ေမတၱာေတြနဲ႔ထမ္းပိုးထားတဲ့ ဆုိက္ကားကို စီးရလို႔ အတုိင္းမသိေပ်ာ္ေနတဲ့ ခိုင္ႏွင္းေဝ

ေမတၱာေတြနဲ႔ထမ္းပိုးထားတဲ့ ဆုိက္ကားကို စီးရလို႔ အတုိင္းမသိေပ်ာ္ေနတဲ့ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို တေပြ႕တပုိက္ရရွိထားသူေလးပါ။ ျဖဴစင္ျမင့္ျမတ္တဲ့စိတ္ဓာတ္ေလးနဲ႔ ပရဟိတစိတ္အျပည့္ရွိတဲ့ ခိုင္ႏွင္းေဝဟာ အႏုပညာအလုပ္ေတြနဲ႔အတူ သူခ်စ္တဲ့ ပရဟိတအလုပ္ေတြကိုပါ တြဲဖက္ျပီးလုပ္ကိုင္ေနခဲ့တာပါ။ လိုအပ္ေနတဲ့ေနရာေလးေတြနဲ႔ ခ်ိဳ႕တဲ့ေနတဲ့သူေတြရဲ႕ဘဝေတြကို ျပန္လည္တည္ေဆာက္ေပးႏိုင္ခဲ့တဲ့ သူမရဲ႕ ပရဟိတအလုပ္ဟာလည္း လူတုိင္းလုပ္ဖုိ႔လြယ္ကူတဲ့အရာေတြေတာ့မဟုတ္ခဲ့ပါဘူး။

ခိုင္ႏွင္းေဝကေတာ့ ဒီရက္ေတြထဲမွာ ကားလမ္းတိုးခ်ဲ႕ေနတဲ့ ကာယလုပ္သားေတြနဲ႔ ဆိုက္ကားသမားမ်ားကို ဆန္အိတ္စုစုေပါင္း ၁၆၀ ကိုသြားေရာက္လွဴဒါန္းခဲ့တာျဖစ္ပါတယ္။ ေန႔စဥ္ရုန္းကန္ေနရတဲ့ သူတို႔ေတြရဲ႕ဘဝအတြက္ေတာ့ ခိုင္ႏွင္းေဝရဲ႕ လွဴဒါန္းမွုဟာ တစ္ေထာင့္တစ္ေနရာကေနျပီး အေထာက္အကူျဖစ္ႏိုင္ခဲ့မွာေသခ်ာပါတယ္။ ခိုင္ႏွင္းေဝကေတာ့ လွဴဒါန္းမွုေတြနဲ႔အတူ ေမတၱာေတြနဲ႔ထမ္းပိုးလာတဲ့ ဆုိက္ကားကုိ စီးနင္းခြင့္ရလို႔ အတုိင္းမသိေပ်ာ္ရႊင္ေနခဲ့ပါတယ္။ ခိုင္ႏွင္းေဝကေတာ့ ထိုအေၾကာင္းေလးကို ဆုိက္ကားစီးျခင္းအႏုပညာလို႔ ေခါင္းစဥ္တပ္ျပီးေရးဖြဲ႕ထားတာေတြ႔ရပါတယ္။

“ဆိုက္ကားစီးျခင္းအႏုပညာ ကြၽန္မကို ေမတၱာေတြနဲ႔မ်ား ထမ္းပိုးလာလို႔လား မသိ ကြၽန္မ ေပ်ာ္လိုက္တာ …..တကယ့္ဘဝထဲက လူသားတခ်ဳိ႕ရဲ႕ ဘဝျဖစ္တည္မႈကို အနီးကပ္ ေလ့လာခြင့္ရလိုက္လို႔ ကြၽန္မ ေပ်ာ္လိုက္တာ …..အသက္ရွင္သန္ဖို႔ ဝမ္းေရးအတြက္ မိသားစုကို သမာအာဇီဝက်က် ဘယ္ေလာက္ ပင္ပမ္းပင္ပန္း အလုပ္ တခုထဲကို မွန္မွန္ကန္ကန္ လုပ္ကိုင္ေနတဲ့ လူေတြကို လႉဒါန္းခြင့္ရလို႔ ကြၽန္မ ေပ်ာ္လိုက္တာ …..ေရွ႕ဆက္ၿပီးလဲ ဘယ္ေလာက္ဒုကၡေရာက္ေရာက္ အလြယ္လမ္း မလိုက္ပဲ သမာအာဇီဝက်က် ဝမ္းစာရွာေဖြစားေသာက္ေန တဲ့ လူသားေတြကို ဆက္လက္လႉဒါန္းသြားႏိုင္ရန္ ကြၽန္မတို႔ ႀကိဳးစားသြားပါဦးမယ္ရွင္

ျပည္သူေတြရဲ႕အခက္အခဲေတြအတြက္ တစ္ေထာင့္တစ္ေနရာကေနအျမဲရပ္တည္ျပီး ကူညီေပးေနတဲ့ ပရဟိတမင္းသမီးေလး ခုိင္ႏွင္းေဝ ဒီထက္ပိုမိုျပီးအျမဲကူညီလွဴဒါန္းႏိုင္ပါေစေနာ္။We Love Cele

[Unicode]

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို တပွေ့တပိုက်ရရှိထားသူလေးပါ။ ဖြူစင်မြင့်မြတ်တဲ့စိတ်ဓာတ်လေးနဲ့ ပရဟိတစိတ်အပြည့်ရှိတဲ့ ခိုင်နှင်းဝေဟာ အနုပညာအလုပ်တွေနဲ့အတူ သူချစ်တဲ့ ပရဟိတအလုပ်တွေကိုပါ တွဲဖက်ပြီးလုပ်ကိုင်နေခဲ့တာပါ။ လိုအပ်နေတဲ့နေရာလေးတွေနဲ့ ချို့တဲ့နေတဲ့သူတွေရဲ့ဘဝတွေကို ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့တဲ့ သူမရဲ့ ပရဟိတအလုပ်ဟာလည်း လူတိုင်းလုပ်ဖို့လွယ်ကူတဲ့အရာတွေတော့မဟုတ်ခဲ့ပါဘူး။

ခိုင်နှင်းဝေကတော့ ဒီရက်တွေထဲမှာ ကားလမ်းတိုးချဲ့နေတဲ့ ကာယလုပ်သားတွေနဲ့ ဆိုက်ကားသမားများကို ဆန်အိတ်စုစုပေါင်း ၁၆၀ ကိုသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ နေ့စဉ်ရုန်းကန်နေရတဲ့ သူတို့တွေရဲ့ဘဝအတွက်တော့ ခိုင်နှင်းဝေရဲ့ လှူဒါန်းမှုဟာ တစ်ထောင့်တစ်နေရာကနေပြီး အထောက်အကူဖြစ်နိုင်ခဲ့မှာသေချာပါတယ်။ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေနဲ့အတူ မေတ္တာတွေနဲ့ထမ်းပိုးလာတဲ့ ဆိုက်ကားကို စီးနင်းခွင့်ရလို့ အတိုင်းမသိပျော်ရွှင်နေခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ ထိုအကြောင်းလေးကို ဆိုက်ကားစီးခြင်းအနုပညာလို့ ခေါင်းစဉ်တပ်ပြီးရေးဖွဲ့ထားတာတွေ့ရပါတယ်။

“ဆိုက်ကားစီးခြင်းအနုပညာ ကျွန်မကို မေတ္တာတွေနဲ့များ ထမ်းပိုးလာလို့လား မသိ ကျွန်မ ပျော်လိုက်တာ …..တကယ့်ဘဝထဲက လူသားတချို့ရဲ့ ဘဝဖြစ်တည်မှုကို အနီးကပ် လေ့လာခွင့်ရလိုက်လို့ ကျွန်မ ပျော်လိုက်တာ …..အသက်ရှင်သန်ဖို့ ဝမ်းရေးအတွက် မိသားစုကို သမာအာဇီဝကျကျ ဘယ်လောက် ပင်ပမ်းပင်ပန်း အလုပ် တခုထဲကို မှန်မှန်ကန်ကန် လုပ်ကိုင်နေတဲ့ လူတွေကို လှူဒါန်းခွင့်ရလို့ ကျွန်မ ပျော်လိုက်တာ …..ရှေ့ဆက်ပြီးလဲ ဘယ်လောက်ဒုက္ခရောက်ရောက် အလွယ်လမ်း မလိုက်ပဲ သမာအာဇီဝကျကျ ဝမ်းစာရှာဖွေစားသောက်နေ တဲ့ လူသားတွေကို ဆက်လက်လှူဒါန်းသွားနိုင်ရန် ကျွန်မတို့ ကြိုးစားသွားပါဦးမယ်ရှင်

ပြည်သူတွေရဲ့အခက်အခဲတွေအတွက် တစ်ထောင့်တစ်နေရာကနေအမြဲရပ်တည်ပြီး ကူညီပေးနေတဲ့ ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေ ဒီထက်ပိုမိုပြီးအမြဲကူညီလှူဒါန်းနိုင်ပါစေနော်။We Love Cele

Comments are closed.