ဦးကင္းနဲ႔ လြင္မိုးတို႔ၾကားက ဘယ္ေတာ့မွ ေမ႔လို႔မရတဲ့ အမွတ္တရ

ဦးကင္းနဲ႔ လြင္မိုးတို႔ၾကားက ဘယ္ေတာ့မွ ေမ႔လို႔မရတဲ့ အမွတ္တရ

ဦးကင္းနဲ႔ လြင္မိုးတို႔ၾကားက ဘယ္ေတာ့မွ ေမ႔လို႔မရတဲ့ အမွတ္တရသရုပ္ေဆာင္ လြင္မုိးက ညီအစ္ကုိတစ္ေယာက္လုိခ်စ္ရတဲ့ ဟာသသရုပ္ေဆာင္ကင္းေကာင္ အတြက္ ဆုေတာင္းစကားေတြေျပာျပခဲ့ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ၾကားက ေမ့လို႔ မရတဲ့အမွတ္တရေတြကုိလည္း သူကရင္ဖြင့္ေျပာလာပါေသးတယ္။ရုတ္ရက္ ကြယ္လြန္သြားခဲ့တဲ့ ဦးကင္းေကာင္အတြက္ ေၾကကြဲဝမ္းနည္းမဆုံးျဖစ္ရတဲ့ အႏုပညာရွင္ ေတြထဲကမွ သရုပ္ေဆာင္လြင္မုိးကလည္း တစ္ဦးအပါအဝင္ျဖစ္ပါတယ္။ စိတ္ဓာတ္ေကာင္းမြန္လွတဲ့ ဦးကင္းေကာင္အတြက္ ဆုေတာင္းစကားေျပာျပလာပါတယ္။

‘’ သူ႔ကုိ ခ်စ္တ့ဲသူေတြ အရမ္းမ်ားပါတယ္။ နယ္မွာဆိုရင္လည္း အဘြားႀကီးကေနစၿပီး ကေလးေလး အဆုံး သူ႔ျမင္တာနဲ႔ကုိ ခ်စ္ၾကတာ။ ခ်စ္စရာေကာင္းေအာင္လည္း သူေနခဲ့ပါတယ္။ ျဖတ္သန္းရတဲ့ ဘဝတစ္ေကြ႔ေလးမွာ ႀကဳံဆုံရတဲ့ အျဖစ္အပ်က္ေလးေပါ့ေနာ္။ ကုိ ကင္းကေတာ့ ေနာင္ဘဝေတြ၊ ေနာင္ဘဝေတြတုိင္းမွာလည္း သူဟာ ပင္ကုိဗီဇစိတ္ကေလးနဲ႔ ျဖဴစင္သူ တစ္ဦး ျဖစ္မွာပါ။ ျဖစ္ပါေစလုိ႔လည္း ဆုေတာင္းပါတယ္’’ လုိ႔ သူကဆုိပါတယ္။

ဦးကင္းေကာင္ နဲ႔ လြင္မုိးတုိ႔ဟာ ဇာတ္ကားေတြထဲမွာသာမက အျပင္မွာလည္း ညီအစ္ကုိအရင္းလုိ ခ်စ္ၾကတဲ့ သူေတြျဖစ္ပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာလည္း ေမ့လုိ႔မရတဲ့ အမွတ္တရေလးေတြရွိတဲ့ အေၾကာင္းကုိလည္း ေျပာျပထားပါေသးတယ္။‘’ ကၽြန္ေတာ္ ႏုိင္ငံျခားက ျပန္လာေတာ့ သူ႔အတြက္ မ်က္မွန္ေလး ဝယ္လာေပးတယ္။ မ်က္မွန္ေလးက လူဂီပက္တနီ တဲ့ အီတလီက ထုတ္တာ။ ကၽြန္ေတာ္က သူ႔ကုိေပးလုိက္တယ္။ အေရးအေၾကာင္းဆုိသူက အျမဲတမ္း ေဟ့ေကာင္ မင္းေပးတဲ့ မ်က္မွန္ ငါ့ကုိေမးတယ္ကြ။ ငါက မသိေတာ့ ဘာလဲ။ လူဂီပက္တနီ လုိ႔ ကၽြန္ေတာ္က ေျပာလုိက္တယ္။ ၿပီးရင္သူက ေမ့သြားျပန္ေရာ။ အဲ့ဒါမ်ဳိးေလးေတြလည္းရွိတယ္’’ လုိ႔ ဇန္နဝါရီလ ၂၄ ရက္ေန႔က ေျပာျပလာတာျဖစ္ပါတယ္။

ဦးကင္း အသက္ရွိေနစဥ္အခါက ဘယ္ေနရာမွာပဲ သီခ်င္းဆုိဆုိ ‘’ေပ်ာက္ဆုံးေနေသာ နိဗၺာန္ဘုံ’’ သီခ်င္းကုိေတာ့ မဆုိမျဖစ္ လြင္မုိးနဲ႔ အတူတူ သီဆုိေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ အဲဒီေနာက္ ဦးကင္းက ဇနီးျဖစ္သူ အတြက္လည္း မဆုိမျဖစ္ သီခ်င္းေလး တစ္ပုဒ္ကုိ အျမဲသီဆုိခဲ့တယ္လုိ႔ ဆုိပါတယ္။‘’ အဲ့ဒီသီခ်င္းက သူနဲ႔ ကၽြန္ေတာ္နဲ႔ ႏွစ္ေယာက္အတူတူဆုိေနၾကသီခ်င္း။ ကာရာအုိေကမွာျဖစ္ေစ၊ ည ဂစ္တာတီးရင္ ျဖစ္ေစ၊ အဲ့ဒီ သီခ်င္းက ကုိကင္းနဲ႔ ကၽြန္ေတာ္နဲ႔ တစ္ေယာက္တစ္ဝက္ ဆုိတဲ့ သီခ်င္း ကုိကင္းတစ္ေယာက္တည္း စင္ေပၚတက္သြားရင္ သူအျမဲတမ္းဆုိေနၾကသီခ်င္းက သူ႔အမ်ဳိးသမီးက မေအး ျဖစ္တဲ့အတြက္ မေအးရယ္ ခ်စ္လုိ႔ပါကြယ္ ဆုိတာ သူအျမဲဆိုေနၾကသီခ်င္း။ ဒါေလးေတြက ဘဝရဲ႕ အမွတ္တရေလးေတြေပါ့’’ လုိ႔ ဝမ္းနည္းေၾကကြဲစြာနဲ႔ေျပာျပခဲ့တာပါ။

လြင္မုိးက လက္ရွိမွာ အႏုပညာအလုပ္ေတြထက္ ကုိယ္ပုိင္စီးပြားေရးေတြကုိ ဦးေဆာင္ေနရသူ တစ္ဦးျဖစ္ပါတယ္။ သူနဲ႔ ညီအစ္ကုိတစ္ေယာက္လုိ ခ်စ္ရတဲ့ ဟာသသရုပ္ေဆာင္ လူရႊင္ေတာ္ ကင္းေကာင္ကေတာ့ ဇန္နဝါရီလ ၂၂ ရက္ေန႔က ပုပၸားမွာ ဇာတ္ကားရုိက္ကူးေနရင္း အေအးဒဏ္ေၾကာင့္ ခၽြဲၾကပ္ ေသဆုံးခဲ့တာျဖစ္ပါတယ္။ ဇန္နဝါရီလ ၂၄ ရက္ေန႔မွာ ဦးကင္းရဲ႕ ရုပ္အေလာင္းကုိ မီးသၿဂိဳဟ္ခဲ့တာ ျဖစ္ပါတယ္။ ဇန္နဝါရီလ ၂၈ ရက္ေန႔မွာေတာ့ ရက္လည္ဆြမ္းကပ္ တရားေတာ္နာယူရင္း ဦးကင္းအတြက္ အမွ်အတမ္း ေပးေဝသြားမယ္လို႔ သိရပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ဦးကင်းနဲ့ လွင်မိုးတို့ကြားက ဘယ်တော့မှ မေ့လို့မရတဲ့ အမှတ်တရသရုပ်ဆောင် လွင်မိုးက ညီအစ်ကိုတစ်ယောက်လိုချစ်ရတဲ့ ဟာသသရုပ်ဆောင်ကင်းကောင် အတွက် ဆုတောင်းစကားတွေပြောပြခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားက မေ့လို့ မရတဲ့အမှတ်တရတွေကိုလည်း သူကရင်ဖွင့်ပြောလာပါသေးတယ်။ရုတ်ရက် ကွယ်လွန်သွားခဲ့တဲ့ ဦးကင်းကောင်အတွက် ကြေကွဲဝမ်းနည်းမဆုံးဖြစ်ရတဲ့ အနုပညာရှင် တွေထဲကမှ သရုပ်ဆောင်လွင်မိုးကလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ စိတ်ဓာတ်ကောင်းမွန်လှတဲ့ ဦးကင်းကောင်အတွက် ဆုတောင်းစကားပြောပြလာပါတယ်။

‘’ သူ့ကို ချစ်တဲ့သူတွေ အရမ်းများပါတယ်။ နယ်မှာဆိုရင်လည်း အဘွားကြီးကနေစပြီး ကလေးလေး အဆုံး သူ့မြင်တာနဲ့ကို ချစ်ကြတာ။ ချစ်စရာကောင်းအောင်လည်း သူနေခဲ့ပါတယ်။ ဖြတ်သန်းရတဲ့ ဘဝတစ်ကွေ့လေးမှာ ကြုံဆုံရတဲ့ အဖြစ်အပျက်လေးပေါ့နော်။ ကို ကင်းကတော့ နောင်ဘဝတွေ၊ နောင်ဘဝတွေတိုင်းမှာလည်း သူဟာ ပင်ကိုဗီဇစိတ်ကလေးနဲ့ ဖြူစင်သူ တစ်ဦး ဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်’’ လို့ သူကဆိုပါတယ်။

ဦးကင်းကောင် နဲ့ လွင်မိုးတို့ဟာ ဇာတ်ကားတွေထဲမှာသာမက အပြင်မှာလည်း ညီအစ်ကိုအရင်းလို ချစ်ကြတဲ့ သူတွေဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာလည်း မေ့လို့မရတဲ့ အမှတ်တရလေးတွေရှိတဲ့ အကြောင်းကိုလည်း ပြောပြထားပါသေးတယ်။‘’ ကျွန်တော် နိုင်ငံခြားက ပြန်လာတော့ သူ့အတွက် မျက်မှန်လေး ဝယ်လာပေးတယ်။ မျက်မှန်လေးက လူဂီပက်တနီ တဲ့ အီတလီက ထုတ်တာ။ ကျွန်တော်က သူ့ကိုပေးလိုက်တယ်။ အရေးအကြောင်းဆိုသူက အမြဲတမ်း ဟေ့ကောင် မင်းပေးတဲ့ မျက်မှန် ငါ့ကိုမေးတယ်ကွ။ ငါက မသိတော့ ဘာလဲ။ လူဂီပက်တနီ လို့ ကျွန်တော်က ပြောလိုက်တယ်။ ပြီးရင်သူက မေ့သွားပြန်ရော။ အဲ့ဒါမျိုးလေးတွေလည်းရှိတယ်’’ လို့ ဇန်နဝါရီလ ၂၄ ရက်နေ့က ပြောပြလာတာဖြစ်ပါတယ်။

ဦးကင်း အသက်ရှိနေစဉ်အခါက ဘယ်နေရာမှာပဲ သီချင်းဆိုဆို ‘’ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ’’ သီချင်းကိုတော့ မဆိုမဖြစ် လွင်မိုးနဲ့ အတူတူ သီဆိုလေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဦးကင်းက ဇနီးဖြစ်သူ အတွက်လည်း မဆိုမဖြစ် သီချင်းလေး တစ်ပုဒ်ကို အမြဲသီဆိုခဲ့တယ်လို့ ဆိုပါတယ်။‘’ အဲ့ဒီသီချင်းက သူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်အတူတူဆိုနေကြသီချင်း။ ကာရာအိုကေမှာဖြစ်စေ၊ ည ဂစ်တာတီးရင် ဖြစ်စေ၊ အဲ့ဒီ သီချင်းက ကိုကင်းနဲ့ ကျွန်တော်နဲ့ တစ်ယောက်တစ်ဝက် ဆိုတဲ့ သီချင်း ကိုကင်းတစ်ယောက်တည်း စင်ပေါ်တက်သွားရင် သူအမြဲတမ်းဆိုနေကြသီချင်းက သူ့အမျိုးသမီးက မအေး ဖြစ်တဲ့အတွက် မအေးရယ် ချစ်လို့ပါကွယ် ဆိုတာ သူအမြဲဆိုနေကြသီချင်း။ ဒါလေးတွေက ဘဝရဲ့ အမှတ်တရလေးတွေပေါ့’’ လို့ ဝမ်းနည်းကြေကွဲစွာနဲ့ပြောပြခဲ့တာပါ။

လွင်မိုးက လက်ရှိမှာ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးတွေကို ဦးဆောင်နေရသူ တစ်ဦးဖြစ်ပါတယ်။ သူနဲ့ ညီအစ်ကိုတစ်ယောက်လို ချစ်ရတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ကင်းကောင်ကတော့ ဇန်နဝါရီလ ၂၂ ရက်နေ့က ပုပ္ပားမှာ ဇာတ်ကားရိုက်ကူးနေရင်း အအေးဒဏ်ကြောင့် ချွဲကြပ် သေဆုံးခဲ့တာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဦးကင်းရဲ့ ရုပ်အလောင်းကို မီးသဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ ရက်လည်ဆွမ်းကပ် တရားတော်နာယူရင်း ဦးကင်းအတွက် အမျှအတမ်း ပေးဝေသွားမယ်လို့ သိရပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.