အက္ဖ္ေအဖလားပြဲဟာ ဆိုးရွားနဲ႔ အမ္မရီတို႔အတြက္ အေရးၾကီးတဲ့ ပြဲတပြဲျဖစ္လာလိမ့္မယ္လို႔ ဂယ္ရီနယ္ဗီးလ္ သံုးသပ္

အက္ဖ္ေအဖလားပြဲဟာ ဆိုးရွားနဲ႔ အမ္မရီတို႔အတြက္ အေရးၾကီးတဲ့ ပြဲတပြဲျဖစ္လာလိမ့္မယ္လို႔ ဂယ္ရီနယ္ဗီးလ္ သံုးသပ္

မန္ယူႏိုက္တက္ဂႏၳဝင္ကစားသမားၾကီး ဂယ္ရီနယ္ဗီးလ္ကေတာ့ ဒီေန႔ညမွာ အာဆင္နယ္နဲ႔ မန္ယူႏိုက္တက္တို႔ကစားမယ့္ အက္ဖ္ေအဖလားပြဲဟာ ပြဲၾကီးပြဲေကာင္းတပြဲ ျဖစ္လာလိမ့္မယ္လို႔ သံုးသပ္ခဲ့ပါတယ္။

MANCHESTER, ENGLAND – APRIL 29: Alexis Sanchez of Manchester United runs with the ball during the Premier League match between Manchester United and Arsenal at Old Trafford on April 29, 2018 in Manchester, England. (Photo by Clive Brunskill/Getty Images)

သရဲနီတို႔ဟာ ဂန္းနားတို႔ကို အေဝးကြင္းပြဲစဥ္အျဖစ္ အမ္းမရိတ္ကြင္းမွာ သြားေရာက္ရင္ဆိုင္ရမွာျဖစ္ျပီး နည္းျပဆိုးရွားအတြက္ ရွစ္ပြဲဆက္ႏိုင္ပြဲတပြဲပံုေဖာ္ႏိုင္ဖို႔ ၾကိဳးပမ္းသြားဖြယ္ ရိွေနပါတယ္။

မန္ယူႏိုက္တက္ဟာ ဒီလအေစာပိုင္းကလည္း လန္ဒန္ျမိဳ႕ခံကလပ္အသင္းတသင္းျဖစ္တဲ့ စပါးအသင္းကို ဝင္ဘာေလကြင္းမွာ သြားေရာက္ကစားျပီး မားကပ္စ္ရက္ရွ္ဖို႔ဒ္ရဲ႕ တလံုးတည္းေသာအႏိုင္ဂိုးနဲ႔ အႏိုင္ယူထားခဲ့တဲ့အသင္း ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာလည္း ျပီးခဲ့တဲ့တပတ္က လန္ဒန္ဒါဘီပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းကို ႏွစ္ဂိုးျပတ္အႏိုင္ကစားခဲ့ျပီး ရလဒ္ဆိုးေတြကို အဆံုးသတ္ႏိုင္ခဲ့တာေၾကာင့္ ဒီညပြဲစဥ္ဟာ စိတ္ဝင္စားစရာ ပြဲေကာင္းတပြဲ ျဖစ္လာခဲ့တာပါ။

ဒါေၾကာင့္လည္း ဂယ္ရီနယ္ဗီးလ္က အဆုိပါပြဲစဥ္ဟာ ႏွစ္သင္းစလံုးအတြက္ အေရးပါျပီး ၾကည့္ေကာင္းတဲ့ပြဲတပြဲျဖစ္လာလိမ့္မယ္လို႔ ယံုၾကည္ေနတာလည္း ျဖစ္ပါတယ္။

” ျပီးခဲ့တဲ့ငါးႏွစ္ေျခာက္ႏွစ္ကတည္း ဒီလိုပြဲမ်ိဳးကို ကြ်န္ေတာ္ ေမွ်ာ္ခဲ့တာပါ။ အာဆင္နယ္ဟာ အသင္းလိုက္စိတ္ဓာတ္ပိုင္းမွာ ေနာက္တဆင့္ကို တက္ေရာက္ထားႏိုင္ခဲ့ပါတယ္။ ” လို႔ နယ္ဗီးလ္က Sky Sports ကို ဆိုပါတယ္။

” စပါးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ကို ရင္ဆိုင္ခဲ့တဲ့ပြဲေတြမွာ သူတို႔ရဲ႕ စြမ္းေဆာင္ရည္ကို ကြ်န္ေတာ္ ျမင္ေတြ႕ခဲ့တယ္။ ဒါေပမယ့္ အိုလီဂန္းနားဆုိးရွားကလည္း ယူႏိုက္တက္ကို အေကာင္းဆံုးစြမ္းေဆာင္ေနတာပါ။ ”

” နည္းျပႏွစ္ဦးစလံုးကေတာ့ ဒီပြဲကို အႏိုင္ရဖို႔ အလိုရိွၾကမွာပါပဲ။ ဒီပြဲသာ အႏိုင္ရခဲ့ရင္ ဆိုင္ရာအသင္းေတြမွာ သူတို႔ရဲ႕ေနရာတေနရာဟာ ဒီထက္ပိုမိုခိုင္ျမဲလာပါလိမ့္မယ္။ အထူးသျဖင့္ ဆိုးရွားအတြက္ ဆုဖလားတလံုးနဲ႔အတူ အဆင့္ (၄)သာ ဝင္ခဲ့ရင္ ယူႏိုက္တက္အျမဲတမ္းနည္းျပ ျဖစ္လာႏိုင္မွာကိုး။ ”

နယ္ဗီးလ္က ” အူႏိုင္းအမ္မရီအတြက္လည္း အသင္းရဲ႕ အဝတ္လဲခန္းမွာ ႏိုင္လိုစိတ္ေတြ ဒီထက္ပိုမို ရိုက္သြင္းေပးႏိုင္ဖို႔ ရိွေနပါတယ္။ ” လို႔ ပြဲမတိုင္မီမွာ သံုးသပ္ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လတ္တေလာမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ (၅)ေနရာမွာ ရပ္တည္ေနျပီး ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာအတြက္ ယူႏိုက္တက္အသင္းနဲ႔ အျပိဳင္ျဖစ္လ်က္ရိွေနပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

Ref : TheSportReview

[UNICODE FONT]

မန်ယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ဂယ်ရီနယ်ဗီးလ်ကတော့ ဒီနေ့ညမှာ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ကစားမယ့် အက်ဖ်အေဖလားပွဲဟာ ပွဲကြီးပွဲကောင်းတပွဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ခဲ့ပါတယ်။

MANCHESTER, ENGLAND – APRIL 29: Alexis Sanchez of Manchester United runs with the ball during the Premier League match between Manchester United and Arsenal at Old Trafford on April 29, 2018 in Manchester, England. (Photo by Clive Brunskill/Getty Images)

သရဲနီတို့ဟာ ဂန်းနားတို့ကို အဝေးကွင်းပွဲစဉ်အဖြစ် အမ်းမရိတ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နည်းပြဆိုးရှားအတွက် ရှစ်ပွဲဆက်နိုင်ပွဲတပွဲပုံဖော်နိုင်ဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

မန်ယူနိုက်တက်ဟာ ဒီလအစောပိုင်းကလည်း လန်ဒန်မြို့ခံကလပ်အသင်းတသင်းဖြစ်တဲ့ စပါးအသင်းကို ဝင်ဘာလေကွင်းမှာ သွားရောက်ကစားပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ တလုံးတည်းသောအနိုင်ဂိုးနဲ့ အနိုင်ယူထားခဲ့တဲ့အသင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာလည်း ပြီးခဲ့တဲ့တပတ်က လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို နှစ်ဂိုးပြတ်အနိုင်ကစားခဲ့ပြီး ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့တာကြောင့် ဒီညပွဲစဉ်ဟာ စိတ်ဝင်စားစရာ ပွဲကောင်းတပွဲ ဖြစ်လာခဲ့တာပါ။

ဒါကြောင့်လည်း ဂယ်ရီနယ်ဗီးလ်က အဆိုပါပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါပြီး ကြည့်ကောင်းတဲ့ပွဲတပွဲဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့ငါးနှစ်ခြောက်နှစ်ကတည်း ဒီလိုပွဲမျိုးကို ကျွန်တော် မျှော်ခဲ့တာပါ။ အာဆင်နယ်ဟာ အသင်းလိုက်စိတ်ဓာတ်ပိုင်းမှာ နောက်တဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ” လို့ နယ်ဗီးလ်က Sky Sports ကို ဆိုပါတယ်။

” စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် မြင်တွေ့ခဲ့တယ်။ ဒါပေမယ့် အိုလီဂန်းနားဆိုးရှားကလည်း ယူနိုက်တက်ကို အကောင်းဆုံးစွမ်းဆောင်နေတာပါ။ ”

” နည်းပြနှစ်ဦးစလုံးကတော့ ဒီပွဲကို အနိုင်ရဖို့ အလိုရှိကြမှာပါပဲ။ ဒီပွဲသာ အနိုင်ရခဲ့ရင် ဆိုင်ရာအသင်းတွေမှာ သူတို့ရဲ့နေရာတနေရာဟာ ဒီထက်ပိုမိုခိုင်မြဲလာပါလိမ့်မယ်။ အထူးသဖြင့် ဆိုးရှားအတွက် ဆုဖလားတလုံးနဲ့အတူ အဆင့် (၄)သာ ဝင်ခဲ့ရင် ယူနိုက်တက်အမြဲတမ်းနည်းပြ ဖြစ်လာနိုင်မှာကိုး။ ”

နယ်ဗီးလ်က ” အူနိုင်းအမ်မရီအတွက်လည်း အသင်းရဲ့ အဝတ်လဲခန်းမှာ နိုင်လိုစိတ်တွေ ဒီထက်ပိုမို ရိုက်သွင်းပေးနိုင်ဖို့ ရှိနေပါတယ်။ ” လို့ ပွဲမတိုင်မီမှာ သုံးသပ်ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လတ်တလောမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် (၅)နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်တနေရာအတွက် ယူနိုက်တက်အသင်းနဲ့ အပြိုင်ဖြစ်လျက်ရှိနေပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Ref : TheSportReview

Comments are closed.