သင္ဇာဝင့္ေက်ာ္ကုိ “မ”လို႔ အျမတ္တနိုးေခၚလာတဲ့ ဟိန္းမင္းသူ

သင္ဇာဝင့္ေက်ာ္ကုိ “မ”လို႔ အျမတ္တနိုးေခၚလာတဲ့ ဟိန္းမင္းသူ

ဟိန္းမင္းသူဆိုတဲ့ေမာ္ဒယ္ေလးဟာ ျမန္မာရုပ္မေပါက္ပဲ နုိင္ငံျခားရုပ္ေပါက္ေနတာေၾကာင့္ ပရိသတ္ေကာင္မေလးေတြၾကားထဲမွာအထူးတလည္ေရပန္းစားသူျဖစ္ပါတယ္။ ဒါ့အျပင္ ျပီးခဲ့တဲ့နွစ္က အိပ္ေဆးေတြအမ်ားၾကီးေသာက္ျပီး ေဆးရံုေရာက္သြားခဲ့တဲ့ျဖစ္ရပ္ေၾကာင့္လည္း ဟိန္းမင္းသူဟာ ထိခိုက္ခံစားလြယ္သူေလးဆိုျပီး ပရိသတ္ေတြရဲ႕ဂရုဏာသက္မႈကုိလည္း ရရွိထားသူပါ။ ၾကည့္ရတာ ဟိန္းမင္းသူကို ဂရုဏာထားျပီးေမတၱာသက္ဝင္သူေတြထဲမွာ မမ သင္ဇာဝင့္ေက်ာ္လည္းပါတယ္ထင္ပါရဲ႕။

မေန႔က ဇန္နဝါရီလ (၂၆) ရက္ေန႔မွာ ဟိန္းမင္းသူက သင္ဇာဝင့္ေက်ာ္နဲ႔စံုတြဲပံုေတြကုိ “မ နဲ႔”ဆုိျပီး အသည္းပံုအီမိုဂ်ီေလးနဲ႔ သူ႔ရဲ႕ လူမႈကြန္ယက္မွာတင္လာခဲ့ပါတယ္။ ဓာတ္ပံုေတြထဲမွာ သင္ဇာက ဂ်င္းေဘာင္းဘီတိုေလးနဲ႔ ကုိယ္ၾကပ္အက်ႌေလးနဲ႔ ဆယ္ေက်ာ္သက္ေကာင္မေလးတစ္ေယာက္လိုေပ်ာ္ရႊင္ေပါ့ပါးျမဴးထူးေနခဲ့ပါတယ္။ ဟိန္းမင္းသူကေတာ့ သူ႔ပံုစံအတိုင္းပဲ ေအးတိေအးစက္ပံုစံေလးနဲ႔ မမကုိ အရမ္းခ်စ္တဲ့ေမာင္ေလးတစ္ေယာက္ရဲ႕အမူအရာမ်ိဳး မ်က္နွာမွာထင္ဟပ္ေနခဲ့ပါတယ္။ ဟိန္းမင္းသူက မမသင္ဇာကုိ လက္ေလးကုိင္လုိက္ ဆံႏြယ္ေလးေတြကုိ အနမ္းေတြေျခြလိုက္နဲ႔ သူတို႔နွစ္ေယာက္ရဲ႕ဓာတ္ပံုေတြထဲကေန အခ်စ္ေတြက အျပင္ကုိယုိဖိတ္လာျပီး ၾကည့္ေနတဲ့လူေတြကပါ အခ်စ္ေတြခံစားမိလာေစပါတယ္။

ပရိသတ္ေတြကေတာ့ အဲဒီလိုၾကင္နာၾကည္နူးေနၾကတဲ့ဓာတ္ပံုေတြကုိၾကည့္ျပီး ဟိန္းမင္းသူနဲ႔မမသင္ဇာနဲ႔ခ်စ္သူေတြျဖစ္ေနၾကျပီလားလို႔ သုိ႔ေလာသို႔ေလာျဖစ္ေနၾကေပမယ့္လညး္ အမ်ားစုက MTV ရုိက္ကြင္းမွာပါလို႔ေဝဖန္ခ်က္ေပးေနၾကပါတယ္။ ဒါေပမယ့္ အေရွ႕မွာလည္း အဲဒီလိုဓာတ္ပံုေတြတင္ျပီး ရိုက္ကြင္းကပံုေတြပါလို႔ေကာလဟလေတြထြက္ျပီးမွ တကယ္ၾကီးယူခ်သြားတဲ့ ေရႊနွစ္ေရႊအတြဲကရွိေနေလေတာ့ ယတိျပတ္ ေကာက္ခ်က္ခ်လို႔လည္းမရတဲ့အေနအထားပါ။ တစ္ဖက္မွာလည္း သင္ဇာလုိလူမ်ိဳးက ဒီလိုအသကအရမ္းကြာတဲ့ ေမာင္ေလးနဲ႔တြဲပါ့မလားလို႔ သံသယျဖစ္စရာလည္းရွိေနပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကိီးေရာ ဘယ္လိုထင္ၾကလဲ။ သင္ဇာနဲ႔ဟိန္းမင္းသူက တကယ္ၾကီးခ်စ္သူေတြျဖစ္ေနၾကတယ္ထင္လား။ ဒါမွမဟုတ္ MTV ရုိုက္ကြင္းတစ္ခုခုက ဓာတ္ပံုေတြလို႔ထင္ၾကလား။ တကယ္ၾကီးခ်စ္သူေတြျဖစ္ေနရင္ေရာ သေဘာတူၾကမွာလား။ေျပာခဲ့ၾကပါဦး။

[Unicode]

ဟိန်းမင်းသူဆိုတဲ့မော်ဒယ်လေးဟာ မြန်မာရုပ်မပေါက်ပဲ နိုင်ငံခြားရုပ်ပေါက်နေတာကြောင့် ပရိသတ်ကောင်မလေးတွေကြားထဲမှာအထူးတလည်ရေပန်းစားသူဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က အိပ်ဆေးတွေအများကြီးသောက်ပြီး ဆေးရုံရောက်သွားခဲ့တဲ့ဖြစ်ရပ်ကြောင့်လည်း ဟိန်းမင်းသူဟာ ထိခိုက်ခံစားလွယ်သူလေးဆိုပြီး ပရိသတ်တွေရဲ့ဂရုဏာသက်မှုကိုလည်း ရရှိထားသူပါ။ ကြည့်ရတာ ဟိန်းမင်းသူကို ဂရုဏာထားပြီးမေတ္တာသက်ဝင်သူတွေထဲမှာ မမ သင်ဇာဝင့်ကျော်လည်းပါတယ်ထင်ပါရဲ့။

မနေ့က ဇန်နဝါရီလ (၂၆) ရက်နေ့မှာ ဟိန်းမင်းသူက သင်ဇာဝင့်ကျော်နဲ့စုံတွဲပုံတွေကို “မ နဲ့”ဆိုပြီး အသည်းပုံအီမိုဂျီလေးနဲ့ သူ့ရဲ့ လူမှုကွန်ယက်မှာတင်လာခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ သင်ဇာက ဂျင်းဘောင်းဘီတိုလေးနဲ့ ကိုယ်ကြပ်အကျႌလေးနဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လိုပျော်ရွှင်ပေါ့ပါးမြူးထူးနေခဲ့ပါတယ်။ ဟိန်းမင်းသူကတော့ သူ့ပုံစံအတိုင်းပဲ အေးတိအေးစက်ပုံစံလေးနဲ့ မမကို အရမ်းချစ်တဲ့မောင်လေးတစ်ယောက်ရဲ့အမူအရာမျိုး မျက်နှာမှာထင်ဟပ်နေခဲ့ပါတယ်။ ဟိန်းမင်းသူက မမသင်ဇာကို လက်လေးကိုင်လိုက် ဆံနွယ်လေးတွေကို အနမ်းတွေခြွေလိုက်နဲ့ သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေထဲကနေ အချစ်တွေက အပြင်ကိုယိုဖိတ်လာပြီး ကြည့်နေတဲ့လူတွေကပါ အချစ်တွေခံစားမိလာစေပါတယ်။

ပရိသတ်တွေကတော့ အဲဒီလိုကြင်နာကြည်နူးနေကြတဲ့ဓာတ်ပုံတွေကိုကြည့်ပြီး ဟိန်းမင်းသူနဲ့မမသင်ဇာနဲ့ချစ်သူတွေဖြစ်နေကြပြီလားလို့ သို့လောသို့လောဖြစ်နေကြပေမယ့်လညး် အများစုက MTV ရိုက်ကွင်းမှာပါလို့ဝေဖန်ချက်ပေးနေကြပါတယ်။ ဒါပေမယ့် အရှေ့မှာလည်း အဲဒီလိုဓာတ်ပုံတွေတင်ပြီး ရိုက်ကွင်းကပုံတွေပါလို့ကောလဟလတွေထွက်ပြီးမှ တကယ်ကြီးယူချသွားတဲ့ ရွှေနှစ်ရွှေအတွဲကရှိနေလေတော့ ယတိပြတ် ကောက်ချက်ချလို့လည်းမရတဲ့အနေအထားပါ။ တစ်ဖက်မှာလည်း သင်ဇာလိုလူမျိုးက ဒီလိုအသကအရမ်းကွာတဲ့ မောင်လေးနဲ့တွဲပါ့မလားလို့ သံသယဖြစ်စရာလည်းရှိနေပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြိီးရော ဘယ်လိုထင်ကြလဲ။ သင်ဇာနဲ့ဟိန်းမင်းသူက တကယ်ကြီးချစ်သူတွေဖြစ်နေကြတယ်ထင်လား။ ဒါမှမဟုတ် MTV ရိုုက်ကွင်းတစ်ခုခုက ဓာတ်ပုံတွေလို့ထင်ကြလား။ တကယ်ကြီးချစ်သူတွေဖြစ်နေရင်ရော သဘောတူကြမှာလား။ပြောခဲ့ကြပါဦး။

Comments are closed.