အံ့မင္းညိဳရဲ႕သမီးေလးအတြက္ မ်က္လံုးအလင္းရေအာင္ ကူညီေပးသြားမယ့္ ခိုင္ႏွင္းေဝ

အံ့မင္းညိဳရဲ႕သမီးေလးအတြက္ မ်က္လံုးအလင္းရေအာင္ ကူညီေပးသြားမယ့္ ခိုင္ႏွင္းေဝ

ပရဟိတမင္းသမီးေလး ခိုင္ႏွင္းေဝကေတာ့ နယ္ပယ္တူအႏုပညာေမာင္ႏွမတစ္ဦးျဖစ္တဲ့ အံ့မင္းညိဳရဲ႕ သမီးေလးအတြက္ မ်က္လံုးအလင္းရေအာင္ ကူညီေပးသြားမယ္လို႔သိရပါတယ္။ ခိုင္ႏွင္းေဝဟာ ပရဟိတအလုပ္ေတြကို ဆထက္တပိုးေဆာင္ရြက္ေနတာျဖစ္ျပီးေတာ့ ဒီ ရက္ပိုင္းအတြင္းမွာပဲ ကာယလုပ္သားေတြကို ဆန္အိတ္ေတြသြားေရာက္လွဴဒါန္းခဲ့တာျဖစ္ပါတယ္။

အႏုပညာေလာကထဲက ဇာတ္ပုိ႔တစ္ဦးျဖစ္တဲ့ အံ့မင္းညိဳရဲ႕ သမီးေလးဟာ ေမြးရာပါႏွလံုးမွာအေပါက္ပါေနျပီးေတာ့ အျမင္အာ၇ံုလည္းမေကာင္းတာေၾကာင့္ ေခတ္သစ္ေဖာင္ေဒးရွင္းကေနျပီးေတာ့ ပထမဦးဆံုးအေနနဲ႔အံ့မင္းညိဳရဲ႕သမီးေလးအတြက္ ကူညီေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ေခတ္သစ္ေဖာင္ေဒးရွင္းဟာ ႏွလံုးအတြက္ ကူညီသြားမွာျဖစ္တာေၾကာင့္ ခိုင္ႏွင္းေဝကေတာ့ လိုအပ္ေနတဲ့ မ်က္လံုးအလင္းရဖို႔ကို ကူညီေပးသြားမယ္လို႔သိရပါတယ္။

“အမ သတင္းလွမ္းေမးလုိက္ေတာ့ မ်က္လံုးမျပရေသးဘူးေပါ့ ႏွလံုးကက်ေတာ့ ခ်စ္သုေဝတုိ႔ ေခတ္သစ္ေဖာင္ေဒးရွင္းကေနျပီး လုပ္ေနတယ္ဆိုေတာ့ အမအရမ္းဝမ္းသာပါတယ္။ ဒါဆုိဘာလိုအပ္လဲဆိုေတာ့ သမီးေလးကို မ်က္လံုးေလးအလင္းရေအာင္လုပ္ေပးခ်င္တယ္ သူကေတာ့ တခါမွမျပရေသးဘူးတဲ့ ၃၁ ရက္ေန႔ ရန္ကုန္ေရာက္မယ္ ၃၁ ရက္ေန႔လာျပီးေတာ့ သမီးေလးမ်က္စိလိုအပ္တာ အကုန္လံုးကို လုပ္ေပးမယ္လို႔ေျပာလိုက္ပါတယ္” လို႔ MC အင္တာဗ်ဴးမွာေျဖၾကားေျပာဆုိသြားခဲ့တာျဖစ္ပါတယ္။

ေခတ္သစ္ေဖာင္ေဒးရွင္းနဲ႔ ခိုင္ႏွင္းေဝပရဟိတအဖြဲ႕တုိ႔ရဲ႕ကူညီမွုေၾကာင့္ အံ့မင္းညိဳရဲ႕သမီးေလးဟာ မၾကာခင္မွာ က်န္းမာသြက္လက္တဲ့ ကေလးငယ္တစ္ဦးျဖစ္လာေတာ့မွာအမွန္ပဲမို႔ ပရိသတ္ေတြလည္း ထပ္တူထပ္မ်ွဝမး္သာ ဂုဏ္ယူႏုိင္ၾကေစရန္အတြက္ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။

အခုလိုသတင္းထူးေတြ အၿမဲဖတ္ခ်င္တယ္ဆိုရင္ အေပၚဆံုးမွာ Follow ဆိုတဲ့ စာသားေလးကိုႏွိပ္ခဲ့ပါ သိုမဟုတ္ သတင္းတစ္ပုဒ္အၿပီးမွာ XB Media Myanmar ဆိုၿပီးေပၚလာရင္ Like ကို ႏွိပ္ခဲ့ေပးေပါ။ ႏွစ္ခုလံုးမေပၚရင္ေတာ့ Like လုပ္ထားၿပီးသားပါ။ XB Media Myanmar ကိုအားေပးတဲ့ စာဖတ္သူအေပါင္းကို အထူးေက်းဇူးတင္ပါတယ္။ ႀကိဳက္ရင္ Share သြားေပးခဲ့ေနာ္။

[UNICODE FONT]

ပရဟိတမင်းသမီးလေး ခိုင်နှင်းဝေကတော့ နယ်ပယ်တူအနုပညာမောင်နှမတစ်ဦးဖြစ်တဲ့ အံ့မင်းညိုရဲ့ သမီးလေးအတွက် မျက်လုံးအလင်းရအောင် ကူညီပေးသွားမယ်လို့သိရပါတယ်။ ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကို ဆထက်တပိုးဆောင်ရွက်နေတာဖြစ်ပြီးတော့ ဒီ ရက်ပိုင်းအတွင်းမှာပဲ ကာယလုပ်သားတွေကို ဆန်အိတ်တွေသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အနုပညာလောကထဲက ဇာတ်ပို့တစ်ဦးဖြစ်တဲ့ အံ့မင်းညိုရဲ့ သမီးလေးဟာ မွေးရာပါနှလုံးမှာအပေါက်ပါနေပြီးတော့ အမြင်အာရုံလည်းမကောင်းတာကြောင့် ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီးတော့ ပထမဦးဆုံးအနေနဲ့အံ့မင်းညိုရဲ့သမီးလေးအတွက် ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခေတ်သစ်ဖောင်ဒေးရှင်းဟာ နှလုံးအတွက် ကူညီသွားမှာဖြစ်တာကြောင့် ခိုင်နှင်းဝေကတော့ လိုအပ်နေတဲ့ မျက်လုံးအလင်းရဖို့ကို ကူညီပေးသွားမယ်လို့သိရပါတယ်။

“အမ သတင်းလှမ်းမေးလိုက်တော့ မျက်လုံးမပြရသေးဘူးပေါ့ နှလုံးကကျတော့ ချစ်သုဝေတို့ ခေတ်သစ်ဖောင်ဒေးရှင်းကနေပြီး လုပ်နေတယ်ဆိုတော့ အမအရမ်းဝမ်းသာပါတယ်။ ဒါဆိုဘာလိုအပ်လဲဆိုတော့ သမီးလေးကို မျက်လုံးလေးအလင်းရအောင်လုပ်ပေးချင်တယ် သူကတော့ တခါမှမပြရသေးဘူးတဲ့ ၃၁ ရက်နေ့ ရန်ကုန်ရောက်မယ် ၃၁ ရက်နေ့လာပြီးတော့ သမီးလေးမျက်စိလိုအပ်တာ အကုန်လုံးကို လုပ်ပေးမယ်လို့ပြောလိုက်ပါတယ်” လို့ MC အင်တာဗျူးမှာဖြေကြားပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းနဲ့ ခိုင်နှင်းဝေပရဟိတအဖွဲ့တို့ရဲ့ကူညီမှုကြောင့် အံ့မင်းညိုရဲ့သမီးလေးဟာ မကြာခင်မှာ ကျန်းမာသွက်လက်တဲ့ ကလေးငယ်တစ်ဦးဖြစ်လာတော့မှာအမှန်ပဲမို့ ပရိသတ်တွေလည်း ထပ်တူထပ်မျှဝမ်းသာ ဂုဏ်ယူနိုင်ကြစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.