အသက်၄၃နှစ်ပြည့်မွေးနေ့မှာ အမြန်ဆုံးလွတ်မြောက် လာစေဖို့ ဖမ်းဆီးခံထားရတာ ၇လရှိနေပြီဖြစ်တဲ့ သရုပ် ဆောင်ပြေတီဦးအတွက် ပရိသတ်များက ‌ဆုတောင်း ပေးနေ

ပြည်သူချစ်မင်းသား၊မင်းသမီးတွေဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အနုပညာလောကမှာအောင်မြင်မှုတွေကိုရရှိ ထားတာဖြစ်ပါတယ်။ဧပြီလ (၉)ရက်နေ့ကတော့ ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်လုံးက၅၀၅(က) ပုဒ်မနဲ့ နေအိမ်တွင်ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်က ဒီနေ့အထိပြန်မလွတ်သေးဘဲ ဖမ်းဆီးခံထားရတာ (၅)လကျော်ရှိသွားပြီဖြစ်လို့ ပြည်သူတွေက လည်း အရမ်းသတိရနေကြတာဖြစ်ပါတယ်။

သရုပ်ဆောင် အကယ်ဒမီပြေတီဦးကတော့ မြန်မာနိုင်ငံရေး အခြေအနေတွေမှာ အမှန်တရားဘက်က ရပ်တည်ခဲ့တာကြောင့် ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင် နဲ့အတူ လက်ရှိမှာအင်းစိန်ထောင်ထဲမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပြေတီဦးရဲ့ဖခင်ကလည်း ပြီးခဲ့တဲ့ သြဂုတ်လအ တွင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကြားကြားချင်းမှာပဲ အနုပညာလောကမှ ညီအစ်ကိုမောင်နှမများနဲ့ ပြေတီဦးကို ချစ်ကြတဲ့ ပရိသတ်များက မိသားစုနှင့်ထပ်တူ စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရတာကြောင့် ဖခင်ရဲ့ နောက် ဆုံးခရီးကိုတောင် လိုက်ပို့ခွင့်မရတဲ့ ပြေတီဦးအတွက် ဝမ်းနည်းနေကြရတာ ဖြစ်ပါတယ်။

ပြေတီဦးတို့ မိသားစုကတော့ ဒီနှစ်အတွင်းမှာ စိတ်မကောင်း ဝမ်းနည်းစရာတွေနဲ့ တစ်ခုပြီးတစ်ခု ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ပြေတီဦးတို့မိသားစုအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုထပ်မံကြုံတွေ့ရပြန်ပါပြီ။

Advertisement

နိုဝင်ဘာလ (၂၀) ရက်နေ့က ပြေတီဦးရဲ့ ညီမလေး ငွေတီဦးရဲ့ ခင်ပွန်းဖြစ်သူဒေါက်တာ ဉာဏ်လင်းဦးဟာ ဘဝတစ်ပါးသို့ ကူးပြောင်းကွ ယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ရောဂါ နောက်ဆက်တွဲ နဲ့ ၃ လ ခန့် ကြာဆေးရုံတက်ရောက်ကုသနေခဲ့ရတာဖြစ်ပြီး မနေ့ကမှ ကွယ်လွန်သွားခဲ့တာကြောင့် မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ရတာပါ။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးဖမ်းတီးခံထားရတာ (၇)လနီးပါးရှိနေပြီဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းကသူတွေနဲ့ ပရိသ တ် တွေကလည်း သူတို့နှစ်ဦးကိုအမြန်ဆုံးပြန်လည်လွတ်မြောက်စေချင်ကြပြီး ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပြန်မြင်ချင်ကြတာပါ။ ယခုလ နိုဝင်ဘာလ (၃၀) ရက်နေ့မှာတော့ ပြေတီဦး ရဲ့ အသက် ၄၃နှစ်ပြည့်မွေးနေ့လေးကျရောက်မှာဖြစ်ပါတယ်။

သရုပ်ဆောင် ပြေတီဦးတို့ ဇနီးမောင်နှံအခုချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေက ဆက်လက်စော င့်မျှော်နေရဆဲ ဖြစ်ပါတယ်။

ပြည်သူတွေနဲ့ ပရိသတ်တွေကလည်း ပြေတီဦးရဲ့ အသက်၄၃နှစ်ပြည့် မွေးနေ့မှာ အမြန်ဆုံး လွတ်မြောက်စေဖို့အတွက် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့ ပြီးခဲ့တဲ့ ဧပြီလပိုင်းက မြောက်ဒဂုံနေအိမ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ သရုပ်ဆောင် ပြေတီဦးတို့ဇနီးမောင်နှံဟာ ယခုဆိုရင် အကျဉ်းချခံထားရတာ (၇)လ ဝန်းကျင်ရှိခဲ့ပါပြီ..။

Advertisement

ဒရမ်မာ၊ အလွမ်းအဆွေး၊ ဟာသ စသည့် ဇာတ်ကားပေါင်းများစွာကို ပရိသတ်တွေရဲ့ ရင်ထဲကို ထိထိမိမိ ရောက်အောင်ပို့နိုင်ခဲ့ကာ အကယ် ဒမီ‌ေ လးထပ်ကွမ်းပိုင်ရှင်လည်းဖြစါပါတယ်။

အကယ်ဒမီပြေတီဦးဟာ ဘာသာတရား ကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး၊ လူမှုရေး ကိစ္စများနဲ့ ပရဟိတလုပ်ငန်းများကိုလည်း လုပ်ကိုင်နေသူ တစ် ဦးလည်း ဖြစ်ပါတယ်။အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့ ပရိသတ်တွေနဲ့အတူ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေးလိုက်ပါတ ယ်နော်..။

NewsFeed Myanmar

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*