အလိုက်မသိ စည်းမရှိတဲ့သူတစ်ချို့ကြောင့် ခံစားချက်တွေပေါက်ကွဲလာတဲ့ မယ်​လိုဒီ

အလိုက်မသိ စည်းမရှိတဲ့သူတစ်ချို့ကြောင့် ခံစားချက်တွေပေါက်ကွဲလာတဲ့ မယ်​လိုဒီ


ချစ်ပရိသတ်တွေအတွက် အချိန်အကြာကြီး မြိုချထားရတဲ့ ခံစားချက်တွေကို ပေါက်ကွဲပစ်လိုက်တဲ့ မယ်လိုဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။






[UNICODE FONT]

ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး မယ်လိုဒီကတော့ တည်ငြိမ်ရင့်ကျက်တဲ့ မဟာဆန်ဆန်အလှကို ပိုင်ဆိုင်ထားတာပါ။ လတ်တလောမှာတော့ မယ်လိုဒီက သူတစ်ပါးရဲ့ ဘဝရပ်တည်ရှင်သန်နေရမှုကို သေချာမသိပဲ အလိုက်မသိ စည်းမရှိတဲ့သူတစ်ချို့ရဲ့အကြောင်းကို လူမှုကွန်ယက်ပေါ်မှာ ထုတ်ဖော်ပြောလာတာ တွေ့ရပါတယ်။ မယ်လိုဒီကတော့ သူမကိုယ်တိုင်လည်း အခက်အခဲတွေကြားက ရှင်သန်ရပ်တည်နေရသူတစ်ဦးမို့ အခုလိုမျိုး လူတစ်ချို့ရဲ့အပြုအမူတွေကြောင့် တော်တော်လေးကို စိတ်အနှောင့်အယှက်ဖြစ်နေရတာပါ။

ချစ်ပရိသတ်တွေအတွက် အချိန်အကြာကြီး မြိုချထားရတဲ့ ခံစားချက်တွေကို ပေါက်ကွဲပစ်လိုက်တဲ့ မယ်လိုဒီရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နေ်ာ။

မယ်လိုဒီကတော့ “၁/ ကျွန်မကိုတကယ်ချစ်ရင် ခင်ရင် တခြား သရုပ်ဆောင်တွေရဲ့ပုံအောက်ကနေ မန်းရှင်းမခေါ်ကြပါနဲ့ရှင် ကျွန်မကြောင့် ဘယ်သူမှ အကုသိုလ် မဖြစ်စေချင်သလို ဘယ်သူကြောင့်မှလဲ ကျွန်မ အကုသိုလ် မရချင်ပါဘူးရှင် ကျွန်မကိုယ်မှမဟုတ်ဘူး ဘယ်သူမဆို ကိုယ်တကယ်ချစ်တဲ့သူကို ပညာသတိလေးထားပြီး ချစ်စေချင်ပါတယ်ရှင် အချစ်ကနေအပြစ်ဖြစ်တတ်ပါတယ်ရှင် ၂/ အနုပညာသမားတွေရဲ့အဆင်မပြေတဲ့အင်တာဗျူးဘဲဖြစ်ဖြစ် တခြားအပြင်ကလူတွေဘဝကိုခက်ခဲစွာဖြတ်သန်းနေတဲ့အင်တာဗျုးဘဲဖြစ်ဖြစ် ကျွန်မကို မန်းရှင်းလာမခေါ်ပါနဲ့ရှင် ကျွန်မရဲ့အရင်းနှီးဆုးံ မိတ်ဆွေအပေါင်းအသင်းတွေဆို ကျွန်မဘယ်လို ဘဝကိုအကောင်းဆုးံ ကြိုးစားရပ်တည်နေထိုင်လည်းဆိုတာ သိပါတယ် ကျွန်မကချမ်းသာပြီး အဆင်မပြေတဲ့သူကို မကူညီဘဲ ထိုင်ကြည့်နေနိုင်အောင်မရက်စက်တတ်သလို ကျွန်မဘဝရဲ့အခက်ခဲဆုးံဖြတ်သန်းရချိန် အရင်းနှီးဆုးံလူတွေရဲ့နှုတ်၏စောင်မခြင်းဘဲခံယူပါတယ် ခုနောက်ပိုင်းအားနာလို့ရင်တောင်မဖွင့်ဖြစ်တော့ပါဘူး

ကိုယ့်ဘဝကိုယ့်အကြောင်း ကံကံ၏အကျိုး ခံစားရတာမို့ ဘယ်သူအပြစ်မှမတင်သလို အမျိုးထဲကသူဌေးတွေမကူညီတာ အပြစ်မတင်သလို အကူအညီလည်း ယနေ့ထိမတောင်းပါဘူး သူတို့ဝယ်တဲ့ဈေးကြီးရှားပါးပစ္စည်းတွေကြည့်ပြီး တွေးမိတာတခုဘဲရှိတယ် သူတို့ဟာ အတိတ်ဘဝက သီလ သမာဓိ ကောင်းလို့ ဒီဘဝမှာ ပညာတတ်လူချမ်းသာဖြစ်ရတယ် ဒီဘဝမှာလည်း သီလ သမာဓိ ကောင်းကြတယ် တွေးမိရင်အားကျလေးစားစိတ်နဲ့အတူသိမ်ငယ်မိပါတယ် အော် အတိတ်ဘဝ ကျွန်မသီလ သမာဓိ အားနည်းခဲ့ပါလားလို့ ဒါကြောင့် ခုဘဝမှာ လူကောင်းဖြစ်အောင်ကြိုးစားနေပါတယ် ကျွန်မတို့ ဖိုးလမင်းကြီး ဖြစ်ချင်လို့မရပေမယ့် ကိုယ့်ဘဝ ကိုယ့်မိသားစု ကိုယ့်နိုင်ငံကိုအလင်းပေးနိုင်သူဖြစ်နိုင်ပါတယ် ဒါပေမယ့် အမှန်ကိုမြင်နိုင်ပြီး အမှန်တရားကိုလက်ခံဖို့လိုပါတယ် အကောင်းမြင်စိတ်ရှိဖို့အရေးကြီးပါတယ် တရားသဘောရှု့မြင်နိုင်ရပါမယ် ကိုယ့်ဘဝရဲ့စစ်မှန်တဲ့ကိုယ်ပိုင်အလင်းရောင်ရှိဖို့ကနံပါတ်တစ်ပါ ကိုယ်ကူညီနိုင်ရင် ကူညီလိုက်ပါ လူတိုင်းမဟုတ်ရင်တောင် ၇၅%လောက်ကအခက်အခဲရှိကြပါတယ်

လူသိရှင်ကြားဖြစ်တာနဲ့တိတ်တိတ်လေးကြိတ်ဖြေရှင်း ခံစားနေရသူ ဆိုပြီးကွာခြားသွားတာပါဘဲ ကူညီချင်ပေမယ့် ကိုယ်တိုင်ဒုက္ခတွင်းထဲရောက်နေတဲ့လူအဖို့ ဘယ်လောက်ကြေကွဲခံစားရလဲ တော်ရုံလူမသိပါဘူး ကျွန်မ ၄တန်းအရွယ်ကတည်းကမိဘကိုရှာကျွေးလာခဲ့တာ အခုလက်ရှိအချိန်ထိပါဘဲ မိဘရဲ့မွေးကျေးဇူးဆိုတာဆပ်လို့ပြီးတဲ့အရာမဟုတ်သလို ကျေးဇူးဆပ်ခွင့်ရတာကလည်းထူးတဲ့ကုသိုလ်ပါ ဒါကြောင့် ပေါ်ပင်မှာလည်းပျော်ရွှင်ပါ မိဘကျေးဇူးကိုအဓိကထားပြီးအရင်ဆပ်ပါ ပြီးတော့မှအများအကျိုးကိုယ်တိုင်ဘဲသယ်ပိုးပိုး FBကနေshare ချင်Share စိတ်ကြိုက်လုပ်ပါ စည်းကမ်းရှိပါ စည်းထားပါ တောင်းပန်ပါတယ် မန်းရှင်းမခေါ်ပါနဲ့ရှင် ဈေးရောင်းတာတတ်မတွဲပါနဲ့ရှင် CBမှာအာလပသလာပလာမပြောပါနဲ့ရှင် စိတ်ထဲအဆင်မပြေရင် ဘလော့ သွားကြပါရှင် ကိုယ်တိုင်အားနည်းချက် လိုအပ်ချက်များသူမို့ စည်းရှိတဲ့သူတော်ကောင်းမိတ်ဆွေတွေနဲ့ဘဲအပေါင်းအသင်းဖြစ်ချင်ပါတယ်ရှင်(ဘဝမှာပိုက်ဆံရှိတဲ့လူတွေနဲ့မိတ်ဆွေဖြစ်ဖိုထက် ပညာရှိသူတော်ကောင်းမိတ်ဆွေစစ်ကိုပေါင်းပါ) ကျေးဇူးပါရှင် (ခံစားချက်တွေမြိုချရတာများလို့ ပေါက်ကွဲမိပြီ ) စိတ်  ထိမ်းရခက်လိုက်တာ” ဆိုပြီး သူမရဲ့စိတ်ထဲကအကြောင်းအရာတွေကို ပြောပြခဲ့တာပဲ ဖြစ်ပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ တစ်နေ့တစ်ခြား ပိုပိုပြီးလှလာတဲ့ မယ်လိုဒီကတော့ လတ်တလောမှာ စီးပွားရေးရော အနုပညာအလုပ်တွေပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေရော မယ်လိုဒီလိုမျိုး အလိုက်မသိတဲ့ လူတစ်ချို့နဲ့ ကြုံတွေ့ခဲ့ရဖူးလားဆိုတာကို ပြောသွားခဲ့ပါဦးနော်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

Comments are closed.