မန်ယူနိုက်တက်သတင်းတိုများ
မန်ယူနိုက်တက်သတင်းတိုများ
[UNICODE FONT]
၁။ ဘာစီလိုနာအသင်းဟာ မန်ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ မာတာကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလာခဲ့တယ်လို့ သိရပါတယ်။ အသက် (၃၀)အရွယ် စပိန်သားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့်သူပါ။
၂။ မန်ယူနိုက်တက်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အားကစားဒါရိုက်တာ အန်ဒရီယာဘာတာကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အက်သလက်တီကိုကတော့ အီတလီသားကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပါတယ်။
၃။ မန်ယူနိုက်တက်အသင်းပစ်မှတ်ထားနေတဲ့ တောင်ပံတိုက်စစ်ကစားသမားလေး ဂျက်ကလက်ခ်ရဲ့အနာဂတ်အပေါ် လိဒ်ယူနိုက်တက်နည်းပြ ဘီယဲလ်ဆာက တစုံတရာမှတ်ချက်ပြုသွားခြင်းမရှိခဲ့ပါဘူး။
၄။ မန်ယူနိုက်တက်အမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝက်ဒ်ကတော့ ထိပ်တန်းကစားသမားတယောက်အတွက် ပေါင်သန်း (၁၀၀)အထိ အသုံးပြုသွားဖို့ စီစဉ်နေကြောင်း Express သတင်းစာက ဖော်ပြခဲ့ပါတယ်။
၅။ အာဆင်နယ်နည်းပြအူနိုင်အမ်မရီကတော့ သူ ပီအက်စ်ဂျီအသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၆။ အာဆင်နယ်အသင်းဟာ ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို မန်ယူနိုက်တက်အသင်းထံ ပေါင် (၃၅)သန်းနဲ့ ရောင်းထုတ်နိုင်ဖို့ စီစဉ်နေကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.