ကမ္ဘာ့ ​ထောင်​​တွေထဲမှာ ​သေချာ​ပေါက်​ ဝယ်​ယူလို့ရနိုင်​တဲ့ ပစ္စည်း ၇ မျိုး
ကမ္ဘာ့ ​ထောင်​​တွေထဲမှာ ​သေချာ​ပေါက်​ ဝယ်​ယူလို့ရနိုင်​တဲ့ ပစ္စည်း ၇ မျိုး
ဟော့​ပေါ့
ကမာ​ကောင်​၊ မုတ်​​ကောင်
ရေဘဝဲ
ကပ်​ပူချီနို
လေသန့်​​ဆေးဘူး
အဘိဓာန်
အမှတ်​တရ ​မွေး​နေ့ကတ်
[UNICODE FONT]
ထောင်တွေပြောလိုက်တာနဲ့ The Shawshank Redemption ဇာတ်ကားထဲကလိုများဖြစ်လေမလား လို့ ပြေးလွှားမြင်ယောင်မိကြမှာပါ။ တကယ်တော့ ပိုက်ဆံသာရှိရင် ထောင်ထဲက ဆင်းရဲဒုက္ခတွေကို လျှော့နိုင်သမျှလျှော့ပြီး ကျော်လွှားလို့ရပါတယ်ဗျား။ ထောင်တွေထဲမှာလဲ ဈေးဝယ်ဆိုင်လေးတွေရှိတတ်ပါတယ်။ နေရာအရပ်ဒေသနဲ့ ခြားနားပြီး ထောင်တွေရဲ့အခြေအနေက အမျိုးမျိုးတော့ ဖြစ်နိူင်ပါတယ်။ ကမ္ဘာအနှံံ့က ထောင်တွေထဲမှာ သေချာပေါက် ဝယ်ယူလို့ရနိုင်တဲ့ ပစ္စည်း ၇ မျိုး ကို တင်ဆက်ပေးလိုက်ပါရစေ။
ဟော့ပေါ့
ချက်တတ်တဲ့သူဆိုရင် ထောင်ထဲမှာ ဟော့ပေါ့မီးဖိုလေးဝယ်ပြီး ဟော့ပေါ့ချက်စားလို့ရပါတယ်။ ဟော့ပေါ့တစ်ခါပြင်ဖို့ဆိုရင် ၁၂ နာရီလောက်ကြာတတ်တော့ အပျင်းလဲပြေသလို အေးဆေးပဲ အာရုံမများတော့ဘူးပဲ။ ဝယ်စားမယ်ဆိုလဲ ကမ္ဘာအနှံံ့က ထောင်တွေမှာ ရောင်းချပေးလေ့ရှိပါတယ်။
ကမာကောင်၊ မုတ်ကောင်
ပင်လယ်စာတွေ ကြိုက်တတ်သူတွေအတွက် ထောင်တွင်းမှာ ဈေးတော့အတော်သက်သာမှာဆိုပေမယ့် ဒီလောက်သက်သာအောင်လုပ်ပေးထားတော့လဲ အခန့်မသင့်ရင် အစာအဆိပ်သင့်ပြီး ဒုက္ခဖြစ်နိုင်တာ သတိပြုစရာပါပဲ။ ပင်လယ်စာဆိုတာ လတ်လတ်ဆတ်ဆတ် မရှိရင် မစားသင့်သလို ကမာ၊မုတ် မစားရဲရင် စည်သွပ်ဘူးဆာဒင်းငါးသေတ္တာတွေ ဝယ်စားလိုက်လဲ ရတာပါပဲ။
ရေဘဝဲ
ကော်လိုရားဒိုး အကျဉ်းထောင်မှာတော့ ရေဘဝဲဟင်းကို ရောင်းချပေးပါတယ်။ ထောင်ကျနေတဲ့ အစားသမား၊ လျှာအရသာခံစားတတ်သူတွေအတွက်တော့ ထောင်ထဲက အကြိုက်တွေ့စရာဖြစ်စေမှာပါ။
ကပ်ပူချီနို
ကပ်ပူချီနို ပူပူခါးခါးလေးတစ်ခွက်လောက် မနက်ခင်းသောက်ချလိုက်ရမှ ကျေနပ်တတ်တဲ့ ထောင်သားတွေအတွက်တော့ အသင့်တော်ဆုံး ပါပဲ။ တစိမ့်စိမ့်အရသာခံသောက်ရင်း ထောင်ထဲမှာလဲ ဘဝရဲ့သာယာမှုကို ခေတ္တခဏ ပိုင်ဆိုင်ခွင့်ရရှိနိုင်ပါသေးတယ်။
လေသန့်ဆေးဘူး
Air Freshner လဲ ရနိုင်ပါသေးတယ်ဗျာ။ ကိုယ့်ရဲ့ထောင်ခန်းထဲမှာ အနံ့တွေလှိုင်ထွက်နေရင် လေသန့်ဆေးမွှေးမွှေးလေး ဝယ်ပြီး ဖြန်းချပေးလိုက်ရုံပါပဲလေ။ သာသာယာယာ နဲ့ပဲ ဇိမ်ခံအိပ်စက်ပါစေတာ့ဗျာ။
အဘိဓာန်
တချို့သော ထောင်သားတွေဆိုတာ ထောင်ထဲကနေ ပညာရေးကို တစိုက်မတ်မတ် ဆက်လက်ဆည်းပူးတတ်သူတွေ ပါဝင်နေတာပါ။ သူတို့အတွက်တော့ အချိန်ကိုအကျိူးအရှိဆုံး သုံးတတ်ရင် ဘွဲ့တွေ ဒီဂရီတွေပါ ရယူနိုင်တဲ့အထိပါပဲ။ ထောင်ထဲရောက်မှ ပညာရေးဘက်လေ့လာဖြစ်မယ်ဆိုရင်လဲ အဘိဓာန်ကောင်းကောင်းက တကယ်အသုံးဝင်ပါတယ်။
အမှတ်တရ မွေးနေ့ကတ်
နောက်တစ်ချက် ထောင်ထဲမှာ အချိန်ကို အသုံးချဖို့အကောင်းဆုံးက စာရေးတဲ့နည်းလမ်းပါပဲ။ စာရေးနေတဲ့အခါ ကိုယ့်အတွက် စိတ်ကျေနပ်မှုတစ်စူံတစ်ရာ သို့ ထာဝရ အမှတ်တရတွေဖြစ်လာစေပါတယ်။ ချစ်ရသူ တစ်ယောက်ယောက်အတွက် အမှတ်တရမွေးနေ့ကတ်တွေ လက်ဆောင်ပို့ပေးချင်လဲ စာသားနုနုရွရွလေးတွေနဲ့ လွှတ်ရေးပေတော့ပါပဲလေ။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Comments are closed.