​ေဘာလံုး နံနက္ခင္းသတင္းတိုမ်ား

​ေဘာလံုး နံနက္ခင္းသတင္းတိုမ်ား

၁။ ခ်ယ္လ္ဆီး ေတာင္ပံကစားသမား ဗစ္တာ မိုဆက္စ္ဟာ တူရကီကလပ္ ဖီနာဘာခ်ီအသင္းထံ ၁၈ လ အငွားစာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕သြားခဲ့ျပီျဖစ္ပါတယ္။

၂။ အဲဗာတန္အသင္းဟာ အသင္းကြင္းလယ္ကစားသမား ဘုိလာစီကို အငွားခ်ဖို႔အတြက္ ျပင္ဆင္ေနျပီလို႔ Daily Mial က ေဖာ္ျပခဲ့ပါတယ္။ ဘိုလာစီကလည္း သူ႔အတြက္ အဲဗာတန္မွာ အနာဂတ္မရွိဘူးဆိုတာကို လက္ခံခဲ့ျပီး အျခားအသင္းတစ္သင္းကို အငွား (သို႔) အျပီးသတ္ေျပာင္းေရႊ႕ဖို႔ ဆႏၵရွိေနပါတယ္။

၃။ မန္ခ်က္စတာစီးတီးအသင္းဟာ ေအဂ်က္စ္အသင္းက အသက္ ၁၉ ႏွစ္အရြယ္ ေနာက္ခံလူ မာသစ္ ဒီလစ္ခ်္ကို ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။

၄။ စပါးအသင္းရဲ႕ နည္းျပ ပိုခ်က္တီႏိုက ေနာက္ထပ္ ဒါဏ္ရာျပႆနာေတြထပ္ၾကံဳလာရင္ေတာင္မွ ကစားသမားေခၚယူမႈ ျပဳလုပ္သြားဖို႔ အစီအစဥ္မရွိပဲ လူငယ္ေတြနဲ႔သာ အစားထိုးသြားမယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

၅။ ဘာစီလိုနာအသင္းဟာ ကြင္းလယ္လူေတြျဖစ္ၾကတဲ့ ပရင့္စ္ ဘိုတန္နဲ႔ ဖရန္ကီ ဒီေယာင္တို႔ကို ေခၚယူခဲ့တာေၾကာင့္ မူလကႏႈတ္အားျဖင့္ သေဘာတူညီခ်က္ရရွိထားတဲ့ ပီအက္စ္ဂ်ီကြင္းလယ္လူ ရာဘီေယာ့ဟာ ဘာစီလိုနာအသင္းထံ ေျပာင္းေရႊ႕လာဖို႔ကိစၥကို ျပန္လည္စဥၤးစားေနျပီျဖစ္တယ္လို႔ သတင္းေတြကဆိုေနပါတယ္။

၆။ ဂ်ဴဗင္တပ္အသင္းဟာ ခ်ယ္လ္ဆီးအသင္းမွာ ပြဲထြက္ခြင့္ေပ်ာက္ဆံုးေနတာေၾကာင့္ အသင္းက ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ဒိန္းမတ္ေနာက္ခံလူ ခရစၥတီယန္ဆင္ကို ေခၚယူဖုိ႔ စိတ္ဝင္စားေနပါတယ္။

၇။ အာဆင္နယ္အသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္း ပယ္ရီ ဂရို႕ဗ္က အာရြန္ ရမ္ေဆးကို အသင္းကေန ထြက္ခြာခိုင္းဖို႔ ဆံုးျဖတ္ခဲ့သူဟာ အူႏိုင္း အမ္မရီသာျဖစ္တယ္လို႔ စြပ္စြဲေဝဖန္လိုက္ပါတယ္။

၈။ မက္ဆီတစ္ေယာက္ လက္ေရြးစင္အသင္းအတြက္ ျပန္ကစားေပးေတာ့မွာမို႔လို႔ ေပ်ာ္ရႊင္ေနတယ္လုိ႔ အာဂ်င္တီးနားနည္းျပ စကာလိုနီက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

၉။ မန္ယူအသင္းရဲ႕ ပစ္မွတ္ကစားသမားျဖစ္တဲ့ PSV ေတာင္ပံကစားသမား ဘာဂ်္ဝစ္ဂ်န္ကို ေခၚယူဖို႔ ဘုိင္ယန္ျမဴးနစ္အသင္းကလည္း စိတ္ဝင္စားေနပါတယ္။

၁၀။ ခ်ယ္လ္ဆီးအသင္းရဲ႕ ပစ္မွတ္ထားေနတဲ့ ဇင္းနစ္ကြင္းလယ္ကစားသမား လီအန္ဒရို ပါရီဒက္စ္ဟာ ပီအက္စ္ဂ်ီအသင္းကို ေျပာင္းေရႊ႕ဖို႔အတြက္ ေဆးစစ္မႈ ခံယူေတာ့မွာျဖစ္ပါတယ္။

[UNICODE FONT]

၁။ ချယ်လ်ဆီး တောင်ပံကစားသမား ဗစ်တာ မိုဆက်စ်ဟာ တူရကီကလပ် ဖီနာဘာချီအသင်းထံ ၁၈ လ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။

၂။ အဲဗာတန်အသင်းဟာ အသင်းကွင်းလယ်ကစားသမား ဘိုလာစီကို အငှားချဖို့အတွက် ပြင်ဆင်နေပြီလို့ Daily Mial က ဖော်ပြခဲ့ပါတယ်။ ဘိုလာစီကလည်း သူ့အတွက် အဲဗာတန်မှာ အနာဂတ်မရှိဘူးဆိုတာကို လက်ခံခဲ့ပြီး အခြားအသင်းတစ်သင်းကို အငှား (သို့) အပြီးသတ်ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။

၃။ မန်ချက်စတာစီးတီးအသင်းဟာ အေဂျက်စ်အသင်းက အသက် ၁၉ နှစ်အရွယ် နောက်ခံလူ မာသစ် ဒီလစ်ချ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၄။ စပါးအသင်းရဲ့ နည်းပြ ပိုချက်တီနိုက နောက်ထပ် ဒါဏ်ရာပြဿနာတွေထပ်ကြုံလာရင်တောင်မှ ကစားသမားခေါ်ယူမှု ပြုလုပ်သွားဖို့ အစီအစဉ်မရှိပဲ လူငယ်တွေနဲ့သာ အစားထိုးသွားမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၅။ ဘာစီလိုနာအသင်းဟာ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ပရင့်စ် ဘိုတန်နဲ့ ဖရန်ကီ ဒီယောင်တို့ကို ခေါ်ယူခဲ့တာကြောင့် မူလကနှုတ်အားဖြင့် သဘောတူညီချက်ရရှိထားတဲ့ ပီအက်စ်ဂျီကွင်းလယ်လူ ရာဘီယော့ဟာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့လာဖို့ကိစ္စကို ပြန်လည်စဥၤးစားနေပြီဖြစ်တယ်လို့ သတင်းတွေကဆိုနေပါတယ်။

၆။ ဂျူဗင်တပ်အသင်းဟာ ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဒိန်းမတ်နောက်ခံလူ ခရစ္စတီယန်ဆင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

၇။ အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ပယ်ရီ ဂရို့ဗ်က အာရွန် ရမ်ဆေးကို အသင်းကနေ ထွက်ခွာခိုင်းဖို့ ဆုံးဖြတ်ခဲ့သူဟာ အူနိုင်း အမ်မရီသာဖြစ်တယ်လို့ စွပ်စွဲဝေဖန်လိုက်ပါတယ်။

၈။ မက်ဆီတစ်ယောက် လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးတော့မှာမို့လို့ ပျော်ရွှင်နေတယ်လို့ အာဂျင်တီးနားနည်းပြ စကာလိုနီက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၉။ မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ PSV တောင်ပံကစားသမား ဘာဂျ်ဝစ်ဂျန်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

၁၀။ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ထားနေတဲ့ ဇင်းနစ်ကွင်းလယ်ကစားသမား လီအန်ဒရို ပါရီဒက်စ်ဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှု ခံယူတော့မှာဖြစ်ပါတယ်။

Comments are closed.