ္ကတည္းက မက္လံုးေပးတဲ့အက်င့္ကို မသင္ေပးတာ အေကာင္းဆံုးပါ။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

လိမ္မာယဉ်ကျေးပြီး လူတော်လူကောင်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ ကလေးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာ ပြုစုစောင့်ရှောင်ရုံနဲ့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာလည်း အရမ်းကိုအရေးကြီးပါတယ်။ ကလေးတစ်ယောက်ကို သွန်သင်ဆုံးမတဲ့အခါ အရေးကြီးဆုံးကတော့ သင်ပြောလိုက်တဲ့ စကားတွေပါပဲ။ တစ်ခါတလေ စိတ်ဆိုးနေလို့ သွေးပူတုန်း ကလေးတစ်ယောက်ကို ပြောမိပြောရာ ပြောမိလိုက်တဲ့အခါ ကလေးရဲ့ ရင်ထဲမှာ စိတ်ဒဏ်ရာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို သွန်သင်ဆုံးမတဲ့အခါ ကောင်းစေချင်လို့ ဆုံးမတာဖြစ်ပေမယ့် မကောင်းလာဘဲ ပိုလို့တောင်ပျက်စီးသွားစေမယ့် အမှား (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ငါနင့်အသက်အရွယ်တုန်းက…

သင်ဟာ ငယ်စဉ်တုန်းက အမှတ်တွေအများကြီးနဲ့ ဘွဲ့တွေရပြီး အောင်မြင်မှုများစွာကို သိမ်းပိုက်နိုင်ခဲ့တာ အရမ်းကိုကောင်းပါတယ်။ ဒါပေမယ့် သင်သိထားရမှာက သင့်ရဲ့သားသမီးဖြစ်နေတာနဲ့ပဲ သင့်လို အရည်အချင်းတွေ ရှိချင်မှရှိမှာပါ။ သင်နဲ့နှိုင်းယှဉ်ပြီး ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်ပြီး မဆုံးမပါနဲ့။ သူတစ်ပါးကို ပြိုင်ဆိုင်လိုစိတ်၊ ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်တွေဖြစ်လာစေမယ့် ဒီလိုစကားမျိုးဟာ သားသမီးတွေကို ပိုပြီးပျက်စီးစေပါတယ်။

(၂) ငါပိုသိတယ်

မိဘတိုင်းဟာ သားသမီးတွေကို အကောင်းဆုံးတွေပဲ ဖြစ်စေချင်ကြတာပါ။ မိဘတွေဟာ သားသမီးတွေထက် ဘယ်အရာကိုမဆို အစစ အရာရာ ပိုသိနေတာ သဘာဝပါပဲ။ ဒါပေမယ့်လည်း ကလေးတစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိသင့်သလို၊ မှားခွင့်လည်း ရှိပါတယ်။ ဒါမှ အမှားကနေ သင်ခန်းစာယူတတ်မှာပါ။ ဒီလိုမှမဟုတ်ပဲ အရာရာတိုင်းကို သင်ပိုသိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချုပ်ခြယ်ထားတာမျိုးတွေ၊ ဆုံးဖြတ်ပိုင်ခွင့်မပေးတာတွေက သင့်ကလေးကို ပိုပြီးပျက်စီးစေပါတယ်။

(၃) ငါပြောတာလုပ်

ဒီလိုစကားဟာ သားသမီးတွေအပေါ် သြဇာညောင်းရာမရောက်ဘဲ သူတို့ဘယ်လိုထင်ထင် ဘယ်လိုတွေးတွေး၊ ဘယ်လိုပဲ ခံစားရနေပါစေ ဂရုမစိုက်ဘူးဆိုတဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။ ကလေးတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြသနာတွေကို ဖြေရှင်းခွင့်ရှိသလို၊ ရွေးချယ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့် ရှိရမှာပါ။ ဒီလိုမှမဟုတ်ဘဲ အမြဲတမ်းသင့်ရဲ့ သဘောကိုပဲ လိုက်ခိုင်းနေတယ်ဆိုရင်တော့ မကောင်းလာတဲ့အပြင် ပိုတောင်ပျက်စီးသွားမှာဖြစ်ပါတယ်။

(၄) ငါလုပ်ပေးမယ်

ကလေးငယ်ရဲ့ ဝေယျာဝစ္စတွေကို သင်လုပ်ပေးလိုက်တာ ပိုပြီးတော့လည်း လွယ်ကူသလို၊ ပိုပြီးတော့လည်း မြန်ပါတယ်။ဒါပေမယ့်လည်း နေရာတိုင်းမှာ လိုက်လုပ်ပေးနေတာတော့ မဖြစ်သင့်ပါဘူး။ ဥပမာ ကစားပြီးပြန်သိမ်းတဲ့အချိန်မျိုး၊ ဖိနပ်စီးတဲ့အချိန်မျိုး၊ ထမင်းအမြဲခွံ့ကျွေးတာမျိုးတွေတော့ အမြဲတမ်းလိုက်မလုပ်ပေးသင့်ပါဘူး။ သူတို့ကိုယ်တိုင် လုပ်နိုင်မယ့်အရာလေးတွေကို ခိုင်းပေးကာ လုပ်ပြီးတိုင်းမှာလည်း ချီးကျူးစကားလေးအမြဲပြောပေးသင့်ပါတယ်။ အစစအရာရာသင်က လိုက်လုပ်ပေးတဲ့အခါ ကလေးတွေက ကိုယ့်ကိုယ်ကိုအားကိုးချင်စိတ် မရှိကြတော့ပါဘူး။

(၅) အပေးအယူသဘော

ကလေးတွေကို မက်လုံးပေးတာမျိုးမလုပ်ပါနဲ့။ ဒါလုပ်မှဒါရမယ်ဆိုတဲ့ ပုံစံမျိုးတွေက ကလေးကို ပျက်စီးစေပါတယ်။ နောက်ပြီး တစ်ချိန်ချိန်အရွယ်ရောက်လာတဲ့အခါ မက်လုံးတစ်ခုခုမှမပေးရင် ဖြောင်းဖျလို့ရတော့မှာ မဟုတ်တာကြောင့် ငယ်ငယ်ကတည်းက မက်လုံးပေးတဲ့အကျင့်ကို မသင်ပေးတာ အကောင်းဆုံးပါ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.