ခြိမ့်ကေကိုနဲ့တူတယ်လို့ ပြောကြတဲ့အပေါ် ဖြေရှင်းလိုက်တဲ့ ကေညီ

လက်တလော Social Media ပေါ်တွေမှာ ရေပန်းစားနေတဲ့ သူတယောက်ကို ထောက်ပြပါဆိုရင်တော့ ဘနားနားလို့ လူသိများတဲ့ ခြိမ့်ကေကိုပါပဲ။ ပရိသတ်တွေတော်တော်များများ ရီစရာအဖြစ် ဝေဖန်ရာကနေ သူ့ရဲ့ ကြိုးစားမှုကို လျော့မသွားပဲ သီချင်းတွေဆိုနေတဲ့ ဘနားနားတယောက်ကတော့ လက်ရှိမှာ အင်တာနက်အသုံးပြုတွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်တယောက်ဖြစ်တဲ့ ကေညီကတော့ ဒီကောင်လေးဘနားနားနဲ့ သူနဲ့တူတယ်လို့ ပြောကြတဲ့အပေါ် ဖြေရှင်းချက်ပေးသွားခဲ့ပြီး ဘနားနားရဲ့ သီချင်းကိုလည်း ကြိုက်ပါတယ်ဟု ပြောကြားသွားခဲ့ပါတယ်။

ဇာတ်ပို့သရုပ်ဆောင် ကေညီကတော့ 8Day နဲ့ အင်တာဗျူးတွင် လတ်တလောဘာတွေ လုပ်နေလဲဆိုတဲ့ မေးခွန်းကိုတော့ “မြင့်မြတ်နဲ့ သတိအန္တရာယ်ရှိသည် ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်နေပါတယ်။ ကိုယုန်လေးလည်း ပါပါတယ်။ ရှေ့လမှာတော့ မန္တလေးမှာ သွားရိုက်ဖြစ်မှာပါ”

ခြိမ့်ကေကို နဲ့ ကိုယ့်ကို Troll ကြတဲ့အပေါ်မှာ “ဘာတွေလည်းတော့ မသိဘူး။ ကျွန်တော်နဲ့ ခြိမ့်ကေကို ဆိုတာ ညီအစ်ကိုဆိုတာ ယုံလားတဲ့ အဲ့ဒါတွေ တက်လာတယ်။ တူလားမတူလားတော့ မသိဘူးလေ။ ပရိသတ်တွေရဲ့ အမြင်ပဲလေ။ တူလည်း ဘာမှမဖြစ်ဘူး မတူလည်း ဘာမှမဖြစ်ဘူး။ လောကကြီးမှာက နာမည်တူမရှား။ လူတူတာ မရှားဘူးလေ။ ကျွန်တော်ကဘာမှ မဖြစ်ပါဘူး။ ကျွန်တော်က ကေညီက ကေညီပဲလေ”

ဟာသအနေနဲ့ ပြန်ပြောဖြစ်တာက “အဲ့လိုလာပြတဲ့အချိန်မှာ ကျွန်တော်ပြန်နောက်လိုက်တာပါ။ အမြွာဟေ့ အမြွာဆိုပြီးတော့။ ရွဲ့ပြီးတော့ ပြောလိုက်တာပါ။ ဒီညီလေးက သူ့ကိုကျွန်တော့်အမြင်ပြောရရင်တော့ သူအနုပညာကို ရူးသွပ်ပုံရတယ်။ တချို့နေရာလေးတွေမှာ နားမလည်တာလေးတွေတော့ ရှိလိမ့်မယ်။ အားလုံးကိုတော့ သူသိချင်မှ သိလိမ့်မယ်။ ဒါပေမယ့်လည်း ဝါဒနာကို အရင်းခံတော့ အမှားတခုကို အမှန်တခုလို့ ထင်လိမ့်မယ်။ အမှားကို ထောက်ပြနိုင်တဲ့သူရှိချင်မှ ရှိလိမ့်မယ်။

သူ့ကိုအမှန်ထောက်ပြပေးမယ့်သူရှိမှ အမှားတွေပြင်လို့ရမှာလေ။ သူ့ကို ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း သူနဲ့ ပတ်သက်ပြီး အမှန်ကို ပြင်နိုင်တဲ့သူတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ဆရာလုပ်တာတော့ မဟုတ်ပါဘူး။ တချို့နေရာလေးတွေမှာ သူအဆိုပညာနဲ့ ပတ်သက်ပြီး မှားနေရင် အမှန်ကို ပြောပြရဲတဲ့သူရှိရင်တော့ ကောင်းတာပေါ့နော်”

သူ့သီချင်းတွေကို ကြိုက်နှစ်သက်သလား ဆိုတော့ “သူ့ရဲ့ ပေ့ခ်ျတွေရှိပါတယ်။ ကျွန်တော်တောင် ဝင်ကြည့်သေးပါတယ်။ သူကနာမည်ကြီးတော့လည်း ဝင်ပြီးတော့ ကြည့်ဖြစ်ပါတယ်။ ကျွန်တော်လွမ်းလို့ ငိုရတော့မယ် မမရယ် ဆိုတဲ့ သီချင်း တော့ ကြိုက်ပါတယ်။ အဲ့သီချင်းလေးကတော့ ကြိုက်ပါတယ်”

ပရိသတ်တွေကို ပြောချင်တာက “ကေညီ က ကေညီပါ။ ခြိမ့်ကေကို က ခြိမ့်ကေကိုပါပဲ။ နောက်တဲ့အပေါ်မှာလည်း ရီစရာလေးပဲနောက်ကျပါ။ တူတယ်မတူဘူးဆိုတာကတော့ အသိသာကြီးပဲလေ။ ဘယ်သူ့အတွက်မှ ဘာမှမဖြစ်ပါဘူး။ ဒါလေးကိုတော့ အကောင်းဖက်က ရီစရာလေးအနေနဲ့ပဲ မြင်ပေးလိုက်ရင် ရပါပြီ” ဟု ပြောကြားသွားခဲ့ပါတယ်။

အခုလိုသတင်းထူးတွေ အမြဲဖတ်ချင်တယ်ဆိုရင် အပေါ်ဆုံးမှာ Follow ဆိုတဲ့ စာသားလေးကိုနှိပ်ခဲ့ပါ သိုမဟုတ် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ကို နှိပ်ခဲ့ပေးပေါ။ နှစ်ခုလုံးမပေါ်ရင်တော့ Like လုပ်ထားပြီးသားပါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ ကြိုက်ရင် Share သွားပေးခဲ့နော်။

[UNICODE FONT]

Comments are closed.