မွေးနေ့မှာ Surprise အလုပ်ခံလိုက်ရတဲ့ မင်းသမီးချောလေး ပုလဲဝင်း

မွေးနေ့မှာ Surprise အလုပ်ခံလိုက်ရတဲ့ မင်းသမီးချောလေး ပုလဲဝင်း






[UNICODE FONT]

ပုလဲဝင်း ဆိုတဲ့အတိုင်း အသားအရေဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းလှတဲ့ သူမကို ယနေ့ခေတ် လူငယ်အတော်များများ မှတ်မိကြမှာပါ။ ကြေငြာမင်းသမီးလေးအဖြစ်လည်း အတွဲညီညီနဲ့ ပရိသတ်တွေကို ဖျော်ဖြေနိုင်ခဲ့တဲ့ သူမဟာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာပါ ရသမြောက်အောင် သရုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ယနေ့ချိန်ထိ အပျိုကြီးဘဝကို ဖက်တွယ်ထားဆဲသူမကတော့ တစ်ကိုယ်တည်း ခရီးတွေထွက်ပြီး သဘာဝရဲ့ လှပမှုတွေထဲမှာ နစ်မြောနေလေ့ရှိပြန်ပါသေးတယ်။

ပုလဲဝင်းကတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီဖြစ်ပေမယ့် သူမကို သတိရနေဆဲဖြစ်တဲ့ ပရိသတ်ကြီးကတော့ သူမရဲ့ဇာတ်ကားတွေကို ပြန်လည်တောင့်တနေကြဆဲပါ။ ပုလဲဝင်းဟာ သူမရဲ့ ခရီးသွားအလှပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးကို အမြဲ မျှဝေထားတာ တွေ့ရတတ်ပါတယ်။ ဒီနေ့လေးကတော့သရုပ်ဆောင် ပုလဲဝင်းရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ ဒီနေ့မွေးနေ့လေးကို Surprise လုပ်ခဲ့ကြပေမယ့် ပုလဲဝင်းတစ်ယောက်ကတော့ ကိုကာကိုလာဖြစ်သွားပါတယ်လို့ စနောက်ပြီးပြောထားပါသေးတယ်။

“delivery က အိမ်ရှာမတွေ့လို့…စပရိုက်ကနေ ကိုကာကိုလာဖြစ်သွားသော ကိတ်ကလေး…ကြိုက်မကြိုက် ဖြီးနေတာကိုသာ ကြည့်ပါလေ…မန်းလေးကနေ တကူးတက …ဒီနှစ်တော့ လူကိုယ်တိုင်မလာနိင်ပေမယ့်…အမြဲ သတိတရ ရှိပေးပါသော…TTသီတာနဲ့ TTသူဇာ တို့်…မပြောလည်း သိသော ကျေးဇူးများစွာဖြင့်” လို့ သူမကို Surprise လုပ်ပေးလိုက်တဲ့သူ နှစ်ဦးကို ကျေးဇူးစကားလေးပြောထားတာဖြစ်ပါတယ်။

Happy Birthday ပါ ပုလဲဝင်းရေ ပရိသတ်တွေကစောင့်မျှော်နေသလို ဇာတ်ကားလေးတွေပြန်လည်ရိုက်ကူးပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.