ပြုစု မယ့်သူမရှိ ရင် ကြာကြာနေရတော့ မှာမဟုတ် တဲ့ လူရွှင်တော် ဦးမန်းဝင်းရဲ့ ကျန်းမာရေး
ပြုစု မယ့်သူမရှိ ရင် ကြာကြာနေရတော့ မှာမဟုတ် တဲ့ လူရွှင်တော် ဦးမန်းဝင်းရဲ့ ကျန်းမာရေး
[Unicode]
လက် ရှိမှာတော့ ဦးမန်းဝင်းတစ်ယောက် ကျန်းမာရေး အခြေအနေ ကတော့အားရစရာမရှိပေမယ့် အားပေးကြတဲ့ပရိသတ်တွေ ရဲ့ အားပေးထောက်ပံ့မှုတွေ ၊ စေတနာရှင်တွေရဲ့ ကူညီမှုတွေကြောင့် ယခုအချိန်ထိ သက်ရှိထင်ရှား ရပ်တည်နေနိုင်တာပဲဖြစ်ပါတယ် ။
လက်ရှိမှာတော့ ဦးမန်းဝင်းရဲ့ကျန်းမာရေးက မာမာချာချာဖြစ်နေတယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ ပရိသတ်တွေထင်သလိုမဟုတ်ကြောင်းအင်တာဗျူး တစ်ခုမှာ ဖြေဆိုခဲ့ပါတယ်
ဦးမန်းဝင်း က MC ရဲ့ အင်တာဗျူး ကို ဖြေဆိုခဲ့ရာမှာ “နှစ်ရက်ကို တစ်ခါ ကျောက်ကပ်ဆေးနေရတယ်။ မျက်စိက အထဲက သွေးကြောပေါက်သွားလို့ ဘယ်လိုမှ ကုလို့မရတာနဲ့ မမြင်ရတော့ဘူး။ ဇနီးဖြစ်သူရဲ့ ပြုစုပေးမှုမရှိရင် ကိုယ်လည်း ကြာကြာနေမှာမဟုတ်ဘူး” လို့ ပြောလာပါတယ် ။
သွေးပေါင်ကလည်း ၁၅၀/၁၆၀ အမြဲရှိနေပြီး ဆေးကို ပုံမှန် အချိန်မှန် မတိုက်နိုင်ဘူးဆိုရင်လည်း သွေးက ချက်ချင်းတက်တာကြောင့် အမြဲ ဂရုစိုက်ရကြောင်း ဦးမန်းဝင်း ရဲ့ ဇနီးဖြစ်သူကလည်း ပြောပြခဲ့ပါသေးတယ်။ ဦးမန်းဝင်းကတော့ ငယ်ရွယ်စဉ်က အစားအသောက်မဆင်ခြင်ခဲ့တဲ့အတွက် အခုလိုဖြစ်ခဲ့ရတာကြောင့် ပရိသတ်တွေကို အစားအသောက် အနေအထိုင်ဂရုစိုက်ကြဖို့ ပြောဆိုထားပါတယ်။
ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ဦးမန်းဝင်း ရဲ့ ကျန်းမာရေးအတွက် ဆုတောင်းစကားလေးပြောပေးခဲ့ကြပါနော်။credit-celegabar
Comments are closed.