အႏုပညာေလာကနဲ႔ တျဖည္းျဖည္းေဝးေတာ့မယ္ လို႔ ဆိုလာတဲ့ ဒိန္းေဒါင္

အႏုပညာေလာကနဲ႔ တျဖည္းျဖည္းေဝးေတာ့မယ္ လို႔ ဆိုလာတဲ့ ဒိန္းေဒါင္

ဟာသသ႐ုပ္ေဆာင္ ဒိန္းေဒါင္က ဇာတ္ကားေတြလည္း ႐ိုက္ကူးေနသလို ေဖ်ာ္ေျဖပြဲေတြမွာလည္း ေဖ်ာ္ေျဖေနသူ တေယာက္ပါ။ အႏုပညာအလုပ္ေတြ နည္းပါးေနတာေၾကာင့္ အႏုပညာေလာကနဲ႔ ေဝးဖို႔မ်ားေနလာၿပီလို႔ ဆိုပါတယ္။“ကိုယ့္ထက္သာတဲ့သူ ကိုယ့္ထက္ေတာ္တဲ့သူ ေပၚလာမွာပဲေလ။ အားလုံးကေတာ့ အဆင္းအတက္ အနိမ့္အျမင့္ ဆိုတာ ေတာ့ရွိေနမွာပဲ။ ေလာက သဘာဝတရားကိုပဲ ပုံခ်ရမလိုပါပဲ။ က်ေနာ္တို႔ေတာင္ ကား႐ိုက္ေတြ ေတာ္ေတာ္ ကိုႀကဲေနၿပီ။ ဦမိုးဒီအင္တာဗ်ဴးေလး နားေထာင္မိတယ္။ စိတ္ထဲကိုေတာ္ေတာ္ မေကာင္းဘူး”

“အားလုံးကေသဖို႔ရက္ကို ေစာင့္ေနၿပီးေတာ့ ဆင္းရဲဒုကၡေတြနဲ႔ ဒုကၡေရာက္ေနၾကတယ္။ ဘယ္သူမွလည္း မကယ္ႏိုင္ဘူး။ ေဖႀကီးဦးမိုးဒီေျပာသလို စုေဆာင္းထားတဲ့ ပုဂၢိဳလ္က အဆင္သင့္ေလး ေနႏိုင္စားႏိုင္ ေသာက္ႏိုင္မႈ နည္းနည္းရွိသလိုေပါ့။ တေန႔လုပ္မွတေန႔စားရတဲ့ ဘဝကေတာ့ သနားဖို႔ေကာင္းတယ္” လို႔ ဒိန္းေဒါင္က ဆိုပါတယ္။

သ႐ုပ္ေဆာင္ေလာကမွာ ဗီဒီယိုေဈးကြက္ပ်က္ၿပီး အႏုပညာရွင္တခ်ိဳ႕ စားဝတ္ေနေရးခက္ခဲလာမႈေတြ ေနတဲ့အတြက္ သ႐ုပ္ေဆာင္ေလာကနဲ႔ကင္းကြာေနသူမ်ားလည္း မ်ားျပားလာပါတယ္။ အလုပ္အကိုင္ရွားမႈအေပၚ ဟာသလူ႐ႊင္ေတာ္ ဒိန္းေဒါင္က သူရဲ႕ခံစားခ်က္နဲ႔ အေျခအေနကို အခုလို ဆိုပါတယ္။“အႏုပညာေလာကနဲ႔ ကင္းလြတ္ သြားႏိုင္တယ္။ အဲ့က်ရင္ အႏုပညာအရည္အေသြးေတြ နိမ့္သြားမွာက်ိန္းေသတယ္။ က်ေနာ္ေတာင္ အႏုပညာေလာကနဲ႔ ေဝးဖို႔မ်ားေနၿပီလို႔ က်ေနာ္ထင္တယ္။ အဲ့စကားက က်ေနာ္မေျပာဘူးလို႔ ဆုံးျဖတ္ထားတာ အဲ့လိုျဖစ္ဖို႔ တျဖည္းျဖည္းမ်ားလာၿပီ။ စိတ္လည္းနာလာၿပီ”လို႔ ဒိန္းေဒါင္က ေျပာပါတယ္။

ဒိန္းေဒါင္ဟာ လက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားေတြ ႐ိုက္ကူးျဖစ္ေနတာေတြ႕ရသလို သူကိုယ္တိုင္ ဒါ႐ိုက္တာ အျဖစ္ ႐ိုက္ကူးတဲ့ ဇာတ္ကားေတြလည္း ရွိလို႔ေနပါတယ္။ ဒိန္းေဒါင္က လက္ရွိမွာ လူ႐ႊင္ေတာ္အသင္းရဲ႕ ဥကၠဌ အေနနဲ႔လည္း ေဆာင္႐ြက္ေနသူျဖစ္ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ဟာသသရုပ်ဆောင် ဒိန်းဒေါင်က ဇာတ်ကားတွေလည်း ရိုက်ကူးနေသလို ဖျော်ဖြေပွဲတွေမှာလည်း ဖျော်ဖြေနေသူ တယောက်ပါ။ အနုပညာအလုပ်တွေ နည်းပါးနေတာကြောင့် အနုပညာလောကနဲ့ ဝေးဖို့များနေလာပြီလို့ ဆိုပါတယ်။“ကိုယ့်ထက်သာတဲ့သူ ကိုယ့်ထက်တော်တဲ့သူ ပေါ်လာမှာပဲလေ။ အားလုံးကတော့ အဆင်းအတက် အနိမ့်အမြင့် ဆိုတာ တော့ရှိနေမှာပဲ။ လောက သဘာဝတရားကိုပဲ ပုံချရမလိုပါပဲ။ ကျနော်တို့တောင် ကားရိုက်တွေ တော်တော် ကိုကြဲနေပြီ။ ဦမိုးဒီအင်တာဗျူးလေး နားထောင်မိတယ်။ စိတ်ထဲကိုတော်တော် မကောင်းဘူး”

“အားလုံးကသေဖို့ရက်ကို စောင့်နေပြီးတော့ ဆင်းရဲဒုက္ခတွေနဲ့ ဒုက္ခရောက်နေကြတယ်။ ဘယ်သူမှလည်း မကယ်နိုင်ဘူး။ ဖေကြီးဦးမိုးဒီပြောသလို စုဆောင်းထားတဲ့ ပုဂ္ဂိုလ်က အဆင်သင့်လေး နေနိုင်စားနိုင် သောက်နိုင်မှု နည်းနည်းရှိသလိုပေါ့။ တနေ့လုပ်မှတနေ့စားရတဲ့ ဘဝကတော့ သနားဖို့ကောင်းတယ်” လို့ ဒိန်းဒေါင်က ဆိုပါတယ်။

သရုပ်ဆောင်လောကမှာ ဗီဒီယိုဈေးကွက်ပျက်ပြီး အနုပညာရှင်တချို့ စားဝတ်နေရေးခက်ခဲလာမှုတွေ နေတဲ့အတွက် သရုပ်ဆောင်လောကနဲ့ကင်းကွာနေသူများလည်း များပြားလာပါတယ်။ အလုပ်အကိုင်ရှားမှုအပေါ် ဟာသလူရွှင်တော် ဒိန်းဒေါင်က သူရဲ့ခံစားချက်နဲ့ အခြေအနေကို အခုလို ဆိုပါတယ်။“အနုပညာလောကနဲ့ ကင်းလွတ် သွားနိုင်တယ်။ အဲ့ကျရင် အနုပညာအရည်အသွေးတွေ နိမ့်သွားမှာကျိန်းသေတယ်။ ကျနော်တောင် အနုပညာလောကနဲ့ ဝေးဖို့များနေပြီလို့ ကျနော်ထင်တယ်။ အဲ့စကားက ကျနော်မပြောဘူးလို့ ဆုံးဖြတ်ထားတာ အဲ့လိုဖြစ်ဖို့ တဖြည်းဖြည်းများလာပြီ။ စိတ်လည်းနာလာပြီ”လို့ ဒိန်းဒေါင်က ပြောပါတယ်။

ဒိန်းဒေါင်ဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတာတွေ့ရသလို သူကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားတွေလည်း ရှိလို့နေပါတယ်။ ဒိန်းဒေါင်က လက်ရှိမှာ လူရွှင်တော်အသင်းရဲ့ ဥက္ကဌ အနေနဲ့လည်း ဆောင်ရွက်နေသူဖြစ်ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.