ေဝဖန္တာေတြကို မ်က္ရည္မ်က္ခြက္ျဖစ္ျပီး ခံစားမေနဘူးဆိုတဲ့ ရွင္ယြန္းျမတ္

ေဝဖန္တာေတြကို မ်က္ရည္မ်က္ခြက္ျဖစ္ျပီး ခံစားမေနဘူးဆိုတဲ့ ရွင္ယြန္းျမတ္

ခႏၶာကိုယ္ေကာက္ေၾကာင္း အမိုက္စားနဲ႔ Sexy က်က် အဝတ္စားေတြေၾကာင့္ ပုရိသတို႔ အားေပးမႈ အခိုင္အမာရလာတဲ့ ေမာ္ဒယ္ ရွင္ယြန္းျမတ္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ား သတိထားမိၾကမွာပါ။ တေလာတုန္းကလည္း သူသခြာသီးသုပ္တဲ့ ဗီဒီယိုနဲ႔လည္း နာမည္ၾကီးသြားခဲ့ပါေသးတယ္။ သူ႔အေနန႔ဲ ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာေလးနဲ႔ ဆြဲေဆာင္မႈရွိတဲ့ ကိုယ္လံုးရွိေသ္ာလည္း တခ်ိဳ႔ကေတာ့ သူ႔ရဲ့ ဝတ္စားဆင္ယင္မႈေပၚမွာ ေဝဖန္ၾကတာေတြ ရွိပါတယ္။ သူ႔အေနနဲ႔ အရင္တုန္းကေတာ့ ေဝဖန္တာေတြကို ခံစားရေပမယ့္လည္း လက္ရွိခ်ိန္မွာေတာ့ မခံစားေတာ့ဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

ရွင္ယြန္းျမတ္ကေတာ့ Sunday Journal န႔ဲ အင္တာဗ်ဴးတြင္ ပရိသတ္က ဘရာစီယာမပါတဲ့သူလို႔ သိၾကတဲ့အေပၚမွာေတာ့ “မလိုအပ္ဘူးထင္လို႔ မဝတ္တာပါ။ တခ်ိဳ႔အက်ီၤေတြက်ေတာ့ ဘရာပါရင္ မလွေတာ့ဘူး။ အက်ီၤေတြရဲ့ တန္ဖိုးလည္းက်တယ္။ ဝတ္ရမယ့္ဟာမ်ိဳးကိုေတာ့ မဝတ္ပဲ ေလွ်ာက္သြားေနတာေတာ့ မဟုတ္ပါဘူး။ ရွင္ယြန္းဝတ္တယ္ဆိုတာကလည္း သူ႔ေနရာနဲ႔သူ သူ႔ဒီဇိုင္းေလးနဲ႔သူ ဝတ္တာျဖစ္တာေၾကာင့္ နားလည္ေပးေစခ်င္ပါတယ္”

“ဘယ္လိုေျပာခ်င္လည္းဆိုေတာ့ ဒီလိုကိစၥေတြကေတာ့ ေဝဖန္ၾကမွာပဲေလ။ ရွင္ယြန္းေတာင္ ကိုယ့္ဘာကုိယ္ မၾကိဳက္တာေတြရွိတယ္။ သူမ်ားေတြဆိုရင္ ပိုဆိုးေပါ့။ ဒါကို လူေတြကို ေကာင္းတဲ့ဖက္ကေန နားလည္ေပးရမယ္။ ရွင္ယြန္းအစပိုင္းတုန္းက လူေတြ ေျပာတာေတြကို အရမ္းခံစားတယ္။ အခုေနာက္ပိုင္းေတာ့ မခံစားေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္က သူမွ မဟုတ္တာ။ ကိုယ့္ဆီမွာ လက္ရွိျဖစ္ပ်က္ေနတဲ့အရာေတြကို ကိုယ္ကိုယ္တိုင္ကလြဲျပီးေတာ့ ဘယ္သူမွမသိႏိုင္ဘူး။ တခါတေလ ကိုယ္ၾကိတ္ျပီး ခံစားေနရတာေတြ ရွိတယ္။ ဒါက အေမေတာင္ မသိႏိုင္တဲ့ ကိစၥေပါ့။ ဒါေၾကာင့္ လူေတြ ေျပာသမွ်ကို လိုက္ခံစားျပီး မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနမယ္ဆိုရင္ ဒါၾကီးက ကုိယ့္အတြက္ တိုးတက္ဖို႔ မရွိဘူး။ ဆုတ္ယုတ္ဖို႔ပဲ ရွိတယ္။

ရွင္ယြန္းလည္း လူပဲ အမွားရွိတယ္။ အဲ့အမွားကေန မွန္တာကို လုပ္ဖို႔ ၾကိဳးစားတယ္။ ဟုတ္ျပီမွားသြားတယ္။ ဒါေပမယ့္လည္း ရွင္ယြန္းက ကိုယ့္ဘာကိုယ္ အျဖစ္မတင္ဘူး။ ဘာလို႔လဲဆိုေတာ့ ကိုယ့္ကိုကိုယ္ ခ်စ္တယ္ေလ။ မွားသြားတဲ့အတြက္ ဘာလိုလုပ္ရမလဲ။ ေနာက္မမွားေအာင္လုပ္ရမယ္ဆိုတာကိုပဲ စဥ္းစားပါတယ္။ ရွင္ယြန္းကိုေျပာတဲ့သူေတြကိုလည္း စိတ္မဆိုးပါဘူး။ ဘာလို႔လဲဆိုေတာ့ ရွင္ယြန္းက သူတို႔အျမင္မွာလည္း Faung ေနတာကို ကိုယ္ကသူမ်ားမ်က္စိထဲမွာ ၾကည့္လို႔မရေအာင္ေနလို႔ သူတို႔ေျပာၾကာတာပါ။ သူတို႔ေဝဖန္မႈေတြကပဲ ရွင္ယြန္းကို ေကာင္းတဲ့အရာေတြကို ျဖစ္လာေစတာပါ။ ဘယ္လိုပဲ ေဝဖန္ဖန္ ေက်းဇူးတင္ပါတယ္” ဟု ေျပာၾကားသြားခဲ့ပါတယ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ခန္ဓာကိုယ်ကောက်ကြောင်း အမိုက်စားနဲ့ Sexy ကျကျ အဝတ်စားတွေကြောင့် ပုရိသတို့ အားပေးမှု အခိုင်အမာရလာတဲ့ မော်ဒယ် ရှင်ယွန်းမြတ်ကိုတော့ တော်တော်များများ သတိထားမိကြမှာပါ။ တလောတုန်းကလည်း သူသခွာသီးသုပ်တဲ့ ဗီဒီယိုနဲ့လည်း နာမည်ကြီးသွားခဲ့ပါသေးတယ်။ သူ့အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်လုံးရှိသေ်ာလည်း တချို့ကတော့ သူ့ရဲ့ ဝတ်စားဆင်ယင်မှုပေါ်မှာ ဝေဖန်ကြတာတွေ ရှိပါတယ်။ သူ့အနေနဲ့ အရင်တုန်းကတော့ ဝေဖန်တာတွေကို ခံစားရပေမယ့်လည်း လက်ရှိချိန်မှာတော့ မခံစားတော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ရှင်ယွန်းမြတ်ကတော့ Sunday Journal နဲ့ အင်တာဗျူးတွင် ပရိသတ်က ဘရာစီယာမပါတဲ့သူလို့ သိကြတဲ့အပေါ်မှာတော့ “မလိုအပ်ဘူးထင်လို့ မဝတ်တာပါ။ တချို့အကျီၤတွေကျတော့ ဘရာပါရင် မလှတော့ဘူး။ အကျီၤတွေရဲ့ တန်ဖိုးလည်းကျတယ်။ ဝတ်ရမယ့်ဟာမျိုးကိုတော့ မဝတ်ပဲ လျှောက်သွားနေတာတော့ မဟုတ်ပါဘူး။ ရှင်ယွန်းဝတ်တယ်ဆိုတာကလည်း သူ့နေရာနဲ့သူ သူ့ဒီဇိုင်းလေးနဲ့သူ ဝတ်တာဖြစ်တာကြောင့် နားလည်ပေးစေချင်ပါတယ်”

“ဘယ်လိုပြောချင်လည်းဆိုတော့ ဒီလိုကိစ္စတွေကတော့ ဝေဖန်ကြမှာပဲလေ။ ရှင်ယွန်းတောင် ကိုယ့်ဘာကိုယ် မကြိုက်တာတွေရှိတယ်။ သူများတွေဆိုရင် ပိုဆိုးပေါ့။ ဒါကို လူတွေကို ကောင်းတဲ့ဖက်ကနေ နားလည်ပေးရမယ်။ ရှင်ယွန်းအစပိုင်းတုန်းက လူတွေ ပြောတာတွေကို အရမ်းခံစားတယ်။ အခုနောက်ပိုင်းတော့ မခံစားတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က သူမှ မဟုတ်တာ။ ကိုယ့်ဆီမှာ လက်ရှိဖြစ်ပျက်နေတဲ့အရာတွေကို ကိုယ်ကိုယ်တိုင်ကလွဲပြီးတော့ ဘယ်သူမှမသိနိုင်ဘူး။ တခါတလေ ကိုယ်ကြိတ်ပြီး ခံစားနေရတာတွေ ရှိတယ်။ ဒါက အမေတောင် မသိနိုင်တဲ့ ကိစ္စပေါ့။ ဒါကြောင့် လူတွေ ပြောသမျှကို လိုက်ခံစားပြီး မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေမယ်ဆိုရင် ဒါကြီးက ကိုယ့်အတွက် တိုးတက်ဖို့ မရှိဘူး။ ဆုတ်ယုတ်ဖို့ပဲ ရှိတယ်။

ရှင်ယွန်းလည်း လူပဲ အမှားရှိတယ်။ အဲ့အမှားကနေ မှန်တာကို လုပ်ဖို့ ကြိုးစားတယ်။ ဟုတ်ပြီမှားသွားတယ်။ ဒါပေမယ့်လည်း ရှင်ယွန်းက ကိုယ့်ဘာကိုယ် အဖြစ်မတင်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ် ချစ်တယ်လေ။ မှားသွားတဲ့အတွက် ဘာလိုလုပ်ရမလဲ။ နောက်မမှားအောင်လုပ်ရမယ်ဆိုတာကိုပဲ စဉ်းစားပါတယ်။ ရှင်ယွန်းကိုပြောတဲ့သူတွေကိုလည်း စိတ်မဆိုးပါဘူး။ ဘာလို့လဲဆိုတော့ ရှင်ယွန်းက သူတို့အမြင်မှာလည်း Faung နေတာကို ကိုယ်ကသူများမျက်စိထဲမှာ ကြည့်လို့မရအောင်နေလို့ သူတို့ပြောကြာတာပါ။ သူတို့ဝေဖန်မှုတွေကပဲ ရှင်ယွန်းကို ကောင်းတဲ့အရာတွေကို ဖြစ်လာစေတာပါ။ ဘယ်လိုပဲ ဝေဖန်ဖန် ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.