လူေတြကို ကယ္ဖို႕ စစ္သားၾကီး လုပ္မယ္ဆိုတဲ့ ေရႊပိုင္

လူေတြကို ကယ္ဖို႕ စစ္သားၾကီး လုပ္မယ္ဆိုတဲ့ ေရႊပိုင္

အႏုပညာရွင္ သားသမီးေတာ္ေတာ္မ်ားမ်ားက မိဘေတြရဲ႕ အႏုပညာပိုး ပါတာေၾကာင့္ ၾကီးလာတဲ့အခါ မင္းသား ၊ မင္းသမီး ၊ အဆိုေတာ္ ျဖစ္ခ်င္တဲ့ကေလး မ်ားပါတယ္။ ဒါေပမဲ့ ဒါေတြအားလံုးနဲ႕ ဆန္႕က်င္ဘက္ ၾကီးလာတဲ့အခါ စစ္သားၾကီး လုပ္မယ္လို႕ ေျပာလာသူက အဆိုေတာ္ ေဇာ္ပိုင္ရဲ႕ သားေခ်ာေလး ေရႊပိုင္ ျဖစ္ပါတယ္။

စစ္သားလုပ္ရတဲ့ အဓိက အေၾကာင္းရင္းကလည္း လူေတြကို ကယ္တင္ခ်င္လို႕လို႕ ေရႊပိုင္ေလးက ဆိုပါတယ္။ ကေလးဘဝ ကေလးအေတြးမွာ စိတ္ကူးအိမ္မက္ေတြက အျမဲေျပာင္းလဲေနတဲ့အတြက္ ေရႊပိုင္ေလးရဲ႕ ရည္မွန္းခ်က္ အစစ္အမွန္ကို ၾကီးလာမွ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ေရႊပိုင္ေလးရဲ႕ ၇ ႏွစ္ျပည့္ ေမြးေန႕ပြဲမွာေတာ့ ရည္မွန္းခ်က္အေၾကာင္း ခုလို ေျပာျပသြားပါတယ္။

“သားသား စစ္သား လုပ္ခ်င္ပါတယ္။လူေတြကို ကယ္ခ်င္လို႕ပါ ခင္ဗ်။ မင္းသား မလုပ္ခ်င္ပါဘူး ခင္ဗ်။ ေဖေဖ့လို အဆိုေတာ္လည္း မလုပ္ခ်င္ပါဘူး ခင္ဗ်။ စစ္သားဂိမ္းေတြ ၾကိဳက္ပါတယ္။” လို႕ ဆိုပါတယ္။

သားေလးေၾကာင့္ မိသားစုဘဝ ျပည့္စံုေၾကာင္းကိုလည္း ေဇာ္ပိုင္က ခုလို ရင္ဖြင့္သြားပါတယ္။“ေျပာရမယ္ဆိုရင္ ခုမွ တကယ့္ဘဝ အရသာေပါ့ေနာ္။ သားေလးရွိတဲ့အတြက္ ကိုယ္တို႕ဘဝက ပိုျပီး ျပည့္စံုသြားလို႕ ခံစားရပါတယ္။ သားသား ငယ္ငယ္တုန္းက မီးသတ္ျဖစ္ခ်င္တာ။ မီးသတ္ျပီးေတာ့ ဆရာဝန္ ျပီးေတာ့ ရဲ ျပီးေတာ့ စစ္သား ျဖစ္ခ်င္တာဆိုေတာ့ ျဖစ္ခ်င္တာေတြက အဆင့္ဆင့္ ေျပာင္းလဲလာတယ္။ သားသား တကယ္ဝါသနာပါရင္ေတာ့ ကၽြန္ေတာ္က ခြင့္ျပဳျပီးသားပါ” လို႕ ဆိုပါတယ္။

ေရႊပိုင္ေလးကေတာ့ အသက္ ၁၅ ႏွစ္ျပည့္ရင္ အေဖနဲ႕အေမကို သြားခ်င္တဲ့ေနရာေတြ လိုက္ပို႕ေပးႏိုင္ရမယ္ဆိုတဲ့ စိတ္ကူးေလး ထားထားပါတယ္။ စကားေျပာရင္ ခ်စ္ဖို႕ေကာင္းျပီး ခင္ဗ် ခင္ဗ်နဲ႕ ယဥ္ေက်းတဲ့ ေရႊပိုင္ေလးတစ္ေယာက္ ၾကီးလာတဲ့ထိ ဒီအမူအက်င့္ေလးေတြ ဆက္လက္ထိန္းသိမ္းႏိုင္ပါေစ။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

အနုပညာရှင် သားသမီးတော်တော်များများက မိဘတွေရဲ့ အနုပညာပိုး ပါတာကြောင့် ကြီးလာတဲ့အခါ မင်းသား ၊ မင်းသမီး ၊ အဆိုတော် ဖြစ်ချင်တဲ့ကလေး များပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက် ကြီးလာတဲ့အခါ စစ်သားကြီး လုပ်မယ်လို့ ပြောလာသူက အဆိုတော် ဇော်ပိုင်ရဲ့ သားချောလေး ရွှေပိုင် ဖြစ်ပါတယ်။

စစ်သားလုပ်ရတဲ့ အဓိက အကြောင်းရင်းကလည်း လူတွေကို ကယ်တင်ချင်လို့လို့ ရွှေပိုင်လေးက ဆိုပါတယ်။ ကလေးဘဝ ကလေးအတွေးမှာ စိတ်ကူးအိမ်မက်တွေက အမြဲပြောင်းလဲနေတဲ့အတွက် ရွှေပိုင်လေးရဲ့ ရည်မှန်းချက် အစစ်အမှန်ကို ကြီးလာမှ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရွှေပိုင်လေးရဲ့ ၇ နှစ်ပြည့် မွေးနေ့ပွဲမှာတော့ ရည်မှန်းချက်အကြောင်း ခုလို ပြောပြသွားပါတယ်။

“သားသား စစ်သား လုပ်ချင်ပါတယ်။လူတွေကို ကယ်ချင်လို့ပါ ခင်ဗျ။ မင်းသား မလုပ်ချင်ပါဘူး ခင်ဗျ။ ဖေဖေ့လို အဆိုတော်လည်း မလုပ်ချင်ပါဘူး ခင်ဗျ။ စစ်သားဂိမ်းတွေ ကြိုက်ပါတယ်။” လို့ ဆိုပါတယ်။

သားလေးကြောင့် မိသားစုဘဝ ပြည့်စုံကြောင်းကိုလည်း ဇော်ပိုင်က ခုလို ရင်ဖွင့်သွားပါတယ်။“ပြောရမယ်ဆိုရင် ခုမှ တကယ့်ဘဝ အရသာပေါ့နော်။ သားလေးရှိတဲ့အတွက် ကိုယ်တို့ဘဝက ပိုပြီး ပြည့်စုံသွားလို့ ခံစားရပါတယ်။ သားသား ငယ်ငယ်တုန်းက မီးသတ်ဖြစ်ချင်တာ။ မီးသတ်ပြီးတော့ ဆရာဝန် ပြီးတော့ ရဲ ပြီးတော့ စစ်သား ဖြစ်ချင်တာဆိုတော့ ဖြစ်ချင်တာတွေက အဆင့်ဆင့် ပြောင်းလဲလာတယ်။ သားသား တကယ်ဝါသနာပါရင်တော့ ကျွန်တော်က ခွင့်ပြုပြီးသားပါ” လို့ ဆိုပါတယ်။

ရွှေပိုင်လေးကတော့ အသက် ၁၅ နှစ်ပြည့်ရင် အဖေနဲ့အမေကို သွားချင်တဲ့နေရာတွေ လိုက်ပို့ပေးနိုင်ရမယ်ဆိုတဲ့ စိတ်ကူးလေး ထားထားပါတယ်။ စကားပြောရင် ချစ်ဖို့ကောင်းပြီး ခင်ဗျ ခင်ဗျနဲ့ ယဉ်ကျေးတဲ့ ရွှေပိုင်လေးတစ်ယောက် ကြီးလာတဲ့ထိ ဒီအမူအကျင့်လေးတွေ ဆက်လက်ထိန်းသိမ်းနိုင်ပါစေ။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.