သူမဖွင့်ထားတဲ့ဆိုင်လေးကို လာစားကြည့်ကြပါလို့ ပရိသတ်တွေကို ဖိတ်ခေါ်လိုက်တဲ့ ဂျင်းနီ
သူမဖွင့်ထားတဲ့ဆိုင်လေးကို လာစားကြည့်ကြပါလို့ ပရိသတ်တွေကို ဖိတ်ခေါ်လိုက်တဲ့ ဂျင်းနီ
Credit-ပေါ်ပြူလာ
[UNICODE FONT]
အနုပညာလှုပ်ရှားမှုတွေတင်မကဘဲ ကိုယ်ပိုင်စီးပွားရေးတွေပါလုပ်ကိုင်နေတဲ့ အနုပညာရှင်ကတော့ တေးသံရှင် ဂျင်းနီပါ။ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖြစ်နေတဲ့ အကြောင်းကို တေးသံရှင် ဂျင်းနီက ”ပရိသတ်ကျွေးတဲ့ ထမင်း၊ ဟင်းကလည်း စားလို့ တအားကောင်းပါတယ်။ တအားမြိန်ပါတယ်။ တစ်ခုရှိတာက ဂျင်းနီက ဈေးရောင်းဈေး ဝယ်ကို ငယ်ငယ်လေးကတည်းက ဝါသနာပါတဲ့အတွက် ဆိုင်လေးဖွင့် ဖြစ်တာပါ။ ဂျင်းနီ ကျောက်မြောင်းထဲမှာ ရိုးမရိပ်ဆိုတဲ့ Restaurants လေးဖွင့်ထားတယ်။ ယိုးဒယားစာတွေ ရတယ်။ ပရိသတ်ကြီးလည်း လာအားပေးကြပါ။ ပြီးတော့ ဂျင်းနီ အားကစားနဲ့ပတ်သက်ပြီး အကတွေကို လိုက်သင်ပေးဖြစ်နေတယ်”လို့ ပြောပြပါတယ်။
”ဂျင်းနီနည်းနည်း ဝလာတဲ့ အချိန်တုန်း က တအားစိတ်ညစ်ဖို့ကောင်းတယ်။ အဝတ်အစား တစ်ခုကို အဆင်ပြေပြေ ဝတ်ဖို့က အထဲမှာ ဝတ်ရတဲ့ သံချပ်ကာတွေက တအားစိတ်ညစ်ဖို့ကောင်း တယ်။ အခုပိန်တဲ့အချိန်မှာ အဲဒီလိုမျိုးတွေ ဝတ်စရာမလိုတော့ လူက နည်း နည်းပေါ့သွားတယ်။ အခု ပိန်သွားတဲ့အချိန်မှာ လူက ပေါ့ပေါ့ပါးပါး၊ လွတ်လွတ်လပ်လပ်ဖြစ်သွားတယ်။ နေရတဲ့ Feel က မိုက်တယ်။ ဂျင်းနီတစ်လ ခွဲလောက်အစားလည်း fix လုပ်ပြီးတော့စားတယ်။ အားကစားလည်း သေချာပြန်လုပ်တယ်။ အကလည်း သေသေချာချာပြန်ကဖြစ်တယ်။ အကသင်ပေးဖြစ်နေတယ်ဆိုတာက ဂျင်းနီ ကိုယ်တိုင်ပိန်ချင်တယ်၊ ကိုယ်တိုင်လည်းလုပ်ချင်တဲ့အတွက်ကြောင့် အကကို သင်ပေးဖြစ်နေတာပါ”လို့ ဂျင်းနီက ပြောပြ ပါတယ်။ သီချင်း အသစ်တွေ ထပ်ထွက်ဖို့ရှိတယ်ဆိုတဲ့ အကြောင်းကိုလည်း ”ဂျင်းနီရဲ့ Happy Birthday သီချင်းခွေသစ်ထဲက ပရိသတ်ကြိုက်နှစ်သက်တယ်ဆိုတဲ့ သီချင်းအချို့ကိုလည်း ဂျင်းနီ MTV ပြန်ရိုက်ဖို့ရှိပါတယ်။ ပြီးတော့ ဂျင်းနီသီချင်းအသစ်လေးတွေ လည်း လုပ်ဖို့ရှိတယ်။ ဂျင်းနီရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေ အားပေးပါ။ လက်ခံပေးပါ”လို့ ပြော ပြခဲ့ပါသေးတယ်။
အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။
Credit-ပေါ်ပြူလာ
Comments are closed.